မောင့်ရဲ့သျှား (အပိုင်း-၄)

764 22 0
                                    

ခေတ်မင်းလည်းသျှားကိုမေးပြီးသျှားအိမ်ကိုမောင်းလာခဲ့ရာ ချစ်စရာကောင်းတဲ့ purple ရောင်တစ်တိုက်ကလေးနဲ့ပန်းပင်တွေမျိုးစုံစိုက်ထားတဲ့အိမ်ကြီးကိုတွေ့တော့ အတော်လေးသဘောကျနေတယ်။ အဲ့အချိန် သျှားကလည်း

"ခေတ်မင်း ရပ်ပေးတော့ သျှားအိမ်ရောက်ပြီ"

"ဟင် ဒါသျှားအိမ်လား"

"အွန်း ဟုတ်တယ်လေ"

"ကိုယ်ကဟိုးးလမ်းထိပ်မှာမြင်ရကတည်းက အိမ်လေးနဲ့ခြံလေးကချစ်စရာကောင်းလို့ကြည့်နေခဲ့တာ"

"ဟီးဟီး သျှားအကြိုက်မေမေကလုပ်ပေးထားတာလေ သျှားက purple ရောင်နဲ့ပန်းတွေဆိုအရမ်းကြိုက်တာ အိမ်ထဲဝင်အုံးလေခေတ်မင်း"

ထိုစဉ်သျှားမေမေထွက်လာပြီး

"ဟယ် မေမေ့အသည်းလေးတောင်ပြန်လာပြီလား သူငယ်ချင်းလည်းပါလာတာကိုး သားသူငယ်ချင်းကိုအိမ်ထဲအလည်ခေါ်အုံးသား"

"ဟုတ်မေမေ သားအခုပဲခေါ်နေတာပါ"

သျှားကိုကြည့်ရတာ သူ့အမေကိုအတော်ချစ်ပုံပဲ။အချွဲတုံးလေးလည်းဖြစ်ပုံများတယ်။

"ခေတ်မင်း လာလေအိမ်ထဲကို"

"အင်းအင်း"

သျှားအိမ်ခြံထဲမှာကပန်းပင်တွေအတော်စုံတယ်။ခေတ်မင်းအိမ်မှာတောင်သျှားတို့အိမ်လောက်ပန်းပင်မစုံဘူး။အိမ်နဲ့ခြံသာကျယ်တာ ပန်းစိုက်ရတာကိုဝါသနာမပါကြ။အခုတော့ သျှားအကြိုက်ပန်းတွေကိုလည်းသူ့အိမ်မှာစိုက်တော့မယ်။ဒါမှသျှားကို သူ့အိမ်ခေါ်တဲ့အချိန်ကျရင် သျှားအတော်သဘောကျမှာ။ပြီးတော့သျှားအိမ်ရဲ့အတွင်းပိုင်းအပြင်အဆင်လေးကလည်းသပ်သပ်ရပ်ရပ်လေးနဲ့ချစ်စရာအတော်ကောင်းတယ်။ပရိဘောဂပစ္စည်းတွေကလည်းသူနေ့ရာနဲ့သူအစုံရှိတယ်။

"ခေတ်မင်း အအေးသောက်မလား ကော်ဖီသောက်မလားဟင်"

"ရတယ်သျှား ကိုယ်မသောက်တော့ဘူး"

"သားက သားသျှားရဲ့သူငယ်ချင်းလား ဒီနေ့မှသိတာလားကွယ်"

"ဟုတ်ပါတယ်အန်တီ"

"အော် သားနာမည်ကဘယ်လိုခေါ်လဲ ပြီးတော့သားမိဘတွေကဘယ်သူတုန်း"

မောင့်ရဲ့သျှား (Complete)Where stories live. Discover now