အခန်း(၂၄)
အချိန်မှာနွေရာသီဆိုသည့်တိုင် မိုးကုတ်မြို့လို
တောင်ပေါ်ဒေသမှာတော့ အချမ်းပေါ့ရုံသာရှိမည်။
တစ်ခါတစ်ရံ မိုးကလေးများကျပါက
အညာဆောင်းကဲ့သို့ ချမ်းစိမ့်နေတတ်သေး။-"ဟူး"
ယခုလည်း မိုးကေလးကျနေ၍ ရာသီဉတုမှာ ချမ်းအေးနေလျှက်။
မမလေးအနိုင်ဆိုလျှင် နဂိုကတည်းက
အအေးမခံနိုင်သူပီပီ ဆွယ်တာအနီကလေးဖြင့် ကျက်သရေရှိနေလေရဲ့။သို့တိုင် ရာသီဉတုနဲ့ဆန့်ကျင်လျှက် မအေးချမ်းနိုင်
သူက ဒေါ်ဖြူ။
နဖူး၌ချွေးသီးကာ မျက်နှာနီလျှက် အံကိုကြိတ်လျှက်ဖြင့် ဧည့်ခန်းသို့ လှမ်းလှမ်းကြည့်နေသည်မှာ
သိပ်ကိုပူလောင်နေဟန်။
သိပ်ကို ခံပြင်းနေဟန်ပင်။ထိုသို့ဖြစ်ရခြင်းက အခြားမဟုတ်။
မမလေးနှင့်တကွ ဧည့်ခန်းမှာထိုင်နေလျှက်ရှိသည့်
ဗိုလ်ဆန်ဆန်တွေမှုတ်လျှက် ဗိုလ်လို၀တ်စားလာသည့် အသားဖြူဖြူ အမျိုးသမီးကြောင့်ပေတည်း။လာကတည်းက
ဟေး ယူ ဟေး ယက်စ်ဖြင့်
ဘာတေွမှန်းလည်းမသိပါ။
ဒေါ်ဖြူ အမြင်ကတ်တာပဲသိသည်။ဟုတ်တယ်လေ။
ဒီမိန်းမကြောင့်သာ
သိပ်ချစ်ကြသည့် တို့မမလေးတို့လင်မယား
ကွဲခဲ့ကြတာမဟုတ်လား။ဘာတဲ့။
မယ်မဒီဆိုလား ဘာလား။
အင်း နာမည်ကတော့နန်းစံပါရဲ့။
လူကဖြင့် ဗိုလ်ရူး။ရုပ်လှသလောက် စရိုက်က
အထင်ကြီးစရာမရှိ။
သူ့လိုလူနဲ့ပေါင်းလို့သာပဲ
မိန်းမမြတ်ကေလးဝါက
ကလပ်တေွတက် ဘားတေရောက်ခဲ့ရတာ။
ဒါ့အပြင်အရက်တွေပါသောက်
အဲ ထားပါ
အရက်က သူ့ ဝါသနာလေ။
အဲ့မို့ ဒေါ်ဖြူနားလည်ပေးမည်။
မမလေးအနိုင်တောင် သူ့ချစ်လင်အကြိုက်
စပျစ် နာနတ် မက်မန်း စတဲ့ဝိုင်တွေကို
ရာ၀င်အိုးကြီးနဲ့ ဖော်စပ်ပေးသေးတာပါပဲ။
ဒေါ်ဖြူ နားလည်ပေးပါရဲ့။
သို့ပေသိ တစ်ခုပဲ။ဒီမိန်းမ ။
ဧည့်ခန်းထဲက မိန့်မိန့်ကြီးထိုင်းနေတဲ့ ဒီဗိုလ်ရူးမ။
သူနဲ့ပေါင်းတာမျိုးဖြင့် ဒေါ်ဖြူနားလည်မပေးနိုင်ပါ။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်