Name

47 3 0
                                    

Name

"Honey.......ရှင့်ကိုပြောင်းပစ်မယ်"

"ဟေ့......ဟေ့......ဘာတွေတုန်း....ကိုယ့်ကလေးလေး ရစ်ချင်လာပြန်ပြီထင်ပါရဲ့ကွာ။လာစမ်းပါဦး ကိုယ့်ဆီကို......"

"အာ.......Honey......."

Honeyကကျွန်မကိုဆွဲယူပြီးသိမ်းကြုံးပွေ့ဖက်လိုက်တော့ ကျွန်မခန္ဓာကိုယ်လေးသူ့ရင်ခွင်ထဲပြုတ်ကျသွားခဲ့တယ်လေ။

"ဟာကွာ.....ရှင်ကြီးလုပ်ပြန်ပြီ"

"ကိုယ့်ကလေးလေးကိုစိတ်ပူရင် ကိုယ့်ရင်ခွင်ထဲဆွဲထည့်ထားနေကျမလား"

"အွန်း...ဟုတ်တယ်"

"ကဲ...ပြော.....ကလေး ဘာတွေဘဝင်မကျဖြစ်နေပြန်တုန်း"

"ကျွန်မရှင့်ကိုပြောတာနဲ့ ရှင်ကြီးကိုရစ်မယ်တို့၊တစ်ခုခုဖြစ်နေမယ်တို့ ဘာလို့တွေးသလဲ Honey"

"မင်းလေးတစ်ခုခုဖြစ်နေမှ ကိုယ့်ကို အဲ့လိုထူးဆန်းတဲ့စကားတွေပြောတာလေ။ကိုယ်စိတ်ပူတယ် ကလေး‌...."

"ဟုတ်တယ်......ရှင့်ကိုမကျေနပ်လို့ပြောင်းပစ်မှာ......."

"ဟောဗျာ.......ကိုယ့်ကိုဘာတွေပြောင်းပစ်ချင်တာတုန်း ကလေးရဲ့"

"ရှင့်နာမည်ကိုပြောင်းပစ်မလို့...."

"ဘယ်လို....ကိုယ့်နာမည်ကို ကလေးကိုယ်တိုင်ပေးခဲ့တာမဟုတ်လား။မင်းလေးကိုယ်တိုင်အမြတ်တနိုးနဲ့ခေါ်ခဲ့တဲ့ ကိုယ့်နာမည်......."

"တိတ်စမ်း......ကျွန်မကိုယ်တိုင်ပေးခဲ့တဲ့နာမည်ကိုပြောတာမဟုတ်ဘူး။ကျွန်မနဲ့မတွေ့ခင်တုန်းက ရှင့်ကိုလူတကာခေါ်ဖို့ ရှင့်ဘာသာပေးခဲ့တဲ့နာမည်ကိုပြောင်းပစ်မှာ...."

"ဗျာ......အဲ့ဒါက (.......)ဆိုတဲ့နာမည်ကိုပြောတာလား"

"အွန်း......ဟုတ်တယ်။အဲ့နာမည်ကြီးကို လူတကာပါးစပ်ဖျားမှာကြားရတာ အရမ်းမုန်းတာပဲ။အခုချက်ချင်း ပြောင်းပစ်စမ်းပါ Honey....."

"ဟုတ်.....ဟုတ်.....ကလေးငယ်သဘောပါဗျာ။အခုချက်ချင်းပြောင်း......"

"နေဦး......"

"ဘာလိုချင်ပြန်ပြီတုန်း ကလေးရဲ့"

"အဲ့နာမည်ကို ရှင်သုံးခဲ့သမျှ Social media ပေါ်က Accဟောင်းတွေတိုင်းမှာ ဒီအတိုင်းထား....အဲ့နေရာတွေမှာမပြောင်းနဲ့......."

To My GirlfriendOn viuen les histories. Descobreix ara