အခန်း(၅)ဝါ
ကျွနုပ်အသည်းပန်း ဝါ။
ထိုပန်းကလေးသည် ခြေလှမ်းကြွကြွရွရွကလေးဖြင့် အက်ဘောင်ပေါ်တွင် တစ်လှမ်းချင်းလှမ်းကာနေသည်။လံုချည်ကေလးတစ်ဖက်မကာ
လာနေသည့် ပန်းဘုရင်မေခြရင်းတွင် ဘောင်ပေါ်ရှိ ထနောင်းပွင့်ဝါတို့သည် ခယ၀ပ်လျိုးကုန်သည်။
ကျွန်ုပ်နှလံုးသားေလးသည်လည်း ထိုပန်းများနည်းတူ အဝါရောင်ခြေရင်း၌ ခယ၀ပ်လျိုးလေပြီ။
အခွင့်ရလျှင် မည်မျှအထိ လွမ်းဆွတ်နေမိကြောင်း
ထိုခြေရင်းမှာ၀ပ်ဆင်းရင်းက ပြောပြချင်ပါရဲ့။မလှုပ်မရှက်ပင် မျှော်ကာငေးနေမိတော့
လက်မောင်းကို လှုပ်ကာခေါ်လာသည့် မမနုပင်။-"အဇူလေး"
-"ဟင်..ရှင်။ရှင်"
-"ဘာငေးနေတာလဲ လာလေ အထဲသွားရအောင်"
-"အာ..ဟုတ်"
အဝါရောင်ကလေးကို ငေးရင်းဖြင့်ပင်
မမနုခေါ်ရာနောက်သို့ ယက်ကန်ယက်ကန်ဖြင့် ပါသွားရသည်။ကျွနုပ်တို့ တဲဆီသို့ အရောက်တွင် ဝါသည်လည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ၀င်လာလေသည်။
သူမတစ်ယောက်တည်းမဟုတ်ခဲ့ပါ။
အနောက်တွင် ထန်းေခါက်ေတာင်းကို ထမ်းလျှက် ၀င်လာသည့် ကိုကျော်အေးလည်းပါသည်။-"အဝါရယ် ခုမှပဲပေါ်လာတော့မယ်။
ငါတို့ဖြင့် ညည်းကိုမျှော်လိုက်ရတာအေ"-"ဟုတ်ပါ့အေ။
ပျောက်ချက်သားကောင်းချက်တော်။
တော်သေးတာပေါ့ အချိန်မီ ရောက်လာေသးလို့။ မဟုတ်ရင် ဒီငါးတွေကို ကျုပ်တို့ ဘယ်နားထားရမယ်မှန်းကို မသိဘူးတော့"သူမကိုမြင်လျှင်မြင်ချင်း အရီးတင်မြနှင့် မခိုင်
တို့မှာ တဲထဲရှိ များစွာသော ငါးေသတ္တာများသို့ လက်ညှိုးထိုးလျှက် စီးကာ ပြောကြသည်။ သူမ မရှိသည့်
ရက်များတွင် အလုပ်တွေအစီအစဉ်မကျ ရှိသည့်ပုံပင်။-"ဟုတ်ကဲ့ပါ အရီးရဲ့။ ကျွန်မ ဒီရက်ပိုင်း အလုပ်ကလေးနည်းနည်းရှုပ်သွားလို့မလာဖြစ်တာပါ။"
-"အမယ်လေးတော် ညည်းအလုပ်မရှုပ်တဲ့အချိန်ရော ရှိလို့လား။ ဒါနဲ့ ဟိုငမူး ဖိုးထောင်ရောမပါဘူးလားဟဲ့"
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်