မောင့်ရဲ့သျှား (အပိုင်း-၈)

709 17 2
                                    

"ခေတ်"
ခေတ်မင်းလည်းမော့ကြည့်လိုက်တော့ အသားဖြူဖြူ ဆံပင်ကိုလည်းအရှည်ကိုမှကောက်ထားပြီး စကတ်အမည်းရောင်အတိုလေးနဲ့တီရှပ်ပန်းနုရောင်လေးကိုလိုက်ဖက်စွာတွဲဝတ်ထားတဲ့ကောင်မလေးတစ်ယောက်။

"ဂျူလီယာနှိုင်း"

"အင်း မှတ်မိသေးသားပဲ ဂျူလီ့ကို"

ဂျူလီယာနှိုင်းဆိုင်တာ ခေတ်မင်းအပျော်တွဲခဲ့တဲ့ကောင်မလေးထဲကတစ်ယောက်ပါပဲ။ကျောင်းမှာ အလှဆုံးဘုရင်မဆုကိုဆွတ်ခူးထားတဲ့သူလေးပေါ့။ယောက်ျားလေးတွေကြားမှာလည်းရေပန်းအစားဆုံးပေါ်ပြူလာအဖြစ်ဆုံးကောင်မလေးတစ်‌ယောက်။ထို့အပြင်ယောက်ျားလေးတွေရဲ့အသည်းကိုမထင်ရင်မထင်သလိုခွဲတတ်တာမို့အသည်းခွဲဘုရင်မလို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြတယ်။ဒါကြောင့်လည်းခေတ်မင်းကတမင်လိုက်ပြီး အသည်းခွဲခဲ့ခြင်းဖြစ်ပါတယ်။

"အင်း မမှတ်မိစရာအကြောင်းမရှိပါဘူး"

"ခေတ် ခုလိုမှတ်မိနေပေးလို့ဂျူလီဝမ်းသာပါတယ် ခုရော ဒီမှာမုန့်လာစားတာလား"

စားနေတာကိုသိရက်နဲ့ တမင်မေးနေတဲ့ ဂျူလီယာနှိုင်းကိုခေတ်မင်းအမြင်ကတ်လာတယ်။တခြားယောက်ျားတွေမျက်စိထဲမှာ ဂျူလီယာနှိုင်းဘယ်လောက်လှလှ ခေတ်မင်းမျက်လုံးထဲမှာတော့ သျှားကလွဲပြီး အာရုံမလာပါ။

"အင်း"

"အတော်ပဲ ဂျူလီလဲမုန့်လာစားတာလေ ဒီမှာဝင်ထိုင်လို့ရမလား"

"အင်း"

သျှားကတော့ဘာမှဝင်မပြောပါ။ခေတ်မင်းကိုတလှည့် ဂျူလီကိုတစ်လှည့်သာကြည့်ပြီး ကိုယ့်ဘာသာစားစရာရှိတာစားနေသည်။ဒါပေမဲ့ရင်ဘတ်ထဲမှာတော့မွန်းကျပ်လှသည်။ဂျူလီ‌ ခေတ်မင်းကိုကြည့်တဲ့အကြည့်တွေကမရိုးသားဘူး။ခေတ်မင်းဘက်ကအားလုံးပုံမှန်ဆိုပေမဲ့ ဂျူလီဘက်ကခေတ်မင်းကိုပုံမှန်ထက်ပိုနေသည်။ဒါပေမဲ့ခေတ်မင်းနဲ့ဂျူလီ့ကိုကြည့်ရတာ အရမ်းလိုက်ဖက်လွန်းလှတယ်။ဒီလိုတွေးရင်းနဲ့ပဲရင်ထဲနေလို့မကောင်းတော့ဘူး။သူခေတ်မင်းကိုချစ်မိနေပြီ။သူသာဖွင့်ပြောလိုက်ရင်ရောခေတ်မင်းကသူ့ကိုရွံရှာသွားမလား။မုန်းများမုန်းသွားမလား။အခုလိုဆက်ခင်ခွင့်ရပါ့မလား။တွေးရင်းမျက်ရည်ကကျချင်လာပြီ။

မောင့်ရဲ့သျှား (Complete)Kde žijí příběhy. Začni objevovat