ကျွီ...!
ရှပ်... ရှပ်...
ရှင်းအိပ်ပျော်နေရာမှ အိပ်ယာဘေးကပြတင်း
ပေါက်ပွင့်သံနှင့်အတူကြားလိုက်ရသောခြေ
သံကြောင့် အသိစိတ်ကနိုးလာရပြီး ခေါင်းပါ
ကြီးသွားရ၏ ။ဘုရား....ဘုရား... သူခိုးများလား....?
ထကြည့်လိုက်ရမလား.... ?
နိုးနေတာသိလို့ လူကိုတခုခုလုပ်သွားရင်ရော
အာ....နေပါစေကွာ... သူလိုချင်တာရရင်ပြန်
သွားမှာ....စိတ်ကိုတင်းပြီး စောင်ကိုလက်ဖြင့်ဆုပ်ကိုင်
ရင်း ထိုသူခိုးထွက်သွားမဲ့အချိန်ကိုစောင့်နေပေ
မဲ့ ဘာအသံမှမကြားရတော့ပဲ ရှင်းရဲ့နောက်ကျော
ဘက်ဆီမှာ ချမ်းစိမ့်စိမ့်ခံစားလိုက်ရတာမို့ထိုလူ
ကရှင်းကိုစိုက်ကြည့်နေမှန်းသိလိုက်ရသည် ။
စိတ္တဇလူသတ်သမားများလား....? ရှင်းအားတင်း
ပြီး အနောက်ကိုတဖြည်းဖြည်းလှည့်ကြည့်လိုက်
မိတော့ ပြတင်းပေါက်ဆီမှ ဝင်လာသောလမ်းမီး
ရောင်နှင့်အတူ ထောင်ထောင်မောင်းမောင်းယော
က်ကျားတစ်ယောက်ရပ်နေလေသည် ။သူ့ဗလအရ ရှင်း ဘယ်လိုမှနိုင်မည်မဟုတ်... ။
'' ဟို... ကျွန်တော်တောင်းပန်ပါတယ် လူကိုဘာမှ
မလုပ်ပါနဲ့....ဟို..ပစ္စည်းကြိုက်တာ ယူသွားပါ...''ပြောနေရင်း ရှင်းအသံများပင်တုန်ရီသွားရ၏ ။
ယောက်ကျားလည်းအသဲနဲ့ပဲကြောက်တတ်တာ
ပေါ့ မတတ်နိုင်ဘူး ။လင်းရှိန် မှာ သတိရလွမ်းဆွတ်စိတ်ကိုထိန်းမနိုင်
သောကြောင့်ပြတင်းပေါက်ကိုကျော်ပြီးတက်
လာပေမဲ့ ထိုလူက လူကိုသူခိုးထင်နေလေသည် ။
ဒီယံရှင်းက စိုင်းညီလင်းရှိန်ဆိုတဲ့ကောင်ကလွဲ
ရင်တစ်လောကလုံးကိုကြောက်နေတော့တာပဲ ။''လူကိုလုပ်ချင်လို့ ပြတင်းပေါက်ကျော်ပြီးတက်
လာတဲ့ကိစ္စကို... '''' ဟင်... လင်းရှိန်လား.... ''
'' အင်း ခင်ဗျားလင်... ''
လင်းရှိန်ဆိုတာ သေချာသွားသည်နှင့် ရှင်းအိပ်
ယာပေါ်မှ ကုန်းကျုံးထရင်း သူ့ကိုပြေးပြီးထု
ရိုက်ပစ်လိုက်တော့သည် ။