မောင့်ရဲ့သျှား (အပိုင်း-၂၂)

570 14 0
                                    

ထိုနေ့ကခေတ်ဖုန်းချလိုက်တာနဲ့ကားကိုအမြန်မောင်းပြီးထွက်လာခဲ့သည်။စိတ်ထဲတွင်လည်းသျှားဘာမှမကြောက်နဲ့မောင်လာကယ်မယ်နော် သျှားဘာမှမဖြစ်ရဘူး ဟုသာအထပ်ထပ်အခါခါရွတ်နေမိသည်။အခင်းဖြစ်တဲ့နေရာရောက်လာချိန်တောင်ကြီးကိုကြိုးတွေနဲ့ဝိုင်းတားထားကြသည်။ခေတ်မင်းလည်းကားထဲကအမြန်ထွက်ကာပြေးသွားလိုက်တော့လုံခြုံရေးတွေကအမြန်တားနေရသည်။

"ဘာလုပ်တာလဲ ငါ့ကိုလွှတ် ငါ့ချစ်သူကိုငါလာကယ်တာကွ သူအခုဆိုအရမ်းကြောက်နေမှာ လွှတ်ကြလို့ကွ မင်းတို့မလွှတ်ရင်လည်း ငါရအောင်ဝင်မှာ"

"ကျနော်တို့လည်းမတတ်သာလို့တားနေရတာပါလူကြီးမင်း အန္တရာယ်အရမ်းများလို့ပါ ကျနော်တို့ကလူ့အသက်ကိုကယ်ရတဲ့သူတွေပါ လူကြီးမင်း ကျေးဇူးပြု၍ခနစောင့်ပေးပါ ကျနော်တို့ရှာနေပါတယ်"

ထိုစဉ်သျှားမေမေနဲ့ခေတ်မင်းမိဘတွေလည်းမျကါရည်လည်ရွှဲနဲ့ရောက်လာကြသည်။

"သား ခေတ်မင်း သားသျှားလေးဘာမှမဖြစ်ဘူးမလား အန်တီ့သားလေးဘာမှမဖြစ်ဘူးမလား"

"မဖြစ်ဘူးအန်တီ သျှားဘာမှမဖြစ်ဘူး ကျနော်ရအောင်ရှာမှာ သျှားကိုကျနော်ရအောင်ရှာမှာ"

ထိုစဉ်ခေတ်မင်းဆီကိုဖုန်းတစ်လုံးဝင်လာခဲ့သည်။ခေတ်မင်းကိုင်လိုက်တော့

"ဘော့စ် ကျနော်အရေးကြီးပြောစရာရှိလို့"

"ဘာလဲ"

"ဘော့စ်ချစ်သူကိုကျနော်တို့ရှာတွေ့ထားပြီးပါပြီ"

"ဘာအခုဘယ်မှာလဲ"

"ကျနော်တို့တောင်အောက်နားကလူပြတ်တဲ့နေရာမှာဘော့စ်"

"အေ အခုကိစ္စကိုဘယ်သူ့ကိုမှမပြောနဲ့ကြားလား ငါအခုလာခဲ့မယ်"

"ဟုတ်ကဲ့ဘော့စ်"

ခေတ်မင်းလည်းဝမ်းသာအားရဖုန်းကိုချကာ

"အမေ သား သျှားနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုလုပ်စရာရှိလို့ခနနေမှပြန်လာမယ်နော်"

"အေအေသား"

