Part-5(uni)⚠

4.9K 84 0
                                    

'' ယံယံ.... သားရေ Shootingသွားရမယ်ဆို
နောက်ကျနေမယ်နော်...''

မေမေရဲ့အသံက ဘုရားခန်းဘက်မှလာတာ
ဖြစ်သည် ။ ရှင်းဝတ်လက်စအင်္ကျီများကိုခပ်
သွက်သွက်ဝတ်လိုက်ရင်း

''ပြီးပြီမေမေ..... ကျွန်တော်ဆင်းလာခဲ့မယ်
နော် ''

မေမေ့ကိုအသံပြန်ပေးပြီးသည်နှင့် ဖိုင်လ်တွေ
အကုန်စုံလားပြန်ကြည့်ရသည် ။ ဒီနေ့ရိုက်မဲ့
ဇာက်ကားက Client က အရမ်းဂျီးများ
သည်မို့ ကိုယ့်ဘက်ကမလိုအပ်အောင်ပြင်ဆင်
ထားကာမှတော်ကာကျပေမည် ။ ရှင်းကသရုပ်
ဆောင်မဟုတ်ပါ ။ Model နှင့် Fashion ပွဲ
များကိုသာလက်ခံပေးသည် ။ ရုပ်ရှင်လောက
ထဲဝင်ဖို့ထိ မတွေးမိသေး ။ အခုက အသက်လဲ
၂၀ ကျော်နေပြီမို့ သိပ်မကြာခင်ဖေဖေ့လုပ်ငန်း
များကို ရှင်းကူပေးမှရမည်မို့ပင် ။

''မေမေ.... ဖေဖေကရုံးသွားခဲ့ပြီလား ''

ရှင်းဆင်းလာတော့ မနက်စာဝိုင်းတွင်မေ့မေ့
ကိုသာတွေ့ရသည်မို့မေးလိုက်ခြင်းပင် ။

''ဟုတ်ပါ့ရှင် ရှင်လေးဖေဖေက အလုပ်အရေး
ကြီးလိုတဲ့ သွားခဲ့ပြီ ''

ရှင်းနူတ်ခမ်းလေးအနည်းငယ်စူသွားရသည် ။
ဖေဖေနဲ့မတွေ့ရတာဒါရောဆို ၅ရက်ရှိတော့
မည် ဦးလောဘက ဘာလို့ဒီလောက်ထိကုန်း
ရုန်းရှာနေမှန်းမသိပါ  ။

'' မေ့သားလေးကတော့ ကလေးလုပ်ချင်နေ
တုန်း..... အသက်၂၂ ရှိနေပြီရှင်လေးကသတိ
လဲ ရပါအုံး ''

မေမေက ရှင်းပါးလေးကိုချစ်စနိုးဖြင့်ဖြစ်ညစ်
ရင်းပြောလာလေသည် ။

''မေ့မေ့မျက်လုံးထဲမှာ ကျွန်တော်ငယ်နေသေး
တယ်မလား ''

ခပ်ဆောင့်ဆောင့်လေးမေးတော့ မေမေက
ကြည်ကြည်နူးနူးလေးပြုံးရင်း

''ဟုတ်ပါ့ရှင်... ဟုတ်ပါ့... ကဲမနက်စာစား
တော့ သားနောက်ကျနေမယ် ''

မေမေပြင်ပေးသည့်မနက်စာအရသာကတကယ်
မိုက်ပါသည် ။ ဘာပဲချက်ကြွေးကြွေးကိုကောင်း
နေတာဖြစ်သည် ။ မနက်စာစားပြီးသည်နှင့်ရုံး
ကို မပြေးရုံတစ်မယ်သွားရသည် ။ ကံကောင်း
သည်က client ဆိုသည့်လူကကြိုရောက်
နေခြင်းပင် ။ ရှင်းရောက်လာသည်နှင့် မိတ်ကပ်
လိမ်းပေးသည့် မမသက်က အီးမှန်ထားသည့်
မျက်နှာနှင့်ခေါင်းရမ်းပြရင်း

BLANK-ကွက်လပ်Where stories live. Discover now