မောင့်ရဲ့သျှား (အပိုင်း-၃)

876 19 1
                                    

ဒီလိုနဲ့ ဆရာတွေတစ်ယောက်ပြီးတစ်ယောက်ဝင်လာလိုက် စာခနသင်ပြီးပြန်ထွက်သွားလိုက်နဲ့ နေ့လည်ထမင်းစားချိန်ကိုရောက်လာခဲ့တယ်။ကျောင်းလည်းဆင်းတော့ ခေတ်မင်းက
"သျှား လာလေ နေ့လည်စာသွားစားမယ်"

"အင်း သျှားလည်းဗိုက်ဆာနေပြီ ဟီး"

အဲ့အပြုံးတွေခနခနမပြုံးပြပါနဲ့လားသျှားရယ်။မဟုတ်ရင်ကိုယ်စိတ်ထိန်းနိုင်မှာမဟုတ်ဘူး။
"ခေတ်မင်း ခေတ်မင်း ခေတ်မင်း"

"ဟင် ဟင် သျှား ဘာပြောလိုက်တာလဲ"

"ထမင်းသွားစားရအောင်လို့ သျှားခေါ်နေတာကြာနေပြီ ခေတ်မင်းကဘာတွေတွေးနေလဲမသိဘူး သျှားဗိုက်ဆာနေပြီ"
ဆိုပြီး မျက်ရည်လေးဝဲလျက်ပြောလိုက်တော့ ခေတ်မင်းခမျာ ပြာပြာသလဲ
"သျှားရယ် ကိုယ်တောင်းပန်ပါတယ်နော် ကိုယ်ညနေကျ ကိစ္စတစ်ခုရှိလို့ အဲ့ကိစ္စအကြောင်းအတွေးလွန်သွားလို့ပါကွာ လာလာ သျှားဗိုက်ဆာနေပြီမလား ထမင်းသွားစားရအောင်နော်"

"အွန်း အွန်း"

ဒီလိုနဲ့ နှစ်ယောက်သား ထမင်းစားဆောင်ထဲကိုဝင်လာခဲ့တယ်။လူတွေကလည်းသူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်ပေါ့။သျှားကတော့ ဘာမှမသိပေမဲ့ ခေတ်မင်းကတော့အဲ့အကြည့်တွေကောင်းကောင်းသိတာပေါ့။သူတို့နှစ်ယောက်လည်းခုံဝိုင်းလေးတစ်ခုမှာထိုင်လိုက်ကြတယ်။
"သျှား ဘာစားမလဲ သျှားမကြိုက်တာဘာရှိလဲ ကိုယ်သွားယူပေးမယ်"

"အာ အားနာလိုက်တာ သျှားဘာသာသွားယူပါ့မယ် ခေတ်မင်းအတွက်ပါယူလာပေးမယ်လေ"

"မရပါဘူး လူတွေတိုးနေတာမဟုတ်ဘူးလား သျှားကသေးသေးလေး တော်ကြာအဲ့လူတွေနဲ့သျှားကို တိုက်မိကုန်မှဖြင့် ကဲပါ ကိုယ်သွားယူပေးမယ် သျှားဘာစားချင်လဲ"

"သျှားကအစားမရွေးပါဘူး ဘာပဲဖြစ်ဖြစ်စားပါတယ်"

"အိုခေ ဒါဆို ခနစောင့်နော် ဒီမှာပဲထိုင်နေနော်သျှား"

"ဟုတ်ကဲ့"

ခေတ်မင်းလည်း သျှားနဲ့သူ့အတွက်စားဖို့သောက်ဖို့သွားယူနေတော့သည်။

"ရော့ သျှား ဒီမှာသျှားအတွက် ကြက်ပေါင်းခေါက်ဆွဲယူလာပေးတယ် ကြိုက်လားသျှား"

