မောင့်ရဲ့သျှား (အပိုင်း-၂၃)(ဇာတ်သိမ်းပိုင်း)

1K 25 1
                                    

ခေတ်မင်းတစ်ယောက်အတွေးတွေနယ်ချဲ့နေတုန်း သူ့ဆီဖုန်းတစ်ခုဝင်လာခဲ့သည်။ခေတ်မင်းလည်းသျှားလေးနိုးသွားမှာစိုး၍ဖြေးဖြေးချင်းထကာဖုန်းကိုကိုင်လိုက်တယ်။

"ဟယ်လို ဘော့စ်လား"

"အေ ပြော ဘာလဲ"

"ဟိုမိန်းမဆုံးသွားပါပြီဘော့စ်"

"ဘာ ဘယ်လိုဖြစ်တာလဲ"

"အာဟာရပြတ်ပြီးဆုံးသွားတာထင်တယ်ဘော့စ် သူ့အလောင်းကလုံးဝကိုသုံးစားမရတော့ဘူး ဘယ်လိုလုပ်ရမလဲဘော့စ်"

"မြစ်ထဲမျှောလိုက်တော့"

"ဟုတ်ကဲ့ဘော့စ်"

ခေတ်မင်းလည်းဖုန်းကိုချလိုက်ပြီး သျှားဆီပြန်လာကာ သျှားကိုရင်ခွင်ထဲဖက်ကာအိပ်စက်လိုက်သည်။အခုဆိုရင်အရာအားလုံးဟာ ပြီးစီးသွားခဲ့လေပြီ။ဂျူလီယာနှိုင်းဟာလည်းမထိသင့်တဲ့သူကိုထိခဲ့တော့သူ့အပြစ်နဲ့သူခံသွားရရှာပြီ။အခုဆို အရမ်းချစ်ကြတဲ့လူသားလေးနှစ်ယောက် ပျော်ရွှင်စွာဖြတ်သန်းဖို့ပဲကျန်လေပြီ။

နေရောင်ခြည်နွေးနွေးလေးနဲ့ကျေးငှက်တွန်သံတွေနဲ့သာယာတဲ့မနက်ခင်းတစ်ခုဝယ် အလွန်ချောမောသောလူသားလေးနှစ်ယောက်နိုးလာခဲ့သည်။ခေတ်မင်းကတော့မနက်နိုးကတည်းကသျှားလေးကိုပဲ့စိုက်ကြည့်နေသည်မှာမျက်တောင်ပင်မခတ်။

"အင့် ကိုကို"

"သျှားလေးနိုးပြီလား မျက်လုံးတွေမပွတ်ရဘူးလေ မျက်လုံးထိခိုက်တတ်တယ်"

"ဟုတ်ကိုကို"

"လိမ်မာတာ ကလေးလေးက"

"ကိုကို"

"ဗျာ ဗျ"

"သား အပြင်ထွက်ချင်တယ် ဘယ်မှလည်းမသွားရဘူးကိုကိုကအိမ်ထဲပဲ့ပိတ်ထားတာ"

"ကဲ ရေချိုးပြီးရင်မောင်လိုက်ပို့မယ်နော်"

"ရေးးးးး ဒါမှ သျှားကိုကိုကွ"

"ရေချိုးတော့ ပြီးရင်မနက်စာလည်းအပြင်မှာထွက်စားမယ်"

"ဟုတ် ကိုကို"

ခေတ်မင်းနဲ့သျှားလည်းရေမိုးချိုးပြီးတော့သူတို့စားနေကျစားသောက်ဆိုင်လေးကိုလာခဲ့တော့သည်။အဲ့ဒီစားသောက်ဆိုင်ကိုရောက်တော့သျှားဟာရုတ်တရက်ခေါင်းမူးတယ်ပြောပြီး သတိလစ်သွားတော့တယ်။ခေတ်မင်းမှာတော့ပြာယာခပ်ကာ နောက်တစ်ခါသျှားနေမကောင်းထပ်ဖြစ်မှာကိုစိုးရိမ်နေမိတယ်။ထို့နောက်ဆေးရုံသို့အမြန်မောင်းကာဆရာဝန်ဆီအမြန်ပြေးရတော့သည်။ဆရာဝန်ကလည်းစမ်းသပ်မှုတွေလုပ်ပြီး

မောင့်ရဲ့သျှား (Complete)Hikayelerin yaşadığı yer. Şimdi keşfedin