မောင့်ရဲ့သျှား (အပိုင်း-၉)

719 18 4
                                    

သျှားနဲ့ခေတ်မင်းလည်းအိမ်ကိုပြန်လာခဲ့ကြတယ်။ပြန်လာတဲ့တစ်လျှောက်လုံးခါတိုင်းဆိုရေပက်မဝင်အောင်ပြောတဲ့သျှားကခုတော့ တိတ်လို့ဆိတ်လို့ဘာတစ်ခုမှလည်းမပြောဘူး။ခေတ်မင်းလည်းသျှားဘာဖြစ်နေမှန်းနားမလည်လို့သျှားကိုမေးဖို့လမ်းခုလပ်လေးမှာနားချလိုက်တယ်။

"သျှား ဘာဖြစ်နေတာလဲ ဘာလို့စကားတစ်ခုမှမပြောတာလဲ"

"ဘာမှမဖြစ်ပါဘူး ခေတ်မင်း နောက်နေ့ကစပြီး သျှားကိုလေကျောင်းအကြိုအပို့လည်းမလုပ်ပေးပါနဲ့တော့နော် သျှားဘာသာသွားပါ့မယ်"

"ဘာပြောတယ်သျှား အခုကိုယ့်ဘာသာ ဘာစကားပြောလိုက်တယ်ဆိုတာရောသိရဲ့လားဟမ်"

ခေတ်မင်းလည်းသျှားစကားကြောင့်စိတ်တိုလာကာသျှားကိုအော်မိတော့တယ်။သျှားလည်းခေတ်မင်းအော်လိုက်တော့လန့်ကာခုနကတည်းကငိုချင်‌ေနတာနဲ့‌ေပါင်းပြီးမျက်ရည်တွေကျလာတော့သည်။ထိုအခါမှခေတ်မင်းလည်းသတိဝင်လာကာ

"သျှား ဘာလို့ငိုတာလဲကွာ တိတ်ပါ ကိုယ်တောင်းပန်ပါတယ်နော် ကိုယ်မရည်ရွယ်ပါဘူးကွာ ခုဘာဖြစ်‌ေနတာလဲ ကိုယ့်ကိုပြော"

"သျှားကိုလေ အင့် ဟင့် အခုကစပြီးမပတ်သက်ပါနဲ့တော့ အဟင့် သျှားတို့မတွေ့ခဲ့တုန်းကလိုပဲ နေရအောင်နော် အဟင့် သျှား သျှားတို့ အွန့် အင့် ဘာ
အွန့် လုပ်တာ အွန့် လဲ လွှတ်"

ခေတ်မင်းလည်းသျှားစကားတွေကိုနားမထောင်နိုင်တော့တဲ့အဆုံး ငိုနေလို့တဆတ်ဆတ်တုန်နေတဲ့သျှားနှုတ်ခမ်းလေးကိုပဲငုံခဲကာနမ်းနေတော့တယ်။အခုပဲသူဆုံးဖြတ်လိုက်ပြီ သျှားကိုဖွင့်ပြောဖို့။

"ချစ်တယ်သျှား အရမ်းချစ်လွန်းလို့ မင်းအနားကို ကိုယ်ချဉ်းကပ်ခဲ့တာ မင်းကိုကိုယ်အရာရာထိန်းချုပ်ခဲ့တာ မင်းကိုဂရုစိုက်ကာကွယ်ခဲ့တာ မင်ူဆီကခုလိုစကားတွေကြားရဖို့မဟုတ်ဘူး ကိုယ့်တစ်ဘဝလုံးစာအတွက်မင်းကိုစတွေ့စကတည်းကရည်ရွယ်ခဲ့တာ ကျောင်းထဲကိုစဝင်လာတဲ့မင်းရဲ့ပုံစံလေးကိုကြည့်ပြီး ကိုယ်ရင်ခုန်ခဲ့ရတာ ဘယ်သူ့ကြောင့်မှရင်မခုန်ဖူးတဲ့ဒီကောင့်နှလုံးသားကမင်းနဲ့တွေ့မှ အဆက်မပြတ်ခုန်ခဲ့ရတာ ကိုယ်အရင်ကဆိုးခဲ့တယ်မိုက်ခဲ့တယ်ပွေရှုပ်ခဲ့တာမှန်တယ် ဒါပေမဲ့မင်းကိုတွေ့လိုက်တဲ့အချိန်ကတည်းကကိုယ့်အကျင့်တွေကိုပြုပြင်ခဲ့တယ် မင်းကိုချစ်လွန်းလို့ကိုယ်လုပ်ခဲ့တာချည်းပဲသျှား ကိုယ်သာမင်းကိုအပျော်ကြံမယ်ဆိုအရင်လူတွေလိုလုပ်ခဲ့တာကြာရောပေါ့ မင်းကိုကိုယ်အခုချက်ချင်းတောင်အပိုင်သိမ်းလို့ရတယ်သျှား ဒါပေမဲ့ မင်းကိုတန်ဖိုးထားလွန်းလို့ကိုယ်မလုပ်ရက်ခဲ့တာ မင်းရဲ့ဖြူစင်လွန်းတဲ့စိတ်လေးကြောင့် ကိုယ်မလုပ်ခဲ့တာ နောက်ခါအဲ့လိုစကားထပ်ထွက်လာကြည့် မင်းကိုကိုယ်မုဒိန်းကျင့်ပစ်မယ်"

မောင့်ရဲ့သျှား (Complete)Where stories live. Discover now