''လင်းရှိန် ... ကောင်လေးသက်သာရဲ့လား ''
ဦးကြီးမေးသည့် ကောင်လေးဆိုတာ သူ့အိမ်က
ဒီယံရှင်းကိုပင် ။ စစတွေ့ထဲကဒဏ်ရာတွေနဲ့လူ
ဟာ သူ့ကြမ်းတမ်းမူပါရောသွားသောကြောင့်
တစ်ပတ်လောက်ဖျားသွားလေတော့သည် ။''သက်သာနေပြီ ဦကြီး သူထမင်းတောင်စားနိုင်
နေပြီ ''''အေးကွာ မင်းလဲဆင်ချင်အုံး ''
''ဗျာ...ဘာကို...? ''
ဦးကြီးပြောသည့်ဆင်ချင်အုံးကို လင်းရှိန်တကယ်
နားမလည်တာ ဖြစ်သည် ။...'' ဟွန်း ငါမပြောချင်ဘူး မင်းနှယ်ကွာ ရွာထဲက
နမ်းခမ်းလေးကိုကျစိတ်မဝင်စားဘူးချည်းပဲ
ဟမ်... ဟိုကောင်လေးကျတော့များတွေ့ထဲကိုင်
ဆောင့်တာ ဟိုကောင်လေးမို့မင်းဒဏ်ခံနိုင်တာ
ငါ့ကားတောင် ယိမ်းထိုးလို့....''ထိုအခါမှဦးကြီးဘာပြောချင်လဲဆိုတာသိသွား
ရကာ လင်းရှိန်မျက်နှာကြီးနီရဲသွားရတော့၏ ။''ဦးကြီးကလဲဗျာ....''
ရှက်နေသောလင်းရှိန်မျက်နှာကိုကြည့်၍ဦးကြီး
က တဟားဟား နှင့်သဘောကျစွာရယ်မောနေ
လေတော့သည် ။''ခေတ်သဘောတရားအရနေမှာပေါ့ကွာ မင်း
ကောင်ကလဲ တကယ့်အချောကွာ နမ်းခမ်း
တောင် သူ့လောက်မလှသလိုလို....''''ဦးကြီးကလဲ တော်ပါတော့...''
လင်းရှိန်ရှက်လွန်း၍ လက်ဖြင့်ကာရင်းတားရ
လေတော့သည် ။ အဲ့လိုကိစ္စမျိုးတွေက သူနှင့်
အကျွမ်းတဝင်မရှိလှပါ ။''အမယ်လေး နမ့်ထက် ဘယ်သူကချောတာ
တုန်း...ရွာအလှူရောက်ရင် ကွမ်းတောင်ပေး
ကိုင်သပါ့....''လင်းရှိန်နှင့်ဦးကြီးတို့ အသံလာရာကိုကြည့်မိ
တော့ နမ်းခမ်း.... ။'' ဟော တူမကြီးနမ်းခမ်း...လာကွာ ဦးကြီးတို့
တောင် ညည်းအကြောင်းပြောနေကြတာ..''ဦးကြီးစကားဆုံးတော့ နမ်းခမ်းက လင်းရှိန်ကို
အဓိပ်ပါယျတဈမြိူး ပါဝင်သောအကြည့်များဖြင့်
ကြည့်လာလေသည် ။ လင်းရှိန်ကတော့ သာမန်
ပင် ။...