part-2 ( uni) ⚠🔞

9.4K 136 0
                                    

ဒီယံရှင်း နိုးလာတော့ အခန်းတစ်ခုထဲရောက်
နေပြီဖြစ်သည် ။ ကားပေါ်ကနေဘယ်လိုလုပ်ဒီ
အခန်းထဲရောက်နေသည်ကိုပင်မသိတော့ ။
အခန်းပတ်လည်ကိုကြည့်မိတော့ သစ်သား
ပြားများနှင့်ကာထားသော အခန်းတစ်ခုပင်
အခန်းထဲတွင် သစ်သားဗီယိုတစ်လုံးနှင့် ရှင်း
အိပ်နေတသည့် ကုတင်တစ်လုံးသာရှိသည် ။

အိမ်ကဆောက်ထားတာ အရမ်းကြာသေးပုံ
မရ ။ သစ်သားရနံ့မွှေးပျံ့ပျံ့လေးကိုရနေလေ
သည် ။ အနီးနားက ပြတ််င်းပေါက်ကဖွင့်ထား
သည်မို့မနက်ခင်း နေရောင်ကိုမြင်နေရလေ
သည်။ ရာသီဥတုကချမ်းစိမ့်စိမ့်မို့သူစောင်ထဲ
ကမထချင်ပါ ။ ပြီးတော့ ဒဏ်ရာများက ကိုက်
နေသလိုလိုဖြစ်နေသည့်အပြင် မနေ့ညကကျူပ်
ဆိုသောကောင်ကြောင့် အောက်ပိုင်း‌တစ်နေရာ
က ကောင်းကောင်းပင်မထိုင်နိင်သည်အထိ ။

လူရောဟုတ်ရဲ့လားမသိပါ ဒီလောက်ကြမ်းတမ်း
နေတာ ။ ကိုင်ကိုင်ပြီးဆောင့်ထားသည်‌ လက်
ကောက်၀တ်နေရာတွေဆို သိသိသာသာကြီးနီရဲ
ကာယောင်နေလေသည် ။ ထိုနေရာဆိုရင်တော့
တွေးတောင်မကြည့်ရဲတော့ ။

" နိုးနေရင်လည်း ခင်ဗျားထလာတော့ တခုခု
စားရမယ်"

ဘယ်ချိန်ကရောက်နေသည်မှန်းမသိသောထို
ကောင်က တံကားပေါက်နားကနေလက်ပိုက်
ကြည့်နေရင်းပြောလာလေသည် ။ ရုတ်တရက်
ကြီး အသံကြားလိုက်ရသည်မို့ ရှင်းခန္ဓာကိုယ်
တောင်တုန်သွားရ၏ ။

ရှင်းလဲ ခပ်တည်တည်နဲ့ပဲထရပ်လိုက်သည်
နှင့် ခါးအောက်ပိုင်းက စူးကနဲ့နာကျင်မူနှင့်
အတူ ကုတင်ပေါ််ပြန်ပြုတ်ကျသွားသော
ကြောင့် ၂ ခါနာဖြစ်သွးရ၏ ။ ရှင်းပြန်ပြုတ်
ကျသွားသော ဟိုကောင်က ခြေလှမ်းကျဲကြီး
များနှင့် လှမ်း၀င်လာရင်း စွေ့ကနဲ့ပွေ့ချီပစ်
လိုက်လေသည် ။

" ဘာလုပ်တာလဲ မင်း "

''ပွေ့ချီပြီးခေါ်သွားပေးမလို့လေ ကျူပ်
အစွမ်းကို ကျူပ်သိတယ် ''

ရှင်းမော့ကြည့်ရင်း မျက်စောင်းပင်ထိုး
မိသွားရ၏ ။ သူ့အကြောင်းသူသိရင်လဲ
ဒဏ်ရာနှင့်လူကိုညှာတာမည်မရှိ ။ အင်း
လေ ရှင်းနဲ့သူနဲ့က ဘာမှဆိုင်တာလဲမဟု
တ်ပဲနဲ့ ဘာကိုစာနာပြီးထောက်ထားစရာ
လိုလေမလဲ ။ ဆန္ဒ ပြီးမြောက်ကိုပဲဦးစား
ပေးမှာပေါ့ ။

BLANK-ကွက်လပ်Where stories live. Discover now