part-7(uni)🔞

5.6K 63 3
                                    

Waring: ဤအပိုင်း၌ အိမ်ထောင်ရေးဖောက်
ပြန်ခြင်းနှင့် ညစ်ညမ်းသောအရေးအသားများပါဝင်သည့်အတွက်မနှစ်သက်ပါကကျော်သွားပေးပါ 🙏

'ဟူး..... ''

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသောသက်ပြင်း
များကိုချနေမိသည် ။ ဒီနေ့ရောဆို ရှင်းနဲ့မတွေ့
ရတာ ၂ ပတ်ကျော်နေပြီဖြစ်သည် ။ သူမင်္ဂလာ
ပွဲပြီးထဲကပင် ။ တော်သေးသည်ကထိုအချိန်
ရှင်းကအလုပ်ကိစ္စနှင့် ထိုင်းဘက်ကိုသွားနေ၍
ဘာကြောင့်ဖုံးကွယ်ထားချင်သလဲဆိုရင်တော့
အဖြေကရှင်းပါသည် ။ တာဝန်ဝတ္တရားတစ်ခု
အတွက် ​လုပ်ပေးရတဲ့ပွဲတစ်ခုကို ချစ်တဲ့သူကို
မသိစေချင်တာမျိူးပါပဲ ။

သူ ရှင်းနှင့်အရင်လိုပဲရှိနေချင်သေးသည် ။
ရှင်းအပြုံးလေးတွေကို ပိုင်ဆိုင်ခွင့်မရရင်
တောင် ဒီအတိုင်းလေးငေးကြည့်ခွင့်တော့ရ
ချင်သေးသည် ။ ပြသနာတစ်ခုခုရှိလာတိုင်း
'' အကို '' ဆိုပြီးအားကိုးတကြီးလာတိုင်ပင်
တာလေးတွေလည်းအရင်လိုပဲရှိနေစေချင်၏
အကယ်၍ ထိုကောင်လေးသည် သူ လက်ထပ်
လိုက်တာကိုသိသွားလျှင် သံယောဇဉ်ရှိတယ်
ဆိုပေမဲ့ မာနကြီးသူပီပီခပ်တန်းတန်းလေးနေ
သွားပေလိမ့်မည် ။

သူအဲ့လိုမျိုးမဖြစ်ချင်ပါ ။ 

'' မောင် ''

အခန်းထဲကိုဝင်လာသော သက်လျာ၏ခေါ်
သံပင် ။ သူတို့လက်ထပ်ပြီးသည့်အချိန်ထဲက
သက်လျာက မောင်ဟူသောနာမ်စားကိုပြောင်း
ပြီးခေါ်လေသည် ။ သက်လျာက ညဝတ်အင်္ကျီ
ပန်းနုရောင်ပါးပါးလေးသာဝတ်ထားပြီးအထဲ
တွင်တော့ဘာမှဝတ်ထားပုံမပေါ်ပါ ။ အင်း အိပ်
တော့မှာပဲဆိုတော့ ။

''အိပ်တော့မလား သက်လျာ ''

''မောင်ရောဟင် ''

'' ဒီစာရင်းလေး လက်စသတ်အုံးမလို့သက်
လျာအိပ်နှင့်လေနော် ''

ဒီယောက်ကျားသည် သူမကိုဤနည်းဖြင့်အ
မြဲရှောင်လေ့ရှိတတ်သည် ။ မင်္ဂလာဦးညက
တောင် သူ့သူငယ်ချင်းတွေထည့်ထားသော
ဆေးကြောင့်မဟုတ်လျှင် ယခုလိုပဲရှောင်နေ
အုံးမည်ထင်သည် ။ သက်လျာကမိန်းကလေး
ဆိုပေမဲ့ လက်ထပ်ပြီးသားဇနီးမောင်နံတွေမို​့
တစ်ယောက်လိုအင်ဆန္ဒကိုတစ်ယောက်က
ဖြည့်ဆည်းပေးရမည်မဟုတ်လား ။

BLANK-ကွက်လပ်Where stories live. Discover now