မောင့်ရဲ့သျှား (အပိုင်း-၂)

1.1K 27 2
                                    

သျှားကျောင်းခန်းထဲရောက်လာတော့ ဆရာရောက်နေပြီ။

"ဆရာ သျှားကိုဝင်ခွင့်ပြုပါဗျ"
"သားကကျောင်းသားသစ်လေးမလား လာလာသား ဆရာမိတ်ဆက်ပေးမယ်"
"ဟုတ်ကဲ့ဆရာ"
"ကဲ ဒီနေ့ဆရာတို့ကျောင်းကို ကျောင်းသားသစ်လေးရောက်လာတယ်နော် အားလုံးပဲသူငယ်ချင်းကိုကူညီပေးကြနော် သားနာမည်မိတ်ဆက်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့ဆရာ အားလုံးပဲမဂ်လာပါခင်ဗျ သျှားနာမည်ကသျှားလွန်းပိုင်ပါ သျှားကအသစ်မို့လို့မသိတာရှိရင်ကူညီပေးကြပါအုံးဗျ"

သူ့မူပိုင်အပြုံးချိုချိုလေးနဲ့နှုတ်ဆက်လိုက်တော့ တစ်တန်းလုံးငေးခနဲဖြစ်သွားကြသည်။

ဒါပေမဲ့သူ့အပြုံးလေးကိုမြင်ပြီးသူများတွေငမ်းနေလို့မကျေမနပ်ဖြစ်နေတဲ့ သူတစ်ယောက်ရှိနေခဲ့တယ်။ သူကတော့သေချာပေါက် ခေတ်မင်းထွဋ်ပေါ့။

ခေတ်မင်း တစ်ယောက်အခန်းထဲက သူ့စားပွဲပေါ်တွင်ခေါင်းမှောက်ပြီးအိပ်နေစဉ် ပျားသကာလိုချိုအိနေတဲ့အသံလေးကြားလိုရတော့ ခေါင်းချက်ချင်းထောင်ပြီးကြည့်မိတယ်။ ဝင်လာသောသူလေးကိုကြည့်ပြီးသူဝမ်းသာလို့မဆုံး။ ဖြူလုံးလေးကသူ့အခန်းထဲကျတာပေါ့။ နာမည်လေးကလည်းသျှားလွန်းပိုင်တဲ့။လူနဲ့နာမည်နဲ့လိုက်လိုက်တာကွာ။ ဒါ့အပြင်စကားပြောတိုင်း သျှား၊သျှားလို့ထည့်ထည့်ပြောတတ်တဲ့အကျင့်လေးကို‌သူအတော်ပင်သဘောကျနေမိတယ်။မျက်မှန်အောက်ကမျက်ဝန်းလေးကလည်းအရောင်တလက်လက်နဲ့ ကြယ်လေးတွေလိုပဲ။

"ဟို ဟိုလေ သျှား ဒီမှာထိုင်လို့ရလားဟင်"

သူအငမ်းကောင်း အဲ ဟုတ်ပါဘူး အငေးကောင်းနေတုန်း သူ့ဖြူလုံးလေးက သူ့ဘေးနားရောက်လာခဲ့ပြီ။သူ့ကို မဝံ့မရဲလေးပြောနေတာက သူအသည်းယားပြီး အာခေါင်ထဲငုံထားလိုက်ချင်တော့တယ်။ဖြစ်နိုင်ရင် သူ့ဖြူလုံးလေးလို ခုလိုမျိုးလူတွေစိတ်ဝင်တစားကြည့်နေတာမကြိုက်ပါဘူး။ ဒါမဲ့အခုချက်ချင်း သူလေးကိုသွားချုပ်လို့မရ။လန့်ပြီးရှောင်ပြေးသွားနိုင်သည်။

"အဟမ်း ရပါတယ် ထိုင်ပါ"

ဒီနေ့ကျောင်းစဖွင့်ရက်လေးမို့တီချယ်တွေစာမသင်ကြသေး။မိတ်ဆက်ပေးပြီးတာနဲ့ထွက်သွားကြသည်။ သူ့ဘေးကဖြူလုံးလေးကလည်းကုတ်ကုတ်ကလေးထိုင်နေသည်။မရတော့ဘူး အတော်အသည်းယားလာပြီ။သူကပဲစကားစပြောလိုက်သည်။

