part-19 (uni)

1.4K 61 16
                                    

တင်းကြပ်စွာပွေ့ဖက်ခံထားရမူနှင့်အတူရှင်း
ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်နေသော
ကြောင့်နိုးလာရ၏ ။ မျက်လုံးဖွင့်ပြီးဟို ဒီ
ကြည့်မိတော့ ဒါရှင်းအခန်း ။ သို့ပေမဲ့ရှင်း၏
နောက်ကျောဘက်ဆီမှ ဝင်လေထွက်လေနွေး
နွေးနဲ့အတူ တင်းကြပ်စွာပွေ့ဖက်ထားသော
လက်ကြောင့် ေခါင်းကိုအတင်းလည်ပြန်
ကြည့်လိုက်တော့ ခပ်တည်တည်နှင့်အိပ်နေ
သော စိုင်းညီလင်းရှိန်ဖြစ်နေသည် ။ သူမှန်းသိ
တာနဲ့ လက်တွေကိုဖယ်ချပြီး ထဖို့လုပ်တော့ပြန်
ဆွဲချခံရပြီး

'' အစောကြီး ပဲပြုတ်ထရောင်းဖို့လား... ''

''မင်းမေကြီးတော်! ''

မနက်စောတာတွေနောက်ကျတာတွေမတွေးနိုင်
တော့ပဲ ဆဲချလိုက်တော့၏ ။

'' အဟက်! အသဲယားစရာလေးကွာ.... ထပ်အိပ်
ပါအုံး ကိုကိုရယ် မနေ့ညကလဲသောင်းကြမ်းထား
တာကို... ''

'' ဘာကိုသောင်းကျန်း! ''

အတွေးမဆုံးခင် ရှင်းရဲ့လက်​က တင်ပါးများဆီ
ကိုစမ်းလိုက်မိတော့ နာကျင်မူရှိမနေ ။

'' ဟာကွာ စောစောစီးစီး ​မှောင်နေတာပဲ မနေ့က
ခင်ဗျား အရက်တွေ တအားသောက်ထားတာကို
ပြောတာ... ''

ပြောပြီး လင်းရှိန် ကသူ့နှာခေါင်းနှင့် ရှင်းနှာ
ခေါင်းကိုပွတ်တိုက်ပီး ကျီစယ်လေတော့သည် ။
ရှင်းလည်းသူ့မျက်နှာကြီးကိုလက်နှင့်ပြန်တွန်း
ထားလိုက်ရင်း

''ငါ့ကို လွတ်စမ်းပါ စိုင်းညီလင်းရှိန်ရဲ့ ''

'' အဖြေပေးရင်လွတ်ပေးမယ် ''

ပြောပြီး ရှင်းတစ်ကိုယ်လုံးကိုတင်းတင်းကြပ်
ကြပ်ဖက်တွယ်လာရုံသာမက ခြေတောက်များ
ဖြင့်ပါခွလာသောကြောင့် လူက လူးမရလွန့်မရ

'' ဘာအဖြေလဲ....ရူးကြောင်​​ကြောင်နဲ့! ''

'' ခင်ဗျားနော် လူလည်ကျဖို့မစဥ်းစားနဲ့ မနေ့က
ကျုပ် ခင်ဗျားကို ရည်းစားစကားပြောပြီးသား ''

ရှင်း memory ကို ပြန်ခေါ်ပေမဲ့တစ်ခုမှထွက်မ
လာ ။

'' ဟာ... မမှတ်မိဘူးလို့ပြောဖို့လား... ''

BLANK-ကွက်လပ်Where stories live. Discover now