မောင့်ရဲ့သျှား (အပိုင်း-၁၆)

610 17 2
                                    

ဒီလိုနဲ့သျှားလည်းဆေးရုံမှာ တစ်ပတ်လောက်နေခဲ့ရတယ်။ ဆရာဝန်က၂ရက်၃ရက်လောက်ဆိုဆင်းလို့ရပြီပြောပေမဲ့ အကဲပိုမောင်ခေတ်မင်းကတော့ သူ့ရဲ့အသည်းလေး နေမကောင်းထပ်ဖြစ်ရင်ဘယ်လိုလုပ်မလဲတဲ့။ဆေးကိုသေချာစစ်ဆေးပြီး နေကောင်းတာသေချာမှဆင်းမယ်တဲ့။အဲ့တာကြောင့် ဆေးရုံတွင်တစ်ပတ်လောက်နေလိုက်ရခြင်းဖြစ်သည်။ဆေးရုံကဆင်းပြန်တော့လည်း သျှားကိုသူနဲ့အတူသူ့ကွန်ဒိုမှာ လိုက်နေစေချင်တယ်တဲ့။သျှားမေမေဒေါ်ခွာညိုသျှားဆီမှာ ခွင့်တောင်းနေလေရဲ့။ သျှားကတော့ခေတ်မင်း လုပ်သမျှကိုကြည့်နေရုံမျှတစ်ပါးမတတ်နိုင်။အခုတော့မိဘတွေခွင့်ပြုချက်ရတာနဲ့ခေတ်မင်းနဲ့သျှားက ခေတ်မင်းပိုင်တဲ့ကွန်ဒိုတိုက်ခန်းကိုပြောင်းရွှေ့နေထိုင်ကြတော့တယ်။သျှားကတော့သူ့အမေကိုမခွဲနိုင်ဘူးဆိုပြီး မျက်ရည်တဝဲဝဲဖြစ်နေလေရဲ့။ ပြီးရင်ခေတ်မင်းနဲ့လည်းအတူတူမနေချင်ဘူးလားဆိုတော့ နေချင်သည်တဲ့လေ။တကယ့်အူယားစရာလေး။အခုလည်းရောက်ကတည်းကအခန်းထဲကိုအံ့ဩပြီးလိုက်ကြည့်နေတာမပြီးနိုင်ပါ။ပါးစပ်လေးဟလျက်မျက်လုံးဝိုင်းဝိုင်းလေးနဲ့လိုက်ပတ်ကြည့်နေသည်မှာဒီကောင့်ကိုခြွေနေသလားထင်ရသည်။

တကယ်တော့ခေတ်မင်းကလွန်ခဲ့တဲ့၃ရက်လောင်ကအခန်းကိုလာပြင်ဆင်ထားတာပါ။ ခေတ်မင်းအခန်းကကွန်ဒိုခန်းဆိုပေမဲ့ အိပ်ခန်းနှစ်ခန်းပါပါတယ်။တစ်ခန်းကခေတ်မင်းအတွက် ‌သူ့အကြိုက်ပြင်ဆင်ထားပြီး သျှားအတွက်ကတော့သျှားအကြိုက် တစ်ခန်းလုံးကိုအပြာနုကလေးသုံးပေးထားပါသည်။ မွေ့ရာနဲ့စောင်ကိုသျှားအသားလေးပွန်းပဲ့မှာစိုးသဖြင့် ပိုးသားထူထူလေးတွေကို ထည့်ပေးထားသည်။ပြီးတော့ခေါင်းအုံးနဲ့ဖက်လုံးကိုလည်း ဂွမ်းသားလေးကိုသာထည့်ပေးထားသည်။ပြီးရင်သျှားကအရုပ်ဖက်အိပ်ရတာအရမ်းကြိုက်တဲ့သူဆိုတော့ တစ်ခန်းလုံးအရုပ်တွေအပြည့် ဆိုဒ်အစုံထည့်ပေးထားသည်။အဝတ်အစားအသုံးအဆောင်ဆိုတာကလည်းသျှားအိမ်ကဘာမှသည်မလာစေပဲသူကိုယ်တိုင်သာရွေးပြီးဝယ်ပေးထားသည်။ဤသည်တွေကြောင့်သျှားမှာအတော်လေးကြိုက်ပြီးသဘောကျနေရသည်။သျှားမှာလှည့်ပတ်ကြည့်လို့ဝတော့မှ ခေတ်မင်းဆီလာကာ ရီပြပြီးရင်ခွင်ထဲတိုးဝင်ပစ်လိုက်သည်။

မောင့်ရဲ့သျှား (Complete)Donde viven las historias. Descúbrelo ahora