part-13(uni)🔞🔥

2.7K 82 4
                                    

'' ကျေးဇူးတင်ပါတယ်သားလေးရယ် အန်တီ
ရှင်းလေးကို စောင့်ရှောက်ပေးတဲ့အတွက် ဟင့်''

ဒီယံရှင်း၏အမေဖြစ်သူက လင်းရှိန်လက်ကို
ဆုပ်ကိုင်ရင်း ကျေးဇူးတင်ကြောင်းတစ်ဖွဖွ
ပြောနေလေသည် ။ စကားပြောရင်းတစ်ချက်
တစ်ချက်ရိူက်ကာ မျက်ရည်များပါ ကျလာတတ်
လေသည် ။ ထိုအခြင်းအရာကိုကြည့်ရင်း မိဘမေ
တ္တာ ဟာသည်လိုမျိုးပါလားဟုတွေးမိရသည် ။

''မေမေကလည်း ရှင်းလည်းပြန်ရောက်နေပြီကို
တိတ်ပါတော့ဗျာ.... ''

''အကောင်စုတ်လေး!  ဒီအမေအိုကြီးကမင်းကို
ဘယ်လောက်တောင်စိတ်ပူနေရသလဲ.. ဟမ်..
ဖုန်းလေးတောင်တစ်ချက်မဆက်ဘူး မေ့မေ့မှာ
သားပဲ ရှိတော့တာ....ကို...''

မေမေက ပြောရင်း ထပ်ပြီးရိူက်ကာ ငိုပြန်သည်

'' ရှင်းမှားပါတယ် မေမေရယ်....နော်... မေမေက
ရှင်းကိုခွင့်လွတ်ပေးမယ်မဟုတ်လား ဟင်.. ''

ဒီယံရှင်းက ထိုင်နေရာမှထကာ အမေဖြစ်သူထိုင်
နေသည့် ဆိုဖာအောက်ကြမ်းပြင်၌ဝင်ထိုင်လိုက်
ကာ ပေါင်ပေါ်၌မေးတင်ပြီး ကြောင်ပေါက်လေး
လိုမျိုးချွဲနေသောကြောင့် ဘေးမှ လင်းရှိန်ပင်
အသဲယားသွားရတော့၏ ။ အမေဖြစ်သူကိုယ်
တိုင်လည်း ချစ်စနိုးလေးမျက်စောင်းထိုးကာ

'' ဒါမျိုးဆို သိပ်တတ်ဒင်းလေးက... ဒါနဲ့သား
ကရှင်းလေးထက် ငယ်မယ်ထင်တယ် ''

'' ဟုတ်အန်တီ... ကျွန်တော်က ၂၂ ပါ ''

'' အမေလို့ပဲ ခေါ်လို့ပါတယ်သားရယ် မေ့မေ့
သားလေးအသက်ကိုကယ်ထားပေးတာ မေ့
မေ့သားပါပဲ.... ''

သူ့သားနှင့်ကိုယ်က အကြိမ်ပေါင်းမနည်းဟို
လိုမျိုးလုပ်ပြီးနေကြပြီမို့ ထိုသို့ခေါ်လိုက်လျင်
လဲနစ်နာစရာမရှိချေ ။

'' ဟုတ်ကဲ့ပါ အမေ ''

အမေဟုခေါ်ပြီး ရှက်သွားသောလင်းရှိန်မျက်
နှာကိုကြည့်ပြီး ရှင်းရယ်ချင်သွားရ၏ ။ ဒီကောင်
ရှက်တတ်သေးတာပဲ ဟုလည်း စိတ်ထဲမှကြိတ်၍
မှတ်ချက်ပေးမိလေသည် ။

''ကဲ..ဒါဆို မေမေတို့နားကြရအောင်လေ သားတို့
လည်းကားစီးလာရတော့ ပင်ပန်းနေမှာပေါ့ မေက
ဧည့်သည်ပါမယ်ဆိုတာ မသိတော့ အခန်းကတစ်
ခန်းပဲလုပ်ထားပေးတာ သားတို့ညိအကို၂
ယောက်တစ်ခန်းအိပ်လို့အဆင်ပြေတယ်မဟုတ်လား ''

BLANK-ကွက်လပ်Where stories live. Discover now