မောင့်ရဲ့သျှား (အပိုင်း-၁၀)

668 21 2
                                    

ခေတ်မင်းတစ်ယောက်အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံးပြုံးနေသည်မှာပါးစပ်ပင်နားရွက်တက်ချိတ်တော့မည်။သူအခုထိမယုံနိုင်သေး။သူ့ရဲ့သျှားကလည်းသူ့ကိုချစ်တယ်တဲ့။သူဟာခုချိန်မှာအပျော်ဆုံးလူသားတသ်ယောက်ပင်။ပြီးတော့ခုနကနမ်းလာခဲ့တဲ့သျှားနှုတ်ခမ်းလေးကိုလည်းမြင်ယောင်ရင်း လျှာသပ်မိတယ်။လွမ်းရပြန်ပြီကွာ မဖြစ်ပါဘူး အိမ်ကိုအမြန်မောင်းမှပဲ။ခေတ်မင်းတစ်ယောက်အိမ်ကိုပဲတန်းတန်းမတ်မတ်မောင်းသွားလိုက်ပြီး အိမ်ရောက်တာနဲ့အခန်းထဲဝင်ကာ သျှားကိုဖုန်းခေါ်လိုက်တယ်။သူ‌ဖုန်းခေါ်တာနဲ့သျှားကချက်ချင်းဖုန်းလာကိုင်ပြီး အသံသေးသေးလေးနဲ့

"ဟယ်လို မောင်လားဟင်"

"ဟုတ်ပါတယ်ဗျာ မောင်ပါဗျ"

"အိမ်ပြန်ရောက်ပြီလားမောင်"

"အခုပဲရောက်ပါပြီခင်ဗျ ရောက်တာနဲ့မောင့်သျှားလေးကိုလွမ်းလို့ဖုန်းချက်ချင်းဆက်လိုက်တာ သျှားရောရေချိုးပီးပီလား"

"ဟုတ် ချိုးပီးပါပြီ"

"နွေးနွေးလေးဝတ်ထားနော်သျှား မိုးကအတော်သည်းနေတယ်"

"ဟုတ်ကဲ့ပါမောင်ရဲ့ မောင်ရောရေမချိုးသေးဘူးလား"

"မချိုးသေးဘူးသျှား သျှားကိုပဲတွေ့ချင်မိနေတယ်ကွာ"

"မောင်ကလည်း အကဲပိုတာ အခုပဲတွေ့ပြီးပြန်လာတာပဲကို ပြီးတော့မနက်ကျတွေ့ရမှာလေ"

"မရဘူးကွာ မောင်ကအချိန်ပြည့်သျှားကိုပဲကြည့်နေချင်တာ မောင့်သျှားကို မောင်မမြင်ကွယ်ရာမှာထားဖို့စိတ်မချဘူးကွာ"

"ဘာစိတ်မချစရာရှိလဲမောင်ရယ်"

"မောင့်အသည်းအသက်ကလေးကအရမ်းတွေချစ်ဖို့ကောင်းတာလေ အဲ့တော့မောင်ကဘယ်စိတ်ချပါ့မလဲ"

"ဟုတ်ပါပြီမောင်ရယ် သျှားမှာစကားပြောစရာလူ ချစ်စရာလူဆိုလို့မောင်ပဲရှိတာပါ မောင်ကလွဲပြီးဘယ်သူစိမ်းနဲ့မှစကားမပြောဘူး နော်မောင်"

"အဲ့တာတွေကြောင့်ချစ်နေရတာကွာ"

"သျှားလည်းချစ်ပါတယ်မောင်ရယ် ကဲ မောင်ရေချိုးတော့လေ မိုးကသည်းတော့အေးနေပြီ"

မောင့်ရဲ့သျှား (Complete)Where stories live. Discover now