ဒေါက်... ဒေါက်...
အိပ်မရ၍ ဟိုလှိမ့် ဒီလှိမ့်ဖြစ်နေစဥ် အခန်းဝမှ
တံကား ခေါက်သံကြောင့်''ဝင်ခဲ့လေ..ဂျက်မထိုးထားဘူး ''
အိမ်မှာက ကိုယ်နှင့် ဟိုလူပဲရှိသည်မို့ဘယ်သူလဲမေးနေစရာမလို ။ လင်းရှိန် စကားအဆုံးတံကားဖွင့်သံနှင့်အတူ ခေါင်းအုံးပိုက်ကာဝင်လာသော
ဒီယံရှင်း ။ ဟိုနေ့က ကျ တသက်လုံး အတူမအိပ်တော့မဲ့ရုပ်နဲ့ဖြစ်ပီးမှ အခုကျခပ်တည်တည်ပဲ လင်းရှိန်ကိုဂရုမစိုက်ပဲ လွတ်နေသည့် ကုတင်တစ်ဖက်ခြမ်းသို့တက်သွားသောကြောင့် ရယ်ချင်သွားရ၏ ။'' ခင်ဗျား ဘာလုပ်တာလဲ ''
မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့ ခေါင်းပဲနည်းနည်းလှည့်ကြည့်လာပြီး လင်းရှိန်က သူ့ကို
ကြည့်နေတော့မျက်စောင်းထိုးပြီးပြန်လှည့်သွားကာ'' အိပ်နေတာလေ... ''
အော်! ။
အဖြေကြောင့် နည်းနည်းတောင်အံ့သြချင်သွားရ၏
''အိပ်နေတာတော့ လူတိုင်းသိတယ်လေ ခင်ဗျားအခန်းမှာ မအိပ်ပဲနဲ့ ဘာလို့ ကျုပ်အခန်းထဲလဲ
လို့ ''လင်းရှိန်စကားအဆုံး ထိုလူက ဆတ်ခနဲ့ ထ
ထိုင်ကာ လင်းရှိန်ဘက်ကို စူပုတ်ပုတ်နဲ့ကြည့်ရင်း'' မင်းပြောတော့ ငါက မင်းမိန်းမဆို...ဟင်...
အခုကျအခန်းလေးကိုတောင် 'ခင်ဗျားအခန်း တွေ ကျုပ်အခန်းတွေ ' နဲ့ ''နူတ်ခမ်းတစူစူနှင့် ရန်တွေ့လာသည်မို့ လင်းရှိန်ရင်ထဲလမင်းတစ်ရာသာသွားရတော့၏ ။ထိုအတူ စနောက်ချင်စိတ်လေးသည်လည်း ပူးတွဲကပ်ပါလာလေသည် ။
'' ခင်ဗျားပြောတော့ ယောက်ကျားဆို... ''
လင်းရှိန်က ပြုံးစိစိနှင့် ပြောတော့
'' မင်းပဲ ပြောတော့ မင်းနဲ့ငါက ဟိုဟာလုပ်ပြီးပြီမို့
မင်းနဲ့ငါက လင်မယားလိုပဲဆို... '''' ဘယ်ဟာလဲ...''
ရှင်းက မခံနိုင်စွာ ပြန်ပြောနေပေမဲ့ အဲ့လိုတည့်ကြီးကျလည်း မဖြေတတ်ပြန်ပါ ။
'' မင်း... ! ''
''နေ... ငါဟိုဘက်အခန်းပဲ ပြန်သွားအိပ်မယ် ''