မောင့်ရဲ့သျှား (အပိုင်း-၂၀)

481 12 0
                                    

ဒီလိုနဲ့ သျှားခရီးထွက်ရမဲ့ရက်လေးကိုရောက်လာခဲ့တယ်။ပြင်ဆင်စရာရှိတာစီစဉ်စရာရှိတာကိုတော့ ခေတ်မင်းကပဲ့အားလုံးစီစဉ်ပေးခဲ့တယ်။တောင်တက်ရမဲ့ခရီးစဉ်ဆိုတော့သျှားဘာမှမထိခိုက်ရလေအောင်ဆိုပြီး နိုင်ငံခြားက ဒီဇိုင်နာတွင် သူလိုချင်တဲ့အနွေးထည်ဒီဇိုင်းကိုကိုယ်တိုင်အပ်ကာ သျှားကိုဝတ်စေသည်။အခုလည်း သျှားအတွက်လမ်းမှာ စားလို့သောက်လို့ရအောင်ဆိုပြီး မုန့်တွေအအေးတွေ နို့တွေနဲ့ သျှားအတွက်ဆေးပါမကျန် ထည့်ပိုးပေးနေတော့သည်။အခုလည်းသျှားကိုလိုက်ပို့ရာတွင် အမှာစကားတွေလည်းမှာတမ်းခြွေလို့မပြီးပေ။ ခေတ်မင်းပုံစံကိုကြည့်ပြီးသျှားမှာမနေသာတော့ပဲ

"မောင်ရယ် သျှားသွားမှာကတစ်ညအိပ်ခရီးမှမဟုတ်တာ နေ့ချင်းပြန်မှာလေ စိတ်မပူပါနဲ့ မောင့်ကိုကြည့်ရင်းသျှားတောင်မသွားချင်တော့ဘူး"

"ကဲပါ ‌သွားလိုက်ပါသျှားရယ် သျှားသွားချင်လို့မောင်လွှတ်ပေးထားရတာ မောင့်ရင်ထဲပူလောင်ရတယ်ကွာ မောင်စိတ်တွေလေးနေသလိုပဲ"

"ဘာမှမဖြစ်ပါဘူးမောင်ရယ် သျှားမောင့်ဆီပြန်လာမှာပါ"

"အင်းပါ မောင်မှာတာတွေမမေ့နဲ့နော် အပြန်ကျမောင်လာကြိုမှာနော်"

"ဟုတ်မောင် သွားရမဲ့ခရီးကမဝေးပါဘူးမောင်ရယ် ဒီနားလေးပါပဲ"

"အင်း မောင်သိပါတယ် ဂရုစိုက်နော်သျှား"

"အင်းပါမောင်ရဲ့ စိတ်မပူနဲ့နော်"

"ဟုတ်ပါပြီ"

ခေတ်မင်းတစ်ယောက် သျှားကိုဒီခရီးစဉ်လွှတ်ရမှာစိတ်ထဲမကောင်းဖြစ်နေသည်။သူ့စိတ်ထဲသျှားတစ်ခုခုဖြစ်တော့မယ်လို့ကြိုသိနေသလိုပင်။ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပေမဲ့လည်း စိတ်ကတော့လေးနေဆဲပင်။ဒါကြောင့်လည်းသျှားကို မပြတ်မှာတမ်းခြွေနေရသည်။
တကယ်ပါ သျှားသာတစ်ခုခုဖြစ်ခဲ့လျှင် ခေတ်မင်းရင်ကွဲပြီးသေမှာပင်။ဒီလိုနဲ့သျှားနဲ့ခေတ်မင်းရဲ့ကားလေးဟာ ကျောင်းဝင်းအတွင်းသို့ဝင်လာသည်။ကျောင်းဝင်းအတွင်းတွင် ခရီးထွက်မဲ့ ကျောင်းသူကျောင်းသားလေးတွေမှာအတော်ပင်စုံနေပြီ။သွားရမဲ့ကားလေးပင်ရောက်နေလေပြီ။ဆရာ၊ဆရာမတွေလည်းလူစာရင်းမှတ်နေလေပြီ။

မောင့်ရဲ့သျှား (Complete)Opowieści tętniące życiem. Odkryj je teraz