''ဒီယံရှင်း..... ဒါခင်ဗျားလား ''
ရှင်းက မာလကာသီးကိုရရန်အားကြိုးမာန်တက်
တက်တုတ်နဲ့ရိုက်ချနေစဉ် ခေါ်လာသောလင်းရှိန်
ကြောင့်လှည့်ကြည့်ရင်း''ဘယ်ဟာတုန်း... ? ''
လင်းရှိန်က သတင်းစာကို ရှင်းဆီထိုးပေးရင်း
လက်ထဲက တုတ်ကိုသူပြောင်းယူကာ ရှင်းထိုးချ
၍မေရသာ မာလကာသီးမ်ားကို တစ်လုံးပြီးတစ်
လုံးရိုက်ချပေးနေလေသည် ။( လူပျောက်ကြော်ငှာခြင်း... )
ဟူသောခေါင်းစဉ်နှင့်အတူ ရှင်းနာမည် အသက်
နှင့်တကွ မိဘနာမည်တွေရော ဓာတ္ပုံတစ္ပုံပါ
ထည့်သွင်းထားလေသည် ။ မေမေရှာနေခြင်း
ဖြစ်သည် ။ အဲ့နေ့ထဲကအခုဆို ရှင်းအိမ်ကထွက်
လာတာ ၂ လကျော်ကျော်လောက်ရှိနေပြီမို့ မေ
မေလည်း တော်တော်ကြီးစိတ်ပူနေလောက်ပြီ
ဖြစ်သည် ။ ဒီကိုရောက်လာတုန်းကလည်းဒဏ်
ရာတွေနဲ့မို့ ကုဖို့အချိန်ယူရင်းက မောင်မင်းကြီး
သား စိုင်းညီလင်းရှိန်ထပ်ပေးသောဒဏ်ရာများ
ကြောင့်လူနှင့်ဒဏ်ရာက မုန့်လုံးကိုစက္ကူကပ်သ
လိုဖြစ်နေရလေသည် ။''အင့်...ရော့...''
လင်းရှိန်က အခုလေးမှထိုးချပေးထားသော
မာလကာသီးမ်ားကို ပုဆိုးခါးပုံစထဲထည့်ထား
ရင်း ထိုထဲမှတစ်လုံးကိုယူပြီး သူ့အင်္ကျီနှင့်သုပ်
ကာရှင်းကို ကမ်းပေးသည်မို့ ရှင်းနူတ်ခေါင်းတ
ချက်တွန့်လိုက်ရင်း ယူပြီးကိုက်ချပစ်လိုက်၏''အွန်း ချိုလိုက်တာ...''
မလကာသီးအရသာကိုတမြုံ့မြုံဝါးရင်းခံစား
နေသောရှင်းဘေးနား၌ဝင်ထိုင်လိုက်ရင်း'' ခဏကခင်ဗျားဟုတ်လား ''
ရှင်း သတင်းစာကိုတသ်ချက်ပြန်ငုံ့ကြည့်ရင်း
''အင်းလေ မင်းကိုကိုပေါ့ ချောတယ်မလား ''
ဓာတ္ပုံက ရှင်းမော်ဒယ်လုပ်တုန်းကပုံမို့ခပ်လန်း
လန်းလေးပင် ။ လန်းတာတော့ဟုတ်ပေမဲ့ မင်း
ကိုကိုဟူသောစကားကြောင့် လင်းရှိန်နင်သွားရ
၏ ။''ဘာကို ကိုကိုလဲ လူက ကိုင်ပေါက်လိုက်ရင်
တစ်ကိုင်စာမရှိဘူး.. ''