မောင့်ရဲ့သျှား (အပိုင်း-၆)

724 23 3
                                    

ဒီလိုနဲ့ သျှားနဲ့ခေတ်မင်းခင်မင်လာကြတာ တစ်လပင်ကျော်လာခဲ့ပြီ။ခေတ်မင်းကသျှားကို အရမ်းဂရုစိုက်သလို အရမ်းလည်းသဝန်တိုတတ်ခဲ့တယ်။သျှားအိမ်သာသွားတာကအစသူပါမှသွားခိုင်းတာ။ပြီးတော့ သျှားကိုလည်းသူကလွဲပြီးဘယ်သူနဲ့မှမပေါင်းခိုင်း။တစ်ဖက်ကစကားလာပြောရင်တောင် ဒေါသတွေထွက်ပြီးမောင်းထုတ်ပစ်တာ။ အခုလည်းနေ့လည်ကျောင်းဆင်းလို့ထမင်းစားနေတဲ့အချိန်တွင် ယောက်ျားလေးတစ်ယောက်ယောက်လာပြီး

"ဒီကသျှားလွန်းပိုင်လားမသိဘူး"

"ဟုတ်ပါတယ်ဗျ ဘာကိစ္စရှိလို့လဲမသိဘူး"

"ကျနော်ကသျှားနဲ့ခင်ချင်လို့ပါဗျ ရတယ်မလားဗျ"

သျှားလည်းဇောချွေးတွေပြန်လာပြီး ဖြေရခက်နေသည်။ဟုတ်သည်လေ သူသာခင်လိုက်ရင်ခေတ်မင်းကသူ့ကိုပါဒေါသထွက်လိမ့်မယ်။သူခေတ်မင်းဒေါသထွက်တာမြင်ပြီးကြောက်တယ်။

"အဲ့တာကလေ ဟို ဟို"

"ဘာမှခင်စရာမလိုဘူးသျှား"

ခေတ်မင်း သျှားနဲ့သူစားဖို့အတွက်ထမင်းသွားယူပြီးပြန်လာနေစဉ် ခေတ်မင်းတို့အခန်းကမဟုတ်ပဲ တခြားအခန်းကငကြောင်တစ်ကောင်ကသျှားကိုကြောင်ဖို့ကြိုးစားနေတာ‌ေတွ့လိုက်ရတယ်။သျှားကိုကြည့်ရတာကလည်း တစ်ခုခုကိုဖြေဖို့ခက်နေပုံပဲ။ဒါနဲ့သူလည်းစိတ်တိုပြီးအမြန်ဝင်တားရတယ်။

"ဟင် ခေတ်မင်း"

"ခေတ်မင်းထွဋ်"

"ကိုယ့်အနားလာခဲ့ သျှား"

သျှားလည်းခေတ်မင်းအနားသွားလိုက်တော့ ခေတ်မင်းကသျှားလက်ကိုဆွဲကာ သူ့နောက်ကိုပို့လိုက်တယ်။ခုနကကောင်ကလည်းခေတ်မင်းကိုမကြည်ကြည့် ကြည့်ကာ

"မင်း ဘာလာရှုပ်တာလဲ ခေတ်မင်းထွဋ်"

"အဟက် အဲ့စကားကမင်းကိုမေးရမှာထင် ကိုယ့်အသက်ကိုတန်ဖိုးထားရင် မင်းသျှားအနားကိုတောင်မလာသင့်ဘူးကွ"

"ဟက် ငါကဘယ်သူ့ကိုကြောက်ရမှာလဲ မင်းကိုလား ဒီမှာဟျောင့် ငါဆိုတဲ့ကောင်က ဘယ်သူ့ကိုမှမကြောက်တတ်တာကွ"

"အဲ့တာမင်းစောက်ကြောင်းလေ အခုကမင်းသျှားအနားကိုမကပ်ဖို့ပဲငါပြောချင်တာ"

"ဘာကွ မင်းနဲ့သျှားကဘာဆိုင်လဲ သျှားကမင်းအပိုင်မို့လို့လား ဒီမှာငါပြောမယ် ခေတ်မင်းထွဋ် ခုချိန်မှာ သျှားကလူပျိုလူလွတ် သူ့လွတ်လပ်ပိုင်ခွင့်နဲ့သူနေခွင့်ရှိတယ် အရာရာမင်းဆန္ဒချည်းပဲ လိုက်မလုပ်နဲ့ဟျောင့် အော် ပြီးတော့လေ" ဆိုပြီး
ထိုလူကခေတ်မင်းအနားကပ်သွားကာ အသံတိုးပြီး