"ဟုတ် ကြိုက်တယ်ခေတ်မင်း ကျေးဇူးပါနော် သျှား ဒီကျောင်းကိုစရောက်ကတည်းက ခေတ်မင်းပဲကူညီပေးနေရတာ ခေတ်မင်း အကူအညီလိုလဲသျှားကိုပြောနော် သျှားကူညီမယ်သိလား"

"အင်းပါကွာ စားတော့ ဟင်းတွေအေးကုန်မယ်"

ကိုယ့်ရဲ့သျှားကကိုယ့်ကိုကူညီရမဲ့အချိန်တစ်နေ့တော့ရောက်လာမှာပါ။ ကိုယ်ဖွင့်ပြောတဲ့အခါ ကိုယ့်ကိုလက်ခံဖို့ကူညီရမှာ အဟက်။
ခေတ်မင်းလည်းတွေးပြီး ထမင်းစားနေတော့သည်။စားပြီးတာနဲ့အတန်းပြန်တက်လိုက်တော့တယ်။ကျောင်းကတစ်ချို့ကောင်တွေ၊ကောင်မတွေကတော့သျှားကိုမနာလိုဖြစ်နေကြတယ်။လူတိုင်းလိုချင်နေတဲ့ ခေတ်မင်းထွဋ်ကဘာအကြောင်းကြောင့်သျှားလွန်းပိုင်ကိုမှခုလိုသဲသဲလှုပ်ဖြစ်နေရတာလဲလို့လည်း သူတို့အတွက်စဉ်းစားစရာဖြစ်နေတော့တယ်။ဒါတင်မကပဲသျှားနောက်ကွယ်မှာ သျှားကိုအတင်းပြောကြတယ်။ ဒါနဲ့ပဲ ဒီနေ့ရဲ့ကျောင်းစဖွင့်ရက်လေးပြီးဆုံးသွားခဲ့တယ်။သျှားလည်းခေတ်မင်းကိုနှုတ်ဆက်ပြီးထွက်လာခဲ့တာပေါ့။ လမ်းတစ်ဝက်အရောက်မှာ

"ဝှီးးးးးးးးးးးး"

"ဟင် ခေတ်မင်း"

"တက်လေ သျှား ကိုယ်လိုက်ပို့ပေးမယ်"

"အာ မလိုပါဘူး ခေတ်မင်းရယ် သျှားဘာသာပြန်ပါ့မယ်"

"သျှား ဘာလို့ကိုယ့်ကိုသူစိမ်းဆန်နေရတာလဲ ကိုယ်နဲ့သျှားကသူငယ်ချင်းမဟုတ်ဘူးလား"

"ဟုတ်ပါတယ် ခေတ်မင်းရယ် ဒါမဲ့ ခေတ်မင်း သျှားကိုကူညီတာတွေများနေပြီလေ သျှားလက်မခံပါရစေနဲ့"

"ကိုယ့်သူငယ်ချင်းကို ကိုယ်ကူညီတာ ဘယ်ကောင်ကိုဂရုစိုက်ရမှာလဲသျှားရာ ကိုယ့်ကိုတကယ်ခင်ရင်တက်ကွာ လိုက်ပို့ပေးမလို့"

သျှားလည်းဘယ်လိုမှငြင်းမရတဲ့အဆုံး

"အင်းအင်း လိုက်မယ်နော်"

"နောက်နေ့လည်းကိုယ်ပဲလိုက်ပို့မှာနော် လာလည်းလာကြိုမှာ တော်ကြာ သျှားခြေထောက်နုနုလေးတွေနာကုန်မယ်"

(အမယ်လေး အကိုတော်ရယ် တွေ့တာတစ်ရက်မ‌ပြည့်သေးဘူး ကဲသဲနေတာ တကယ်ပဲ)
ခေတ်မင်းလည်း သျှားကိုလိပ်စာမေးပြီး သျှားအိမ်ကိုမောင်းပို့နေတော့တယ်။

#Akvi

မောင့်ရဲ့သျှား (Complete)Where stories live. Discover now