မောင့်ရဲ့သျှား (အပိုင်း-၇)

737 23 2
                                    

ကျောင်းအုပ်ကြီးရုံးခန်းထဲတွင်

"ကဲပြောကြပါအုံး ဘယ်လိုဖြစ်ကြတာလဲ"

ထိုအခါ ဟိုကောင်က
"သူအရင်စထိုးတာပါဆရာကြီး"

"ခေတ်မင်းထွဋ် မင်းကဘာလို့စထိုးတာလဲ"

"အဖြစ်အပျက်ကိုမပြောပြခင်မှာ ကျနော်တစ်ခုပြောပြချင်တယ်ဆရာကြီး ကျနော်ဘယ်လောက်ရန်တွေဖြစ်ဖြစ် ဘယ်လောက်ဆိုးဆိုး သူများကိုတော့အကြောင်းပြချက်မရှိပဲ မလုပ်တတ်ဘူးဆရာကြီး ခုကိစ္စကလည်းသျှားရဲ့ဂုဏ်သိက္ခာကိုထိခိုက်လာလို့ကျနော်လုပ်ရတာပါ ဆရာကြီးကြိုက်တဲ့အပြစ်ပေးပါ ကျနော် ခံယူပါ့မယ်"

"အင်း ဆရာကြီးကတော့ မင်းတို့ကိုဘာအပြစ်မှမပေးချင်ပါဘူး ဟိုကျောင်းသားလည်းနောက်ခါကျ သူများဂုဏ်သိက္ခာကိုထိခိုက်ပြီးမပြောနဲ့ မင်းလည်းနောက်ခါကျ ဒေါသကိုရှေ့ထားပြီးမပြုမူနဲ့ပေါ့ကွယ် ကဲ အခု နောက်မလုပ်တော့ပါဘူးဆိုတဲ့ခံဝန်ကတိလက်မှတ်ထိုးရမယ်"

ဆရာကြီးလည်းအဖြစ်အပျက်ကိုနားလည်သွားတော့ဆုံးမစကားသာပြောပြီး လက်မှတ်ထိုးခိုင်းလိုက်ကြတယ်။မိဘတွေရောက်လာတော့လည်းအကျိုးသင့်အကြောင်းသင့်ရှင်းပြပြီး ကိုယ့်သားသမီးကိုသေချာဆုံးမပေးရန်ပြောကြားတော့တယ်။

ခေတ်မင်းလည်း သူ့ကိုစိတ်ပူနေမဲ့သျှားကိုမြင်ယောင်ရင်းအမြန်စာသင်ခန်းဆီပြေးသွားလိုက်တယ်။ သူထင်တဲ့အတိုင်းပါပဲ သျှားကခုထိမျက်ရည်တွေပင်မစဲသေးပေ။တအီအီနဲ့ငိုနေတုန်းပင်။သူလည်းအမြန်ပြေးသွားကာ

"သျှား ခုထိငိုနေတုန်းလားကွာ မငိုနဲ့တော့လေ နေမကောင်းဖြစ်မယ်တိတ်တိတ်"

သျှားကလည်းခေတ်မင်းစကားဆုံးတော့ပြာပြာသလဲ

"ခေတ်မင်း ဆရာကြီးကဘာပြောလဲဟင် ခေတ်မင်းကိုရိုက်သေးလား ပြကြည့် ဟင် နာနေလား သျှားစိတ်ပူလို့သေတော့မယ် အဟင့် အီးးဟီးးး"

သျှားစိတ်ပူနေပုံကိုမြင်ပြီး ခေတ်မင်းအတော်စိတ်မကောင်းဖြစ်သွားသည်။ထို့ကြောင့် နောက်နောင်ခုလိုတွေထပ်မဖြစ်အောင် သူအစွမ်းကုန် သူ့ကလေးကိုကာကွယ်သွားဖို့ သံဓိဌာန်ချမှတ်လိုက်တော့တယ်။

မောင့်ရဲ့သျှား (Complete)Where stories live. Discover now