မောင့်ရဲ့သျှား (အပိုင်း-၅)

749 24 0
                                    

ခေတ်မင်းတစ်ယောက်အိပ်ရာကနိုးလာတော့ ညနေ၅နာရီခွဲနေပြီ။သူလည်းထလိုက်ပြီး ရေမိုးချိုးကာ ညစာဆင်းစားလိုက်တယ်။သူထမင်းစားပြီးအခန်းထဲပြန်လာတော့ သူ့ဖုန်းလာနေတာတွေ့တာနဲ့ကိုင်လိုက်တယ်။

"အင်း ပြော"

"ခေတ်မင်း ဒီညကလပ်မှာဆော်အလန်းတွေနဲ့တဲ့ကွ လစ်ရအောင်"

"မင်းတို့ဘာသာသွားတော့ ငါမလိုက်တော့ဘူး"

"ဟင် ဘာဘာဘာ ငါတို့နားကြားများမှားသွားလား"

"မမှားဘူး ဒီညငါမလိုက်တော့ဘူး ငါ့မှာအရေးကြီးကိစ္စရှိတယ်"

"အေးပါကွာ ဒါဆိုလည်းဖုန်းချလိုက်မယ် ဒါပဲကွာ"

"အင်း"

ရဲရင့်အံ့ဩလို့မဆုံးပေ။အခုသူနဲ့ဖုန်းပြောလိုက်တာ ခေတ်မင်းအစစ်ပဲမလား။အရင်ကဆို အိမ်ကပ်ဖို့မပြောနဲ့ အိမ်တောင်ဘယ်မှာမှန်းမသိတဲ့ကောင်က ခုတော့။ဒါဟာသေချာပေါက် သျှားလွန်းပိုင်ဆိုတဲ့ကောင်လေးကြောင့်သာလွဲပြီးတခြားမရှိ။သျှားလွန်းပိုင်ရေ မင်းကြောင့် ငါတို့သူငယ်ချင်းခေတ်မင်းပြောင်းလဲနေပြီ။

ခေတ်မင်းလည်းရဲရင့်နဲ့ဖုန်းပြောပြီးလို့နာရီကြည့်လိုက်တော့ ၈နာရီခွဲနေပြီ။ဒါနဲ့သူလည်းသျှားဆီကိုဖုန်းခေါ်လိုက်တယ်။သူခေါ်တာနဲ့ ဖုန်းလာကိုင်ပြီး
အသံသေးသေးလေးနဲ့

"ဟယ်လို ဘယ်သူပါလဲခင်ဗျ"

"ကိုယ်ပါသျှား"

"ဟင် ခေတ်မင်းလား"

"အင်း အခုကဘာလုပ်နေလဲသျှား"

"သျှားစာလုပ်နေတာပါခေတ်မင်း"

"အော် ကိုယ့်ကြောင့်အနှောင့်အယှက်ဖြစ်သွားလား"

"မဖြစ်ပါဘူး သျှားစာလုပ်တာပြီးနေပါပြီ"

"အင်း ညစာရောစားပီးပီလား"

"ဟုတ် စားပီးပီ ခေတ်မင်းရောပီးပီလား"

"အင်း မအိပ်သေးဘူးလားသျှား ဘယ်ချိန်အိပ်လဲ"

"သျှားက ညကိုးနာရီခွဲဆို အိပ်ပါပြီ"

"အော် မနက်ကျ ကိုယ်လာခေါ်မယ်နော်"

မောင့်ရဲ့သျှား (Complete)Where stories live. Discover now