part-4 (uni) 🔞⚠

7.2K 117 3
                                    

Merry Christmas par 🎄✨💖

warning:⚠
ဤအပိုင်း၌ ရိုင်းစိုင်းသောစကားအသုံး
အနူန်းများနှင့် ​​ကြမ်းတမ်းသောလိင်ဆက်
ဆံခြင်းများပါဝင်နိုင်သည့်အတွက်ဤအ
ရာများကိုမနှစ်မျို့ပါကကျော်သွားပေး
ပါရန် 🙏

မနေ့ညက မိုးသဲကြီးမဲကြီးရွာချထားမူ
ကြောင့် မနက်ခင်းနေရောင်ခြည်ကသိပ်
မပူပျင်းလှ ။ ဆောင်းရာသီနှင့်ကွဲပြား
စွာ ပတ်ဝန်းကျင်က စိုစွတ်စွတ်မိုးရနံ့နှင့်
အတူ မိုးရွာပြီးစမို့မြေသင်းနံ့လေးကိုပါရ
နေလေသည် ။ ရှင်းအိမ်ရှေ့ခုံလေးမှာ
ထိုင်နေရင်း တောင်အောက်ဘက်ဆီကို
ငေးကြည့်နေမိသည် ။ လင်းရှိန်ဟာ သီး
သန့်ဆန်စွာနေရသည်ကို သဘောကျသ
လားတော့မပြောတတ်ပါ ။ သူ့အိမ်က
တောင်ပေါ်ကုန်းမြင့်နေရာလေးတွင်ရှိပြီး
တခြားသောအိမ်များနှင့်လဲအတော်လေး
ေဝးပါသည် ။

ထို့ကြောင့်ရွာထဲကိုသွားမည်ဆိုလျှင်ဆိုင်
ကယ်နှင့်သွားရသည် ။ ပျဥ်ထောင်တစ်
ထပ်အိမ်ကိုမှ လှေကားသုံးထစ်နှင့်အိမ်ပု
လေးဟာ အိမ်ရှင်စိုက်ပျိုးထားသောစိုက်
ခင်းများအလည်တွင် ဝင့်ကြွားစွာတည်ရှိ
နေလေသည် ။ ဂန္ဓာမာပန်းများ ၊ မုန့်
ညှင်းပင်များ ၊ ကိုက်လန်ပင်များ ၊ မုန့်
ညှင်းဖြူ အစရှိသဖြင့် အပင်များကိုသူ့
အမျိုးနှင့်သူ အတန်းလိုက်စီညီစွာစိုက်
ထားလေသည် ။ ခြံအဝင်စည်းရိုး၌ ငှက်
ပျောပင် များနှင့် စိန်ပန်းဟုထင်ရသော
အပင်များရှိလေသည် ။

ထို့ပြင် စိုက်ခင်းများ၏ထိပ်နားတွင်၌
မာလကာသီးပင် ၊ သံပုရာပင်နှင့် ဖရုံ
သီးပင်တစ်ချို့လည်းရှိသေးသည် ။
လင်းရှိန် ဟာ သူ့တစ်နေ့တာများကိုဒီ
စိုက်ခင်းများထဲ၌သာ ကုန်ဆုံးတတ်
သည့်ပုံ ။ အေးချမ်းပါတယ်လေ ။ ရှင်း
သူ့ကိုအားကျမိသည် ။ အခု ရှင်းဟာ
သူမှ မကူညီရင် ဘာဖြစ်လို့ ဖြစ်နေမည်
ဆိုတာတွေး၍ပင်မရ ။ အတွေးကောင်း
နေစဥ် လင်းရှိန်က ဆိုင်ကယ်နှင့်ခြံအဝ
မှ ဝင်လာသည်ကိုလှမ်းမြင်လိုက်ရသည်
ဆိုင်ကယ်ကို အိမ်ရှေ့က အမိုးအောက်၌
ရပ်ရင်း

''ခင်ဗျားအတွက် ကောင်ညှင်းကျဥ်
တောက်နဲ့ တို့ဟူးကြော်သွားဝယ်ပေးခဲ့
တာ....လာ..ဗိုက်ဆာနေပြီလား ''

BLANK-ကွက်လပ်Where stories live. Discover now