"နာမည်က သျှားလွန်းပိုင်နော်"
"ဟုတ်ပါတယ်ဗျ"
"ကိုယ့်နာမည်ကခေတ်မင်းထွဋ်ပါ ခင်လို့ရတယ်မလား သူငယ်ချင်းလုပ်ကြမယ်လေ"
"ဟုတ်ကဲ့ သျှားလည်းသူငယ်ချင်းလုပ်ချင်တယ် ဟီးဟီး"

မင်းအဲ့လိုလေးရီပြတော့ကိုယ့်အသည်းကတဖြုတ်ဖြုတ်ကြွေပြီပေါ့ကွာ။မင်းနဲ့တော့မလွယ်တော့ဘူး ဖြူလုံးရေ။

တစ်တန်းလုံးကအကြည့်တွေကအခုတော့ခေတ်မင်းဆီကိုဦးတည်လာသည်။ဟုတ်သည်လေ ဘယ်သူ့ကိုမှစကားစမပြော အရောတဝင်မနေတတ်တဲ့ခေတ်မင်းထွဋ်ကအခုတော့သျှားလေးကိုစကားတွေရေပက်မဝင်အောင်ပြောနေတာ။ တစ်ခါတစ်လေ ပြုံးပါပြုံးလိုက်သေး။ သူနဲ့တွဲတဲ့သူတွေကိုတောင်ပြုံးပြဖို့မပြောနဲ့ စကားတောင်ဆယ်ခွန်းပြည့်အောင်မပြော။ တစ်ကျောင်းလုံးရဲ့ cool guy ရာထူးရထားတဲ့သူက ဒီအဖြူလုံးလေးနဲ့တွေ့မှပြောင်းလဲသွား။

ဒါပေမဲ့အားလုံးရဲ့အံ့ဩမှုကိုတော့ခေတ်မင်းနဲ့သျှားမသိကြပေ။စကားပြောကောင်းနေကြတာ။

"သျှားလို့ပဲခေါ်မယ်နော် အသက်ကတော့ရွယ်တူပဲနေမယ် ကိုယ့်ကိုလည်းခေတ်မင်းလို့ခေါ်ပေါ့"
"ဟုတ်ကဲ့ ဒါနဲ့ခေတ်မင်းကဒီကျောင်းမှာအရင်ကတည်းကတက်တာလား"
"အင်း ကိုယ်မူလတန်းကတည်းက‌ဒီကျောင်းမှာပဲတက်တာ ဘာဖြစ်လို့လဲသျှား"
"ဘာမှမဖြစ်ပါဘူး ခေတ်မင်းကကျောင်းသားဟောင်းဆိုတော့သျှားမသိတာတွေမေးရအောင်ပါ ခေတ်မင်းကပြောပြပေးနော်"
"ဟုတ်ပါပြီဗျာ"

သျှား ဒီနေ့ သူငယ်ချင်းအသစ်တစ်ယောက်ရခဲ့တယ်။သူကလေအရမ်းခင်ဖို့ကောင်းတယ်။အရမ်းလည်းချောတယ်အဟိ။ မျက်ခုံးထူထူ နှာတံထင်းထင်းအသားဖြူဖြူနဲ့ ဘော်ဒီကလည်းမိုက်တာ။ ပြီးတော့အရပ်ကလည်းအရှည်ရီး။ သျှားကိုလည်းပြုံးပြသေးတယ်။သူပြုံးပြရင်သျှားရင်ထဲဘယ်လိုရီးမှန်းလဲမသိဘူး အဟိ။ အာ တော်ပြီမတွေးတော့ဘူး အဟင်း

"သျှား သျှား"
"ဟင် ခေတ်မင်း ဘာပြောတာလဲဟင်"
"ကိုယ်ခေါ်နေတာကြာပြီ ဘာတွေတွေးနေတာလဲဟင်"
"ဘာမှမတွေးပါဘူး စာအကြောင်း စိတ်ရောက်သွားလို့ပါ"
"အင်းပါသျှားရယ်"

မဖြစ်ရဘူးနော်သျှား မင်းစိတ်ထဲကိုယ့်အကြောင်းကလွဲပြီး ဘယ်သူ့အကြောင်းမှခေါင်းထဲမထည့်ရဘူး။

ခေတ်မင်းတစ်ယောက် စောနကကိစ္စကြောင့်မျက်မှောင်ကြီးကြုတ်လျက်ဂျယ်လီတွေအတုံးလိုက်နင်နေသတည်း။

#Akvi

မောင့်ရဲ့သျှား (Complete)Where stories live. Discover now