မောင့်ရဲ့သျှား (အပိုင်း-၁၈)

572 18 0
                                    

ခေတ်မင်းတစ်ယောက်သျှားကိုကြိုဖို့နောက်ကျနေပြီမို့ကားကိုအမြန်ပင်မောင်းလာခဲ့သည်။ ကျောင်းရှေ့ရောက်တော့ တွေ့လိုက်ပါပြီ။ hoodie အကျီမိုးပြာရောင်လေးနဲ့ အောက်ကဂျင်းဘောင်းဘီ နက်ပြာလေးကိုလိုက်ဖက်စွာတွဲဝတ်ထားပြီး ကျောပိုးအိတ်အနက်ရောင်လေးကိုလွယ်လျက်စာအုပ်ဖိုင်တွဲလေးကို ကိုင်ကာ ခေတ်မင်းကိုစောင့်နေသည်မှာ ပန်းချီကားလေးတစ်ချပ်လိုပင်။ ‌စောင့်ရတာကြာနေလို့ဆိုးဆေးမလိုပဲသဘာဝအတိုင်းပန်းရောင်သန်းနေတဲ့နှုတ်ခမ်းလေးဆူနေသည်မှာ အခုချက်ချင်းပင်အနမ်းမိုးတွေရွာသွန်းချင်စိတ်ပေါက်လာသည်။ခေတ်မင်းလည်းကားပေါ်မှအမြန်ဆင်းကာ သျှားဆီသို့သွားလေသည်။သျှားကလည်းခေတ်မင်းကိုမြင်တော့ပြေးလာကာ ခေတ်မင်းရင်ခွင်ထဲတိုးဝင်ပြီးစိတ်ကောက်တော့သည်။ သျှားကစိတ်ဆိုးစိတ်ကောက်ရင်သူများနှင့်မတူပါ။ ခေတ်မင်းရင်ခွင်ထဲတိုးဝင်ပြီး စကားလည်းမပြောပဲတစ်နေကုန်ခါးလေးကိုဖက်ထားတတ်သည်။အောက်သို့ချလို့လည်းမရ။ထိုအခါမျိုးဆို ခေတ်မင်းကစကားတွေဒလဟောပြောကာချော့မော့ရသည်။အခုလည်းထိုသို့ပြုမူခြင်းပင်ဖြစ်သည်။

"မောင့်ရဲ့သျှားလေး မောင်တောင်းပန်ပါတယ်ကွာ သျှားလေးကိုကြိုဖို့မောင်စောစောထွက်လာခါနီးမှကွာ အမှိုက်ထုပ်တွေရှုပ်နေလို့ရှင်းနေရတာနဲ့နောက်ကျသွားတယ်ကွာ စိတ်မကောက်နဲ့တော့နော်ကလေးလေး"

"......."

"လာ မောင်ကားပေါ်ရောက်မှဆက်ချော့မယ်နော်"

ထိုစဉ်သူ့ရင်ခွင်ထဲမှအသံသေးသေးလေးထွက်လာသည်။

"အင့် ချီ"

"ချီပါပြီခင်ဗျ ဟောဒီကမောင့်နှလုံးသားလေးကို မောင်ကဟောဒီလိုချီပြီး ကားထဲကိုသွားပါ့မယ်ခင်ဗျ"

ထိုအခါမှသျှားမျက်နှာလေးဟာကြည်လင်လာပြီး တခစ်ခစ်နဲ့ရီနေတော့သည်။

"ဟော မောင့်အသည်းနှလုံးလေးကရီတယ်ပေါ့လေ ကဲကွာ ရီလို့အပြစ်ပေးမယ် ရွှတ်"

"ဟား မောင်နော် လမ်းမကြီးမှာ လူတွေမြင်ကုန်မယ်လေ"

"ဘာလဲ မောင့်သျှားလေးကရှက်နေတာလား ရှက်ရင်နမ်းတယ်ကွာ ရွှတ် ရွှတ် ရွှတ်"

မောင့်ရဲ့သျှား (Complete)Hikayelerin yaşadığı yer. Şimdi keşfedin