ထို့နောက်ခေတ်မင်းလည်းသူ့တပည့်တွေပြောတဲ့နေရာကိုရောက်လာတော့တကယ်ပဲ့သူ့အသည်းအသက်ကလေးကိုတွေ့လိုက်ရသည်။ဒဏ်ရာဒဏ်ချက်များစွာနဲ့သတိမေ့နေတဲ့သူ့အသက်ကလေး ဘယ်လောက်များကြောက်ပြီးငိုနေရှာမလဲ။ခေတ်မင်းလည်းသျှားကိုမြင်တော့ဘာမှမတွေးအားပဲ သူ့ရဲ့လျှို့ဝှက်ဆရာဝန်ကိုခေါ်ပြီးသျှားကိုဆေးကုစေသည်။ပြီးနောက်သျှားကကိုမာဝင်နိုင်ခြေရှိတယ်ဆိုတော့သျှားကိုခေါ်ကာ နိုင်ငံခြားဆေးရုံသို့တိတ်တဆိတ်ထွက်သွားခဲ့သည်။ခေတ်မင်းမိဘတွေနဲ့သျှားမေမေကိုလည်းအဖြစ်မှန်အားလုံးပြောပြကာ အလောင်းတုတစ်ခုကိုလုပ်ပြီးသျှားကိုသေပြီဟုသတင်းလွှင့်ခဲ့သည်။ပြီးတော့ခေတ်မင်းကသျှားဆုံးသွားတာကိုမခံစားနိုင်လို့ဆိုကာနိုင်ငံခြားကိုထွက်သွားပြီဟူ၍သတင်းလွှင့်ခဲ့ပြန်သည်။ထိုသို့သတင်းလွှင့်ခဲ့တာအကြောင်းရှိလို့ဖြစ်သည်။အကယ်၍သျှားဆုံးသွားပြီဟုသာဂျူလီယာသိခဲ့လျှင်ခေတ်မင်း‌ဆီကိုဆိုက်ဆိုင်မြိုက်မြိုက်ရောက်လာမှာပင်။သျှားအသက်ရှင်နေသည်ကိုသိနေလျှင်တော့ ပြည်တွင်းမှပြည်ပသို့ထွက်ပြေးသွားနိုင်ပြီး သျှားကိုလည်းနောက်ထပ်အန္တရာယ်ပြုနိုင်သည်။ခေတ်မင်းသည်သျှားကိုသတ်တဲ့တရားခံကိုသိရခြင်းမှာလည်းတခြားတော့မဟုတ် သျှားကိုတွန်းချခဲ့တဲ့သူကိုဖမ်းဆီးပြီးစစ်မေးခဲ့ခြင်းပင်။ထို့နောက်သျှားကိုနိုင်ငံခြားမှာဆေးကုတော့ကိုမာ၇လဝင်သွားခဲ့သည်။သတိပြန်ရလာတော့လည်း သုံးနှစ်သားအသိဉာဏ်သာသာပဲ့ပြန်ရတော့သည်။ဆရာဝန်တွေပြောကြားချက်အရ သျှားဟာ အရမ်းကြောက်လန့်လွန်ပြီးအခုလိုဖြစ်သွားခြင်းပင်။ပုံမှန်ဆေးကုသမှုတွေဆက်တိုက်ပြုလုပ်လျှင်တော့ပြန်ကောင်းလာမှာပါဟူ၍ပြောဆိုခဲ့သည်။ပြီးနောက်ခေတ်မင်းကသျှားကိုအစောင့်တွေအများကြီးဖြင့်ဆေးရုံပေါ်မှာရင်နာနာနဲ့ထားခဲ့ရပြီး မြန်မာပြည်ကိုကိစ္စရှင်းရန်ပြန်လာခဲ့သည်။ခေတ်မင်းမြန်မာပြည်ပြန်ရောက်ပြီးတစ်ပတ်အကြာ ကလပ်တွင်ထိုင်ပြီးအရက်သောက်နေစဉ်

"ခေတ်"

"ဂျူလီ"

"ဘာလို့အရက်တွေသောက်နေတာလဲကွာ"

"ကိုယ်လေဂျူလီ့ကိုတွေ့ချင်လို့လာခဲ့တာ"

ထိုအခါဂျူလီမမျက်နှာမှာမျောက်အုန်းသီးရသလိုဖြစ်ကာ

"ပြီးတော့ဂျူလီ့ကိုပြန်တောင်းပန်ချင်တယ် ကိုယ့်ကိုပြန်လက်ခံပေးမှာလားဟင် ကိုယ်အခုအရမ်းတွေနောင်တရနေပြီ ကိုယ်ချစ်တာဂျူလီ့ကိုမှန်းသိလိုက်ပါပြီ"

