part-6 (uni)⚠

3.7K 70 2
                                    

waring: ဤအပိုင်း၌ Bl မဟုတ်သော လိင်
ဆက်ဆံခြင်းများပါဝင်နိုင်သည့်အတွက် မ
ကြိုက်ပါကကျော်ဖတ်ပေးသွားပါရန် ⚠

'' အဲ့ကိုသွားဖို့ကမင်းအဆင်ပြေလို့လား ''

ဖိနပ်စီးနေသည့်ရှင်းကို ​မေးလာသူက ကိုစိုင်း
ဝေယံကိုပင် ။ အရင်တစ်ခေါက်သူကူညီပေး
ပြီးထဲက သူနှင့် ရှင်းနှင့် ရင်းနှီးလာကြတာ
ဖြစ်သည် ။ ကံကောင်းသည်က သူကထိုကိစ္စ
နှင့်ပက်သက်၍ အဆင်ပြေလားဆိုသည့်စကား
မှလွဲ၍ မေးမလာပါ ။ စာချုပ်ကလဲ ဒီလကုန်
ရင်ပြည့်မှာမို့သာတော်သေးသည် ။ မဟုတ်ရင်
ရှင်းဘယ်လိုလုပ်ရမလဲမသိပါ ။ သူ့ဖက်ရှင်
ကြော်ငှာက ကိစ္စနည်းနည်းကျန်သေးသည်မို့
ရှင်းက ကုမ္ပဏီနှင့်စာချုပ်ပြည့်သွားရင်တောင်
သူ့​ကြော်ငှာကိုပြီးအောင်ရိုက်ပေးရအုံးမည် ။

''ပြေပါတယ်...''

''ကိုယ်လိုက်ခဲ့မယ် ''

''ကဲ ကျွန်တော်ရပါတယ်ဆိုအကိုရာ...
အကို ချိန်းထားတာရှိသေးတယ်မဟုတ်လား
အဲ့ကိုပဲသွားပါ...ကျွန်တော်ကြောင့်နဲ့အလုပ်
အပျက်မခ​ံပါနဲ့...''

ရှင်း ကိုစိုင်းကိုပြုံးပြကာပြောလိုက်ခြင်းပင် ။
ဖြူဖြူစင်စင်အပြုံးလေးဆိုပေမဲ့ သူ့မျက်ဝန်း
တွေထဲ၌ မာနအရိပ်တွေတလွှားလွှားမြင်နေရ
လေသည် ။ လှပါသည် ။ ဒီကောင်လေးရဲ့ယ
ခုလိုမာနအရောင်တောက်နေသည့်မျက်ဝန်း
များက သိပ်လှပါသည် ။

''ဟို...ကိုယ်...''

''ကဲ ကိုစိုင်းရေ ကျွန်တော်တို့သွားကြရအောင်
ဗျာ ကျွန်တော်လဲယောက်ကျားပါဗျာနော်..''

အနှီဖြူဖြူပိန်ပိန်ကောင်လေးထံမှ နှစ်သိမ့်သ
ယောင်စကားလေးများနှင့်ပင်ကျေနပ်ရလေ
သည် ။ စိုင်းဝေယံကိုစိတ်တွေ ဘယ်လိုဖြစ်
နေမှန်းတကယ်မသိပါ ။ ဒီကောင်လေးခက်ခဲ
နေတာတွေကို အဆင်ပြေသွားအောင်လိုက်
ကူညီပေးချင်သည် ။ လိုအပ်သမျှကိုဖြည့်ဆည်း
ပေးသူသည်လဲ သူပဲဖြစ်ချင်သည် ။ ရင်းနှီး
လာသည့် ဤ၁လတာအတွင်း သူပို၍လော
ဘတက်လာမိသည် ။

ဒါဟာမဖြစ်သင့်ဘူးဆိုတာ သူ့ဦးနှောက်က
အကြိမ်အကြိမ်သတိပေးနေပေမဲ့ နှလုံးသား
ကတော့ လက်မခံပါ ။ ဒီကောင်လေးအသံ
လေးကြားရရုံ ၊ သူ့ကြော်ငှာထားသည့်ပစ္စည်း
လေးတွေမြင်ရရုံနှင့် ခုံပေါက်လာလေသည် ။
ခက်ပါသည် ။ သူသည် သိပ်မကြာခင်လပိုင်း
အတွင်း၌ အမျိုးသမီးတစ်ယောက်နှင့်လက်
ထက်ရတော့မည့်လူတစ်ဦး ။ ရှင်းလိုမျိူးလွတ်
လပ်ပျော်ရွှင်နေသည့်လူငယ်ကောင်လေးတစ်
ယောက်ဘဝထဲကို မနှောင့်ယှက်သင့်ဘူးဆို
တာအကြိမ်ကြိမ်ဆင်ချင်မိ၍ ရိုးသားသည့်
အပြုအမူတွေကိုသာ ရှင်းကိုမြင်စေခဲ့ပါသည်

BLANK-ကွက်လပ်Where stories live. Discover now