part-14(uni)

1.5K 63 2
                                    

''ကိုညီ ကိုကိုကြီးကိုသွားမကြည့်တော့ဘူးလား''

''အွန်း ''

လင်းရှိန် pussi ကိုပိုက်နှင့်စုပ်သောက်ရင်းအေး
ဆေးစွာပဲခေါင်းညိတိပြလိုက်မိသည် ။

''ကိုကိုကြီးခြေတောက်က အခုထိထောက်လို့
မရသေးဘူးလေ... အလုပ်တွေကိုလည်း အိမ်က
နေပဲလုပ်နေရရှာတာ... ''

''ခြေတောက်ကဘာဖြစ်လို့လဲ''

''ဟင် ကိုညီမသိဘူးလား ကိုကိုကြီးပွဲဖြစ်လိုက်
သေးတယ် တော်တော်ကြီးဆိုးတာ... ဒါဒါပြော
ပြမယ်နော် ''

လင်းရှိန်ထပ်ပြီး ခေါင်းပဲညိတ်ပြမိပြန်သည် ။

'' '' ကိုညီလက်မထက်ချင်ဘူးငြင်းတဲ့ မကလျာ
သွယ်လေ...သူနဲ့ကိုကိုကြီးကယူလိုက်ရတာ...
စီးပွားရေးအရပေါ့ အဲ့အမကလေ ကြည့်တော့သာအေးသလိုလိုနဲ့ သူက သူ့ပထွေးနဲ့ခိုးစားနေကြတာ.. ''

လင်းရှိန် မသိမသာ သက်ပြင်းချလိုက်မိပါ၏ ။
ဒယ်ဒီတို့က သူ့ကို အဲ့မိန်းကလေးနှင့်လက်ထပ်ရ
မည်ဆို၍ သူတောင်ပေါ်မြို့လေးမှာသွားပုန်းနေ
လိုက်ခြင်း ။ သူ့အစား ကိုကိုကြီးကလက်ထပ်လိုက်ရသည်တဲ့လား... ။

''ကိုကိုကြီးက အလုပ်ကိုပဲအာရုံရနေတော့အဲ့ဒါ
တွေကိုမသိဘူး...  ပြီးတော့ ကိုကိုကြီးမှာကြိုက်
နေတဲ့သူရှိတာတဲ့...  အဲ့ဒါကလည်းမော်ဒယ်
ကောင်လေးတစ်ယောက်လို့ကြားတာပဲ ဘယ်သူ
လဲတော့ မသိဘူး..  ''

''အဲ့ဒါကို မကလျာသွယ် က လိုက်ရူပ်ရင်းနဲ့မော်
ဒယ်ကောင်လေးနဲ့ကိုကိုကြီး ဇာက်လမ်းကပြီး
သွားကြတာ ကြည့်ရတာဇာက်လမ်းတောင်မစ
ရသေးဘူးထင်ပါတယ်...  အဲ့ကိစ္စတွေပီးတော့
ကိုကိုကြီးဆေးရုံမှာ ၃ လလောက်နေလိုက်ရသေး
တယ် အခုထိခြေတောက်က ကောင်းကောင်းအ
လုပ်ပြန်မလုပ်နိုင်သေးတာပဲ... ''

''ဟိုမိန်းမနဲ့ရော ကိုကိုကြီးကပေါင်းနေတုန်း
လား ''

''ဟင့်အင်း ကွဲလိုက်ကြပြီလေ.... ''

''အော်..''

''ကိုညီ ကိုကိုကြီးကိုခဏလောက်ဖြစ်ဖြစ်
သွားကြည့်လိုက်ပါလား သူလည်းမျှော်ရှာမှာ
အန်ကယ်လ်တို့မသိအောင်လေ... ''

BLANK-ကွက်လပ်Where stories live. Discover now