Anger

43 3 0
                                    

Anger

"ဒီမှာ......မိန်းမ....."

အဲ့ဒါကျွန်မသိပ်ချစ်ရတဲ့Honeyက ကျွန်မလက်ထဲကစာအုပ်ကိုဆွဲယူလိုက်ရင်း နှုတ်ခမ်းစူပြီးကျွန်မကိုအော်ဟစ်လိုက်တဲ့အသံလေ။

"ရှင်.........."

သူကြိုက်တတ်တဲ့ပြန်ထူးသံလေးနဲ့ကျွန်မပြန်ထူးမိတယ်။

"ကျစ်....."ရှင်".....လုပ်မနေနဲ့။မင်းလေးကို......"

"အဲ့ဒါဘာဖြစ်ရတာတုန်း Honeyရဲ့"

"ဒါဘာတွေရေးနေပြန်တာလဲ ကလေးမ"

"စာရေးနေတာလေ"

"စာရေးနေတာတော့သိတာပေါ့။ဘာတွေရေးနေတာလဲမေးတာကို....."

"ခံစားချက်စာသားလေးတွေလေ Honey......."

"ဟာ.....ကိုယ့်ကိုပြန်ခံပြောနေတာလား ကလေးမ......ဟမ်.......မင်းတော့......"

"ကလေးကိုမအော်နဲ့နော်။ရှင်ကြီးအဲ့လိုခဏခဏလုပ်သိလား။ကလေး အသက်မရှိတော့မှ နားလည်မယ်.....။ကျွန်မကိုဘယ်လိုမှကယ်တင်နိုင်မှာမဟုတ်ဘူးသိလား"

"ဘာ.....ဘာပြောလိုက်တယ်။ပြန်ပြောစမ်း ကလေး.....။ကိုယ့်ကိုအသုံးမကျဘူးလို့ပြောချင်တာပေါ့လေ....ဟုတ်လား.....ပြောစမ်း....ကလေး"

အဲ့ဒီကောင်မလေးကဒေါသတကြီးနဲ့ကျွန်မကိုအော်ဟစ်နေပြန်ပြီလေ။

ကျွန်မရဲ့ Honeyကသိပ်ဒေါသကြီးတတ်တာ။ကျွန်မက ဒေါသကြီးလွန်းတဲ့လူတွေဆိုသိပ်မုန်းခဲ့တာ။သူမနဲ့မတွေ့ခင်အချိန်အထိပေါ့။အခုတော့ သူမကိုချစ်တဲ့စိတ်နဲ့ဒေါသတွေကိုလက်ခံပေးနိုင်လာခဲ့တယ်လေ။

ဒေါသကအန္တရာယ်သိပ်များတယ်။ကိုယ်ချစ်ခင်မြတ်နိုးရတဲ့အရာတွေကိုဆုံးရှုံးရတတ်တယ်လေ။အဲ့ဒါကြောင့် ဒေါသတွေကိုကျွန်မသိပ်မုန်းတတ်ခဲ့တာ။

အဲ့ဒီကောင်မလေးကိုကျွန်မသိပ်ချစ်တယ်။ဘယ်လောက်အထိချစ်လဲဆိုတာကို စကားလုံးတွေနဲ့ဖော်ပြလို့မရနိုင်ဘူး။သူမကိုချစ်တဲ့အချစ်တွေကိုနှိုင်းယှဉ်ပြစရာဘာမှမရှိဘူး။

ဒါပေမယ့် သူမကတစ်ခါ‌တစ်လေ ကျွန်မကိုသံသယရှိနေတတ်တယ်။ကျွန်မကိုမယုံကြည်ဘူး။ကျွန်မကိုနည်းလမ်းအမျိုးမျိုးနဲ့နှိပ်စက်လိုက်၊အနိုင်ကျင့်လိုက်၊စမ်းသပ်လိုက်နဲ့လုပ်တတ်သေးတာ။ကျွန်မကြည်ဖြူပါတယ်။သူမနဲ့ပတ်သက်သမျှအရာရာကိုလက်ခံပေးမယ်လို့ကတိပေးပြီး သူမအနားမှာကပ်တွယ်နေခဲ့မိတာကိုး.....။

To My GirlfriendWhere stories live. Discover now