အခန်း(၃)-Uni

944 47 2
                                    

အခန်း(၃)

အချစ်ကို မည်သို့ထင်သနည်း ဟု
ကျွနုပ်မေးလျှင် အချို့ကရယူခြင်း/အချို့က ပေးဆပ်ခြင်းဟု ခံယူချက်ကွဲလွဲစွာ ငြင်းကြပေဦးမည်။ သို့တိုင် ကျွနုပ်ခံယူချက်သည်ကာ ထိုအရာများအနက် တစ်ခုမှ မဟုတ်‌ခဲ့ပါ။
    ကျွနုပ်သည် အချစ်ဟူသော ပြိုင်ပွဲကို ဘေးမှကြည့်သည့် ပွဲကြည့်ပုရိတ်သတ်ပင် ဖြစ်လိမ့်မည်။ အခြားပြိုင်ပွဲ၀င်များကဲ့သို့ ရယူရန်မယှဉ်ပြိုင်ချင်သလို ပေးဆပ်ရန်လည်း မပြိုင်ဆိုင်လိုပေ။
    အသည်းပန်းတစ်ပွင့်ကို တစ်ဦးတည်း ငေးကြည့်ခွင့်ရချင်သည့် အတ္တသေးသေးလေးသာရှိသည်။

**********
       
         ကျွနုပ်အရှေ့တွင် လောက၌ အလှပဆုံးဖြစ်သည့် အဝါရောင် ပန်းတစ်ပွင့် ရှိ‌ေနသည်။
ငွါးငွါးစွင့်စွင့်ဖြင့် ပွင့်လန်းလျှက်ရှိသည်မှာ မထိရက် မကိုင်ရက်အောင် ချစ်ဖွယ်အတိရှိသည်။
ကျွနုပ်မှာမူ သည်ပန်းကလေးကို မြတ်နိုးလွန်း၍
ရူးသွားနိုင်‌ေလာက်သည်။
သို့သော် ပန်းကလေးသည် ကျွနုပ်ကဲ့သို့မဟုတ်ပါ။
ကျွနုပ်အား အမြင်မကြည်စွာပင် ကြည့်နေ‌သည်။

-"ကဲ..ပြော ပြန်‌ေရာက်‌ေရာက်ချင်း
တို့ကို ဘာလို့ လာမတွေ့ရသလဲဆိုတာ"

-"အာ..အဲ့တာက။ အဟင်း"
 
      နှုတ်ခမ်းကိုဆူလျှက် အလိုမကျစွာမေးလာသည့် သူမကို ကျွနုပ် မျက်နှာချိုသွေးမိတော့ မျက်စောင်းတစ်ချက် ဝေ့ကာလာသည်။

  ကျွနုပ် အသည်းနှလုံးလေးသည်
လေမတိုက်ပါဘဲ ဖြုတ်ကနဲ ကြွေ‌ေလပြီ။

-"ဟင်း."

-"......"

-"အနိုင်က တို့ကိုမခင်မှန်းသိသားကွယ်။
  တို့ကသာ မနေနိုင်..ပါဘဲ"

      ကျွနုပ်ဘာမှ မဖြေတတ်စဉ် ပန်းကလေးသည် အရည်လဲ့လာသည်ကြောင့် ပြာယာခတ်ရလေပြီ။

-"မဟုတ်..မဟုတ်ပါဘူး ဝါရယ်။ ကျုပ်က
ကျုပ်က လာချင်ပါတယ်။ အဲ့တာကြောင့် ဖေဖေ့ကိုတောင် ပြောထားပြီးပြီ။ ညနေကျမှ ညနေကျမှ လာမလို့"

-"....."
ကျွနုပ်ဖြေရှင်းချက်ပေးသည့်တိုင် အရည်လဲ့နေ‌ေသးသည့် သူမကြောင့် အနီးအနားသို့ ဆွေ့ကနဲနေအောင် ခစားရတော့သည်။
သို့သော် အရမ်းကြီးတော့ မကပ်ရဲ‌ပါ။
လေတိုက်လျှင်တောင် ကြွေကျမှာ စိုးရသည့်
မြတ်နိုးရသည့် ပန်းကလေးကို ကျွနုပ်ကြောင့်ဖြင့်
တစ်စုံတစ်ရာမျှ အပွန်းအပဲ့မခံနိုင်ပါ။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now