Part-8 (uni) ⚠

3.3K 56 1
                                    

'' ရှင်း ကိုယ့်ကိုငုံးဥအခွံခွာထား​ပြီးသားလေး
တွေယူခဲ့ပေးအုံး ''

ကိုစိုင်းအသံကြောင့် သံပုရာသီးစိပ်နေရာမှရှင်း
ထသွားကာ ငုံးဥထည့်ထားသောပန်ကန်ကိုယူ
ပေးရတော့၏ ။ ဒီနေ့က ကိုစိုင်း၏၂၆ နှစ်ပြည့်
မွေးနေ့မို့သူကိုယ်တိုင်ကြာဇံချက်ကြွေးမည်ဟု
ဆိုကာ လက်စွမ်းပြနေခြင်းပင် ။ လက်စွမ်းပြ
သည်ဟုသာဆိုသည် အကုန်လုံးကို တရှင်းရှင်း
နှင့်အော်ပြီးယူခိုင်းနေသောကြောင့်မေမေတို့ပင်
သဘောကျနေကြတော့လေသည် ။

'' အကိုကဗျာ အစထဲက တစ်ခုခုပဲမှာကြွေးပါ
ဆိုတာကိုအခုကျ အလုပ်အရမ်းရူပ်တာပဲ''

ငုံးဥပန်းကန်ကို သူ့ဆီထိုးပေးရင်းနူတ်ခမ်းစူစူ
လေးဖြင့်ပြောလာသူကြောင့် စိုင်းဝေယံကိုရင်
ထဲမှ လိူက်ပြီးကြည်နူးသွားရ၏ ။ မင်းသာအ
ကို့လက်တွဲဖော်ဖြစ်နေခဲ့ရင် ဘယ်လောက်ကောင်းမလဲရှင်းရယ် ။ သူ့အတွေးဟာအချိန်
အကြာကြီးထိပင်ကြာရှည်မခံသောစိတ်ကူးယဥ်
မူသက်သက်သာ ၊ မီးဖိုးပေါ်ရှိကြာဇံဟင်းခါး
အိုးကဆူပွက်လာပြီမို့ ငုံးဥကိုရောမွှေထည့်လိုက်
ရင်းအရသာမြည်းလိုက်ရ၏ ။

အွန်း ကောင်းတယ်.....

ကိုယ့်ဘာသာမြည်းပြီး စိတ်ထဲကနေကြိတ်ပြီး
၁၀ မှတ်ပေးပစ်လိုက်သည် ။ တစ်ဆက်ထဲတစ်
ဇွန်းထပ်ခပ်ကာ တဖူးဖူးမူတ်လျက် ရှင်းဘက်
ကို ဇွန်းထိုးပေးတော​့ ဆရာသမားက နူတ်ခမ်း
လေး တထော်ထော်နှင့်မြည်းကြည့်လေသည် ။

''Oh!....''

ရှင်းအသံကြောင့် ပူသွားတာလားဟုစိုးရိမ်မိ
သွားပေမဲ့ မျက်လုံးလေးများဝင့်ကာ အန်တီ
တို့ဘက်ကို လက်မထောင်ပြနေသူကြောင့်ရင်
ထဲ ကြည်နူးရပြန်ပါသည် ။ တီရှပ်အဖြူလေး
သာဝတ်ထားသော ရှင်းကို အန်တီမျက်စောင်း
လေးထိုးကြည့်ရင်း

'' ဟွန်း ဒီယံရှင်းလေးကိုလည်းမပြောချင်ဘူး
နော် အစကတော့အလုပ်ရူပ်ပါတယ်ဆိုပြီးကုန်း
အော်နေတာ သူမဟုတ်တဲ့အတိုင်းပဲ ''

အန်တီစကားဆုံးတော့ရှင်းက နူတ်ခမ်းလေး
စူသွားရင်း

''အလုပ်ရူပ်လိုက်ပေမဲ့ အကို့လက်ရာကတကယ်
ကောင်းတယ် မေမေရ.....နောက်ဆိုစားချင်ရင်
အကိုအိမ်လိုက်သွားမှရတော့မှာပဲ ဟီးဟီး ''

BLANK-ကွက်လပ်Where stories live. Discover now