မောင့်ရဲ့သျှား (အပိုင်း-၁၇)

568 17 2
                                    

ဒီလိုနဲ့ ခေတ်မင်းတို့အတွဲဟာ တွဲလာတာတစ်နှစ်ပြည့်သွားခဲ့သလို အထက်တန်းဟာလည်းပြီးဆုံးသွားပါပြီ။အခုဆိုရင် ခေတ်မင်းကသူ့အဖေကုမ္ပဏီကိုလက်လွှဲယူပြီး အလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျဦးစီးနေခဲ့ပါပြီ။သူ့လက်ထက်မှာလည်းကုမ္ပဏီဟာအရင်ကထက် အလွန်တိုးတက်လာခဲ့တယ်။ကုမ္ပဏီရဲ့ဝင်ငွေတွေအမြတ်တွေလည်းများလာသလို ကမ္ပဏီမှာငွေအလွဲသုံးစားလုပ်တဲ့သူတွေ နောက်ကျောကနေဓားနဲ့ထိုးချင်သူတွေကိုလည်းနည်းစနစ်ကျကျသက်သေအပြည့်အစုံနဲ့ရှင်းထုတ်နိုင်ခဲ့တယ်။အစမှာတော့တစ်ချို့ရှယ်ယာရှင်တွေကငယ်သေးတယ်လို့ဆိုကာ နှုတ်ခေါင်းရှုံ့ချကြပေမဲ့ ခေတ်မင်းရဲ့လက်တွေ့ကျကျအားမလျှော့ပဲကြိုးစားမှုကြောင့် အခုဆို ရှယ်ယာရှင်တွေဟာလက်ခံရုံသာမက အသက်ငယ်ငယ်လေးနှင့် အခုလိုစွမ်းဆောင်နိုင်ခဲ့တာကိုပင်အံ့ဩလို့မဆုံးချီးကျူးနေကြသည်။တစ်ချို့သမီးရှင်တွေဟာလည်းသူတို့သမီးကိုခေတ်မင်းနဲ့နီးစပ်စေရန်အမျိုးမျိုးကြံစည်ကြသည်။ဒါပေမဲ့ခေတ်မင်းမျက်စိထဲမှာတော့ သျှားကလွဲပြီးဘယ်သူ့ကိုမှအာရုံမလာပါ။အရင်ကတော့တစ်ချို့တွေကခေတ်မင်းဟာရည်းစားရှုပ်သူမို့ သျှားကိုလည်းအပျော်တွဲသည်ဟု ထင်ကြေးပေးကြပါသည်။အခုလို ရေရှည်ချစ်နေကြပုံနှင့်ခေတ်မင်းရဲ့အကျင့်စရိုက်တွေပြောင်းလဲလာပုံကိုမြင်ရမှာ အားလုံးအံ့အားသင့်ခဲ့ရသည်။

သျှားကတော့အခုဆို တက္ကသိုလ်တွင်အနုပညာမေဂျာကိုယူပြီး ဒီဇိုင်းနဲ့ပန်းချီပညာကိုသင်ယူနေသည်။ခေတ်မင်းကတော့အွန်လိုင်းကနေပဲတက်ပြီး အွန်လိုင်းကနေပဲဘွဲ့ယူဖို့စီစဉ်ထားသည်။သျှားနဲ့ခေတ်မင်းဟာအထက်တန်းပြီးသွားတော့လည်း နေအိမ်မှာပြန်မနေကြတော့ပေ။နောက်လည်းအတူတူနေရမှာပဲကို အခုကတည်းကနေရင်ဘာမှမဖြစ်ဘူး ဆိုတဲ့ခေတ်မင်းစကားကိုဘယ်သူမှမလွန်ဆန်နိုင်ပေ။ သျှားကလည်းခေတ်မင်းကိုအရမ်းချစ်တော့ ဘာမှဝင်မပြောခဲ့ဘူး။(အမယ်...လင်မျက်နှာ တစ်ကမ္ဘာပဲနော် မောင်သျှားတို့က 👀👀)

အခုတော့ ခေတ်မင်းနာရီကိုတစ်ချက်ကြည့်ပြီးအလုပ်တွေကိုလက်စသတ်ကာရုံးဆင်းပြီးသျှားကိုသွားကြိုရအုံးမည်။ထိုစဉ်

မောင့်ရဲ့သျှား (Complete)Where stories live. Discover now