part-15(uni)

1.4K 62 2
                                    

[ ကိုကိုရေ လွမ်းးးး😞🖤]

ရှင်းပုံအောက်မှ တက်လာသောကွန်မန့်ကို
ကြည့်ရင်း ရင်ထဲလိူက်တက်လာသောခံစား
ချက်နှင့်အတူ မျက်နှာကပါပြုံးမိသွားရ၏
ထိုကောင်လေး၏ စနောက်မူများဟာရှင်းရဲ့
နေ့စဥ်ဘဝမှာ မရှိမဖြစ်နေရာက တဖြည်းဖြည်း
ပါဝင်လာပြီဖြစ်လေသည် ။

' ကိုကိုရေ မောနီးနော် '

ဟူသောဖုန်းခေါ်မူလေးကိုမရမချင်း ရှင်းအိပ်
ယာကမထပဲနေဖြစ်နေတာမျိုး ။

' အမေ့ကိုအားဆေးနဲ့ ensure တိုက်အုံးနော်'

ဟူသောစာလေးကို မမြင်မချင်း မေမေ့ကိုဆေး
တိိုက်ဖို့ပင်မေ့နေတာမျိုး ။

' ကျုပ် အခင်းထဲက ခရမ်းချဥ်တွေစျေးကောင်း
မိတယ် သိလား... ခင်ဗျား share ထားတဲ့ post
က ဖိနပ်လေး ဝယ်ပေးမယ်နော် '

' ဒီနေ့ နေသိပ်မကောင်းဘူးဗျာ ခင်ဗျားနဲ့ချွေး
ထွက်မဲ့အလုပ်လေးတွေအတူတူလုပ်ချင်လိုက်
တာ... 😞'

'ရှင်း ကျူပ်ဆီကိုမလာလည်သေးဘူးလား မြို့
ကြီးသားဆိုတော့ ဘာမှမဟုတ်တဲ့တောင်ပေါ်
မြို့ကကောင်ကို ဂျောင်ထိုးလိုက်ပြီပေါ့လေ'

စသဖြင့် ထိုကောင်လေးထံမှမရိုးနိုင်သောမက်
ဆေ့ချ်လေးတွေ ၊ ဖုန်းကောလ်လေးတွေက ရှင်း
ရဲ့နေ့စဥ်ဘဝကို ရယ်မောစေနိုင်လေသည် ။

'' ရှင်းလေး အရမ်းပြုံးနေပါလားကွ... ရည်းစား
ရနေပြီလား ''

'' အာ... မဟုတ်ရပါဘူး အကိုရာ... ''

ဝှီးချဲပေါ်က ကိုစိုင်းက လာစနေသည်မို့ ရှင်းလက်
ကိုအတင်းကာရင်းငြင်းရ၏ ။ ဟုတ်သည်လေ
လင်းရှိန်က ရှင်းရဲ့ရည်းစားမှမဟုတ်ပဲ.... ။

'' ဟော့ဗျာ အကိုလဲ ငယ်ရာက ကြီးလာတာပါကွာ
ရှင်းပုံစံကိုကြည့်တာနဲ့ ရိပ်မိပါတယ်ကွ...ဘာလည်း
လိုက်ပို့တဲ့ကောင်လေးလား ''

အကို့ခန်းမှန်းချက်က မှန်သွားသည်မို့ ရှင်းမျက်
နှာက ဖြန်းကနဲ့နီမြန်းသွားကာ အကြောင်းမဲ့ ဂုတ်
ကိုပွတ်ရင်း အကို့မျက်နှာကိုပင် မကြည့်ရဲတော့

'' ဟားဟား ဟုတ်နေတာပဲကွ... ပြောစမ်းပါအုံး
အဲ့ကောင်လေးက အချောလေးလား ''

BLANK-ကွက်လပ်Where stories live. Discover now