မောင့်ရဲ့သျှား (အပိုင်း-၁၄)

595 23 1
                                    

"သျှား ဘာဖြစ်တာလဲသျှား"

"အာ့ ဟင့် မောင် သျှား ဟင့် ဗိုက်အောင့်တယ်"

သျှားခမျာ ချွေးသီးချွေးပေါက်တရွှဲရွှဲကျလာကာ မျက်ရည်ပေါက်တွေလည်းပုလဲလုံးလေးသဖွယ်ကြွေကျနေတော့တယ်။ဒါ့အပြင် မျက်နှာဖြူဖြူနုနုလေးကာလည်း ဖြူဖတ်ဖြူရော်လေးနဲ့ နှုတ်ခမ်းစိုစိုအိအိလေးဟာလည်းခြောက်သွေ့ကာ ဖြူဖတ်ဖတ်ဖြစ်လာတော့သည်။
ခေတ်မင်းမှာလည်းသျှားပုံစံကိုကြည့်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတော့တယ်။ ဒီအဖြစ်အပိက်တွေကို မဲ့ပြုံးလေးနဲ့ကြည့်နေသူကတော့ ဂျူလီယာနှိုင်း။ ဟက် သျှားလွန်းပိုင် နင်ကအခုတော့သနားစရာလေးပါလား။မှတ်ထားအဲ့တာ ငါ့အပိုင်ကိုလာလုရဲလို့။ အခုတော့ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့ဟယ်။နင်ဘာမှမဖြစ်မှာစိုးလို့ငါက နင်စားမဲ့ရှောက်သီးသုပ်ထဲကို ပုဇွန်ခြောက်တွေထည့်လိုက်တာ ဟားဟား။နင်ကအစားငမ်းနေတော့ဘယ်သိမလဲ။အခုတော့ ခေတ်အနားကရော ဒီကမ္ဘာကြီးကရော နင်ကပျောက်ကွယ်သွားတော့မှာ။ခေတ်အတွက်စိတ်မပူပါနဲ့။သူကအချိန်တန်ရင်နင့်ကိုမေ့ပြီး ငါ့ဆီလာမှာ။ငါကကောင်းကောင်းဂရုစိုက်ပေးမှာပါ။နင်သာဖြောင့်ဖြောင့်သွားလိုက်တော့ သျှားလွန်းပိုင်။ သူမတွေးနေတုန်းမှာပဲ ခေတ်မင်းကသျှားကို ချီပြီးလူနာတင်ယာဉ်ပေါ်တင်ကာ ဆေးရုံကိုလိုက်သွားတော့တယ်။
ဆေးရုံရောက်တော့

"ဆရာ ဆရာ ကျနော့်ချစ်သူလေးကိုကယ်ပေးပါအုံးဗျာ သူဗိုက်အရမ်းအောင့်နေလို့"

"ဟုတ်ပြီ ဆရာကြည့်ပေးမယ် မင်းစိတ်အေးအေးထားကောင်လေး"

သျှားကိုစမ်းသပ်ပြီးသည့်အချိန်တွင်

"ဆရာမ လူနာကို ခွဲစိတ်ဖို့ပြင်ဆင်ထားပါ"

ထိုအခါခေတ်မင်းလည်း ပြူးပြဲကာ

"‌ဆရာ ကျနော့်ချစ်သူကအခြေအနေဆိုးနေလို့လားဗျာ ဘာ ဘာလို့ ခွဲစိတ်ရမှာလဲ"

"ဆရာတို့စမ်းသပ်ချက်အရ မင်းကောင်လေးကအလက်ဂျစ်ဖြစ်စေမဲ့ဟာ စားမိလို့ဖြစ်တာ အချိန်မှီမခွဲစိတ်ရင် သူ့အသက်အန္တရာယ်ထိခိုက်ကုန်လိမ့်မယ်"

မောင့်ရဲ့သျှား (Complete)Where stories live. Discover now