part-10(uni)

2.4K 70 1
                                    

ညှိစို့စို့အနံ့နှင့်အတူ မူးနောက်နေသောခေါင်း
ကြောင့် ရှင်း ဆတ်ခနဲ့ လန့်နိုးလာရ၏ ။ ပတ်
ဝန်းကျင်ကိုကြည့်လိုက်တော့ အခန်းတစ်ခုထဲ
မှာ... ဒါပေမဲ့ ရှင်းဘယ်ကိုရောက်နေလဲတွေးမ
ရ ။ အဲ့ထက်ပိုဆိုးတာက ထမယ်လုပ်မှ ခန္ဓာကို
၌ချည်နှောင်ထားသော ကြိုးများကြောင့်ရှင်း
နည်းနည်းလေးတောင်လူပ်၍မရ ။

ဒါဘယ်နေရာလဲ......  ?

ရှင်းက မော်ဒယ်လုပ်ဖူးပေမဲ့ပြန်ပေးဆွဲရလောက်
အောင်ထိနာမည်ကြီးသူမဟုတ်သလို ပိုက်ဆံလို
ချင်လို့ဆိုရင်လည်းမဖြစ်နိုင်ပါ ။ ရှင်းတို့မှာအိမ်နဲ့
ကားကလွဲရင်ကျန်တာ ဘာမှမရှိ ။ မုန်းလို့သတ်
ပစ်ဖမ်းခေါ်လာရအောင်လည်း ရှင်းကဘယ်သူ
နဲ့မှရန်ညိုးရှိသူမဟုတ် ။

ချောက်!

မီးခလုတ်ဖွင့်သံနှင့်အတူ လင်းလာသောမီးရောင်
ကြောင့် အလင်းနှင့်အသားမကျသော ရှင်းမျက်
လုံးများကိုအလျင်အမြန်မှိတ်ချပစ်လိုက်ရ၏ ။
တံကားဖွင့်သံနှင့်အတူ ခြေသံများကြောင့် အခန်း
ထဲကိုဝင်လာကြပြီဆိုတာသိလိုက်ရသည် ။ ရှင်း
မျက်လုံးများကျိန်းစပ်နေပေမဲ့ ကြိုးစားအားယူပီး
ဖွင့်ကြည့်လိုက်မိသည် ။ ရှင်းကိုဖမ်းခေါ်ထားတာ
ဘယ်သူလဲဆိုတာ အရမ်းသိချင်နေပြီမို့ ။

''မင်္ဂလာပါ ဒီယံရှင်း...
တို့ကိုမှတ်မိသေးတယ်မဟုတ်လား ''

ဟင်!

ရှင်းမျက်လုံးများဝိုင်းစက်သွားရသလို အကျင့်
အတိုင်းပါးစပ်ပါဟမိသွားရ၏ ။ ရှင်းရှေ့မှာရှိ
နေသူက ကိုစိုင်းဝေယံကိုရဲ့ဇနီးဆိုသည့် မသက်
လျာသွင်ပင် ။ မသက်လျာက ရှင်းကိုဘာကြောင့်
ဖမ်းခေါ်လာတာလဲ အကိုနဲ့တွေ့မှာဆိုးလို့လား.. ?

'' ငါနဲ့ မင်းရဲ့အကိုဆိုတဲ့ စိုင်းဝေယံကိုတို့ကကွာ
ရှင်းလိုက်ကြပီသိလား.... ''

မသက်လျာသွင်က အဖြူရောင်Gucciတံဆိပ်
အင်္ကျီနှင့် ဒူးထိစကပ်အမဲကိုတွဲဝတ်ထားကာ
ဆံပင်များကိုအနောက်၌ဖဲကြိုးအဖြူရောင်နှင့်
စုချည်နှောင်ထားကာ အနီရောင်ရင့်ရင့်နူတ်ခမ်းနီ
သည် မီးအလင်းရောင်သိပ်မရှိသောအခန်းထဲ၌ပင်
ထင်ထင်လင်းလင်းမြင်နေရကာ ကွာရှင်းထားသူ
တစ်ယောက်နှင့် နည်းနည်းမျှမတူပဲချိူအီသော
အပြုံးတစ်ခုကိုဆင်မြန်းထားလေသည် ။ ရှင်း
တို့အိမ်မှာ အကို့ကိုလာခေါ်တုန်းကတောင်မျက်
နှာပျက်နေသော အမျိုးသမီးက အခုကွာရှင်းပီး
ချိန်၌ဤကဲ့သို့ပြုံးနေခြင်းသည်တစ်ခုခုလွဲချော်
နေကြောင်း ရှင်းရဲ့ ဦးနှောက်က သတိပေးနေ
လေသည် ။

BLANK-ကွက်လပ်Where stories live. Discover now