အခန်း(၇)-Uni

747 43 2
                                    

အခန်း(၇)

"သေသောသူကြာလျှင်မေ့၊
ပျောက်သောသူရှာလျှင်တွေ့"
ဟု ဆိုကြ၏။
ဖေဖေသည် ကျွနုပ်ကို ခွဲခွါသွားခဲ့သည်မှာ ၁၅ရက်ခန့်ရှိပြီဖြစ်သည်။
သို့တိုင် တစ်နေ့မှ မမေ့ခဲ့ပါ။
ဖေဖေ့အား မေ့ရန် အချိန်မည်မျှလိုမည်လည်း
ကျွနုပ်မသိပါ။
သွားလေသူနှင့် ကျန်ရစ်သူနှစ်ယောက်တွင်
ကျန်ရစ်သူမှာ ပို၍နာကျင်ရသည်ကိုတော့
ကျွနုပ် သိပါရဲ့။
သိပါရဲ့လေ။
ဖေဖေသည် ဘ၀ကူးသွားသူမို့ မည်သို့နေမည်မသိ။
ကျွနုပ်မှာဖြင့် ခပ်နွမ်းနွမ်းတဲအိမ်ကလေး၌ ဖေဖေ့ကို ယောင်ယောင်ခေါ်မိသည်မှာ အကြိမ်ပေါင်းမနည်းခဲ့ပါ။
လွမ်းရပါသည်။
ကျွမ်းလည်းကျွမ်း‌ေနရပါပြီ။
ပိုက်ကွန်စိမ်းစိမ်းများကို မြင်တိုင်း ဒန်ဇလုံကလေးကိုမြင်တိုင်း ဖေဖေ့ပုံရိပ်တို့ ပြန်မြင်မိကာ ရင်တို့နာမိပါရဲ့။
သည်နာကျင်မှုတွေ ပြေဖို့က မည်မျှကြာဦးမည်လဲ။

-"ဟူး"

ကျွနုပ် မန်းကျည်းပင်ရှိ ကွပ်ပျစ်ကလေးပေါ်သို့ လဲှကာ တဲအိမ်ကလေးထံ တစ်ချက်ငေးကြည့်လိုက်
၏။
ထိုမှ တဲအိမ် အရှေ့ဘက်ရှိ ခရမ်းခင်းထံသို့။
ထိုမှတစ်‌ဆင့် ခရမ်းခင်းဘေးရှိ တိုင်ထောင်စိုက်ပျိုးထားသည့် ပဲသီးပင်ကလေးများထံသို့ ငေးစိုက်ကြည့်နေမိသည်။
အပင်များသည် ကိုယ်စီ အသီးအပွင့်တို့ဖြင့် စိမ်းစိုရှင်သန်နေကြ‌၏။
အချို့မှာမူ ခူးယူစားသောက်လို့ပင် ရနေပြီ။
ထိုကို ဖေဖေသာမြင်လျှင် ၀မ်းသာပါလိမ့်မည်။
သူ့စိုက်ခင်းကို အမြဲတယုတယနှင့် ပြုစုခဲ့သည်
မဟုတ်လား။
ထို့ထက်များစွာပိုသော ဂရုစိုက်ခြင်းဖြင့်
ကျွနုပ်ကိုလည်း တယုတယ ပြုစုခဲ့ပါသေးသည်။
သို့သော် ထိုအပင်များနည်းတူ ကျွနုပ်အသီးအပွင့်များကို မြင်ခွင့်မရှိတော့‌သည့် ဖေဖေပါလေ။
ကျွနုပ်ကိုယ်တိုင်ကရော ပြုစုသူ ဖေဖေမရှိဘဲ
ထိုအပင်‌ေတွကဲ့သို့ အရွယ်ရောက် သီးပွင့်နိုင်ဦးမည်လား။
ဖေဖေမရှိမှ ဖေဖေ့တန်ဖိုး နားလည်မိသည်။
ဖေဖေ မရှိဘဲရှင်သန်ရပ်တည်ရမည့် အရေးတွေးမိတော့ ရင်မောရသည်။

-"ဟူး ဒီတိုင်းနေလို့ မဖြစ်သေးပါဘူး"

ကျွနုပ် အိပ်နေရာမှ ဆတ်ကနဲ ထထိုင်လိုက်ကာ ဖြတ်သန်းရမည့် ဘ၀ကို စဉ်းစားသည်။
ဒီလို တနေကုန် အိပ်လိုက် စားလိုက်လုပ်နေလို့ဖြင့် ဘ၀ဆက်လို့ရမည်မဟုတ်မှန်း ကျွနုပ်သိပါရဲ့။
တစ်ခုခု လုပ်မှရမည်။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now