"ခေတ် တကယ်ပြောနေတာလား"

"တကယ်ပေါ့ ဂျူလီရယ် ကိုယ့်ကိုလက်ခံမယ်မလား"

"လက်ခံတာပေါ့ခေတ်ရယ် ဂျူလီကဘယ်ချိန်ဖြစ်ဖြစ်ခေတ်ကိုလက်ခံမှာ"

"လက်ခံတယ်ဆို ကိုယ်ဂျူလီ့အတွက်မှာပေးထားတာလေးသောက်ပါအုံး"

"သောက်မှာပေါ့ ခေတ်ရဲ့"

"ချီးယားစ်"

"ချီးယားစ်"

ဘယ်သူသိမှာလဲ ထိုခွက်ထဲတွင်အိပ်ဆေးထည့်ထားတယ်ဆိုတာ ခေတ်မင်းကတော့ဂျူလီယာနှိုင်းကိုမဲ့ပြုံးပြုံး၍သာကြည့်နေသည်။ခနနေတော့ဂျူလီယာအိပ်ပျော်သွားတော့သူ့တပည့်တွေကိုခေါ်ကာကလပ်ရဲ့မြေအောက်ခန်းထဲသို့ခေါ်ထုတ်သွားစေသည်။ပြီးတော့ထိုကလပ်ဟာလည်းခေတ်မင်းရဲ့ကလပ်ပင်။ဒါကိုဘယ်သူမှမသိကြပေ။

ဂျူလီယာနိုးလာတော့

"ဟင် ငါဘယ်ရောက်နေတာလဲ"

"ခင်ဗျားကိုကျနော်တို့ဘော့စ်က စာရင်းရှင်းစရာရှိလို့တဲ့"

"ဟင် ဘယ်ဘော့စ်လဲ ဘာစာရင်းလဲ ငါဘာမှမသိဘူး"

ထိုစဉ်နောက်မှအသံဩဩဖြင့်

"ဘာလို့မသိရမှာလဲ"

"ခေတ် ဂျူလီ့ကိုကယ်ပါအုံး သူတို့ဂျူလီ့ကိုဖမ်းထားတယ်"

"သူတို့ကငါလုပ်ခိုင်းလို့လုပ်တာလေ"

"ဟင် ခေတ်ပြောတာဂျူလီနားမလည်ဘူး ခေတ်နဲ့ဂျူလီကအခုချစ်သူတွေလေ"

"ထွီး ခွေးပါစပ်ကနတ်စကားထွက်တယ်ဆိုတာဒါကိုပြောတာ မင်းကိုဘယ်သူကချစ်သူလို့ပြောလဲ"

"ဘာတွေပြောနေတာလဲခေတ် ဒါကမနောက်ကောင်းဘူးနော်"

"ဟက် လွန်ခဲ့တဲ့ရှစ်လက ဆုံးသွားတဲ့ငါ့ချစ်သူသျှားလွန်းပိုင်ကိုမင်းမမေ့နိုင်ပါဘူး အဲ့တာသူ့ကိုသတ်နဲ့တရားခံကမင်းဆိုတာငါအားလုံးသိပြီးပြီ ငါဟန်ဆောင်ကတည်းက မင်းကမျောပါသွားတာကိုးအဟက် အခုတော့ငါ့ရဲ့ငရဲထက်ဆိုးတဲ့အခန်းမှာပျော်ပျော်ကြီးခံစားပေတော့"

ထိုအချိန်မှစ၍ဂျူလီယာနှိုင်းဟာငါးလလုံးလုံးအမျိုးမျိုးနှိပ်စက်ခံရတော့သည်။

#Akvi

မောင့်ရဲ့သျှား (Complete)Where stories live. Discover now