မောင့်ရဲ့သျှား (အပိုင်း-၂၁)

560 13 0
                                    

ခြောက်ခြားစရာကောင်းတဲ့အမှောင်ခန်းတစ်ခုဝယ်
လူရုပ်တောင်မပေါက်တဲ့အထိနှိပ်စက်ခံစားရတဲ့မိန်းကလေးတစ်ယောက်ဟာ အော်ဟစ်အကူအညီတောင်းနေသည်။အခုဆို သူမကို ဘယ်သူလဲဆိုတာမေးယူရလောက်တဲ့အထိအလွန်ပင်ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေပြီ။မျက်နှာမှာဆိုလည်း‌အပ်ပေါက်ရာတောင်မကျန်ဒဏ်ရာဒဏ်ချက်တွေနဲ့ပင်။လက်သည်းခြေသည်းတွေဆိုလည်းလှန်ပစ်ထားလို့သွေးအလိမ်းလိမ်းပင်။တစ်ကိုယ်လုံးဘယ်နေရာပဲ့ကြည့်ကြည့်သွေးတွေဆိုတာမြင်လို့မကောင်းပေ။ဒါတွေဟာသူမကသူတစ်ပါးအပေါ်မကောင်းတာလုပ်လို့သူမပြန်ခံစားရတယ်ဆိုတာရောသူမသိလေရောမလား။ဘာပဲဖြစ်ဖြစ်ဝဋ်ဆိုတာကနောက်ဘဝမကူးဘူးဆိုတဲ့စကားဟာတကယ်မှန်တာပဲ့။အခုတော့သူများကိုမကောင်းကြံတော့သူမကဆယ်ဆလောက်ပြန်ခံစားနေရပြီ။ဒါကြောင့်မထိသင့်တဲ့သူကိုမထိတာအကောင်းဆုံးပါပဲ့လို့စနှိုက်ကျော်ချင်တဲ့အစစ်မတွေကိုအကြံပေးချင်ပါတယ်။
ထိုသူမကတော့တခြားသူမဟုတ် ဂျူလီယာနှိုင်းပင်။အရင်ကရွှေဘုံမှာစံရသလောက် အခုတော့သူ့ထိုက်နဲ့သူ့ကံငရဲခန်းမှာခံနေရတာပင်။ငရဲခန်းတောင်မဟုတ် ငရဲထက်ပင်ဆိုးလိမ့်မယ်။အခုတော့သူမမှာနောင်တတရားကလွဲပြီးဘာမှမရှိပေ။
ထိုစဉ်သူမနားထဲအလွန်ကြောက်လန့်ရတဲ့လမ်းလျှောက်သံတစ်ခု‌ကြားလိုက်ရသည်။ထိုလမ်းလျှောက်သံဟာပုံမှန်ဆိုပေမဲ့ သူမအတွကါကတော့အသက်ထွက်မတတ်ကြောက်လန့်ရတဲ့အသံတစ်ခု။ထိုသူလာပြီဆိုသူမဟာပုံမှန်ထက်ပိုနှိပ်စက်ခံရမည်မှာအမှန်ပင်။တံခါးဖွင့်သံကြားရပြီး
သူမရှေ့လာရပ်တဲ့လူတစ်ယောက်ဟာ ခေတ်မင်းထွဋ်မှလွဲ၍တခြားသူမရှိပေ။ထို့နောက်ခေတ်မင်းဟာအသက်မပါတဲ့မဲ့ပြုံးတစ်ခုဖန်ဆင်းလိုက်ပြီး

"ဘယ်လိုလဲဂျူလီယာနှိုင်း နေလို့ထိုင်လို့အဆင်မှပြေရဲ့လားဟမ်"

"ခေတ် ကျ ကျမ ကို သ သတ်လိုက်ပါတော့ ကျ ကျမ တောင်း တောင်းဆိုတာပါ"

စကားသံပင်ပီအောင်မပြောနိုင်တော့ပဲ မျက်ရည်များစွာနဲ့တောင်းပန်နေရတော့သည်။

"ဟက် စိတ်မပူပါနဲ့ မင်းကိုသတ်မှာပါ ဒါပေမဲ့အခုတော့မဟုတ်သေးဘူး အဟက်"

မောင့်ရဲ့သျှား (Complete)Where stories live. Discover now