မောင့်ရဲ့သျှား (အပိုင်း-၁၂)

693 22 2
                                    

"ဘာ"

ဂျူလီတစ်ယောက်အံ့လည်းအံ့ဩသွားသလို စိတ်လည်းအတော်တိုသွားသည်။မနေ့ကပဲသူတို့ကသူငယ်ချင်းဆို။ဘယ်လိုကနေဘယ်လိုဖြစ်လို့ ချစ်သူတွေဖြစ်သွားကြတာလဲ။မဖြစ်ရဘူးနော်ခေတ် ရှင်က ကျမအပိုင်ပဲ။ရှင့်ကိုဘယ်သူ့လက်ထဲမှမထည့်ပေးနိုင်ဘူး။ကြည့်နေလိုက် ရှင်တို့နှစ်ယောက်ကိုကျမရအောင်ခွဲပြမယ်။

အဟက် သျှားလွန်းပိုင် နင်ကငါပိုင်တဲ့အရာကိုလာလုယူမှာတော့ ငါကလည်းပြန်ယူရမှာပေါ့။

"ဟင် မြန်လှချည်လားဟ မနေ့ကပဲခေတ်ပြောတော့သူငယ်ချင်းဆို"

ချက်ချင်းဖြူစင်တဲ့အပြုံးလေးဖန်ဆင်းကာပြုံးနေတဲ့သူမက မသိရင်အလွန်စိတ်ထားကောင်းသူလေးပေါ့။ဒါပေမဲ့သူ့ရဲ့အောက်တန်းကျတဲ့စိတ်ဓာတ်ကိုတော့ဘယ်သူမှမမြင်နိုင်ပေ။

"အင်း မနေ့က ‌ရေခဲမုန့်ဆိုင်ကအပြန်မှာဖြစ်သွားကြတာ ငါကသျှားကိုအရမ်းချစ်တာလေ"
ဆိုကာ ခေတ်မင်းတစ်ယောက်ဂျူလီမျက်လုံးကိုတည့်တည့်ကြည့်ပြီး စကားကိုဖိကာပြောလိုက်တယ်။

"အော် ဟုတ်လား congratulations ပါနော် ရေရှည်လက်တွဲနိုင်ပါစေ"

"နင်ဆုတောင်းပေးနေတဲ့ဆုကပြည့်ပြီးသားပါ ဆုတောင်းပေးလို့လဲကျေးဇူးတင်ပါတယ် ငါကလည်းသျှားကို လက်ထပ်ဖို့အထိရည်ရွယ်ထားတာလေ ဟုတ်တယ်နော်မောင့်ရဲ့သျှားလေး"

"ဟာ မောင်ကလည်း"

သျှားတစ်ယောက်ကတော့ရှက်လွန်းလို့ ခေတ်မင်းရင်ခွင်ထဲတွင်သာတိုးဝင်နေမိတော့သည်။

"မောင့်သျှားကရှက်နေတာလားကွ မရှက်ပါနဲ့သျှားရာ အော် အခုလူစုံတုန်းကျနော်တစ်ခါတည်းကြေညာချင်ပါတယ် အခုချိန်ကစပြီးသျှားလွန်းပိုင်ဟာ ကျနော်ခေတ်မင်းထွဋ်အပိုင်မို့လို့ သူ့ကို ကပ်‌ချင်နေသူများရပ်တန်းကရပ်ပေးကြပါ မဟုတ်ရင်ခေတ်မင်းထွဋ်ဘာကောင်လဲ အားလုံးသိကြမှာပါ အဟက် ခြိမ်းခြောက်နေတာမဟုတ်ဘူးနော် တကယ်ပြောနေတာ ဒါကြောင့်ကိုယ့်အသက်ကိုတန်ဖိုးထားသေးရင် မထိကြတာကောင်းမယ်ထင်ပါတယ်"

ခေတ်မင်းတစ်ယောက်ကတော့အပြင်ပန်းမှာပြုံး၍သာပြောနေပေမဲ့အတွင်းစိတ်ထဲမှာတော့ သူ့သျှားနဲ့ပတ်သက်ပြီးသဝန်တိုကာပူလောင်နေရသည်။ ဟုတ်သည်လေ သူ့ရဲ့သျှားကမိန်းကလေးတွေနဲ့တောင်မယှဉ်နိုင်လောက်အောင်လှပလွန်းနေသည်မဟုတ်လား။ယောက်ျားလေးတစ်ယောက်ကိုလှတယ်လို့မသုံးသင့်ပေမဲ့ ခေတ်မင်းထွဋ်အပိုင်သျှားလွန်းပိုင်ကတော့တကယ်ကိုလှပါပေသည်။

မောင့်ရဲ့သျှား (Complete)Where stories live. Discover now