"သျှားအသားကအတော်ချိုမဲ့ပုံပဲကွာ ဝေမျှစားကြမယ်လေ ဖြူဖြူအုအုလေးနဲ့စားချင်စရာလေး"

ထိုစကားကြောင့်ခေတ်မင်းလည်းအတော်ဒေါသထွက်သွားကာ
"ခွေးလိုကောင်"
"ခွပ်"
ခေတ်မင်းတစ်ယောက် စိတ်ကလည်းအလွန်တိုကာ ထိုလူပေါ်တက်ခွပြီးမျက်နှာပေါ်မရပ်မနားထိုးနေတော့သည်။အချိန်ကလည်းထမင်းစားချိန် နေရာကလည်းထမင်းစားခန်းထဲမှာဆိုတော့ လူကအတော်စုံနေကြသည်။ဘယ်သူမှဝင်မဆွဲရဲပဲ ကြည့်ပဲကြည့်နေကြသည်။သူတို့ခေတ်မင်းကိုကြောက်ကြသည်လေ။
သျှားကိုယ်တိုင်လည်း ထိုအဖြစ်အပျက်ကိုကြောင်ပြီးကြည့်နေမိသည်။ခေတ်မင်းအခုလိုပုံစံကိုသူတစ်ခါမှမမြင်ဖူး။ကြောက်အားလန့်အားဖြစ်ကာ မျက်ရည်တွေလည်းကျနေသည်။ထိုစဉ်မှဖြတ်ခနဲသတိရကာ ခေတ်မင်းကိုဝင်တားဖို့လုပ်ရတော့သည်။

‌"ခေတ်မင်း တော်ပါတော့နော် သျှားတောင်းပန်ပါတယ်နော် အဟင့်"

ထိုအခါမှ ခေတ်မင်းလည်းအသိစိတ်ဝင်ကာ သျှားကိုလှည့်ကြည့်လိုက်တော့ မျက်ရည်တွေတရွှဲရွှဲနဲ့အသားတွေတုန်ကာ အလွန်ကြောက်နေတဲ့သျှားကိုမြင်လိုက်ရသည်။
ထိုချိန်တွင်ဟိုလူကထလာကာခေတ်မင်းကိုပြန်ထိုးတော့သည်။ ခေတ်မင်းလည်းစိတ်တစ်ဖန်ပြန်တိုလာကာ ထိုလူကိုပြန်ထိုးတော့တယ်။ခေတ်မင်းကအငိုက်မိသွားလို့သာတစ်ချက်ထိသွားတာပါ။ထိုစဉ်ဆရာရောက်လာကာ

"နှစ်ယောက်လုံး ကျောင်းအုပ်ရုံးခန်းကိုလာကြ မင်းတို့မိဘတွေကိုလည်းဖုန်းဆက်ထားပြီးပြီ"

ထိုအသံကြားတော့သျှားခေတ်မင်းကိုကြည့်ကာ ပိုငိုလာသည်။ခေတ်မင်းကလည်းသျှားကိုစိတ်မပူဖို့နဲ့ ထပ်မငိုတော့ဖို့မျက်ရည်တွေကိုသုတ်ပေး၍ချော့မော့ပြီး အတန်းထဲပြန်ပို့ကာ ကျောင်းအုပ်ရုံးခန်းဆီလိုက်သွားတော့တယ်။ သျှားကတော့ခေတ်မင်းထွက်သွားကတည်းက အခန်းတံခါးဝကနေထွက်ကြည့်နေသည်။သူခေတ်မင်းကိုအရမ်းစိတ်ပူသည်။ အဆင်ပြေပါစေခေတ်မင်းရယ် သျှားခေတ်မင်းမရှိပဲမနေတတ်ဘူး။ထိုအတွေးတွေတွေးရင်းမျက်ရည်ကတစ်ဖန်ပြန်ကျလာမိသည်။

#Akvi

မောင့်ရဲ့သျှား (Complete)Where stories live. Discover now