အခန်း(၁၆)
"နောင်တ
နောင်ခါမှရ"။
သိပ်ကိုမှန်သည့် စကားပါပေ။
အထူးသဖြင့် အရာရာလွန်ပြီးသွားမှ
ကိုယ့်အမှားကိုယ်သိကြရတဲ့
အရှုံးသမားများအတွက် သိပ်ကိုမှန်ပါ၏။
ယခုဆိုလျှင် အရှုံးသမားကြီးကျွနု်ပ်မှာ အဖြူရောင်
စံပယ်ပန်းကိုမှ နာကျည်းမှုအရောင်တွေ
ဆိုးမိခဲ့သည်ကြောင့် နောင်တရနေပြီ။
ပိုဆိုးသည်က သည်အသည်းပန်းကို
ကိုယ်ကိုယ်ကိုတိုင် တချိန်က တမြတ်တနိုး
ယုယပြုစုခဲ့ဖူးသည်မဟုတ်လား။
ကိုယ်ပျိုးခဲ့တဲ့ပန်းတစ်ပွင့်
ကိုယ်ကြောင့်အရောင်လွင့်ရသည့်အဖြစ်သည်
ဉယျာဉ်မှူးအတွက် ရင်နင့်ဖွယ်ပေတည်း။
အသည်းခိုက်အောင် နာကျင်ရသည့် အဖြစ်ပါလေ။
ထို့ကြောင့် အရောင်လွင့်စ ပန်းငယ်လေးရဲ့
လက်တစ်ဖက်သို့ တယုတယဆုပ်ကိုင်မိသည်။-"အနိုင်ရယ်"
အရှေ့ရှိ အိပ်ပျော်နေသည့် ကလေးငယ်ကိုကြည့်ကာ လက်ကလေးကို ပွတ်သပ်ကိုင်တွယ်မိတော့ စင်ယော်တောင် မျက်ခုံးကလေးက တွန့်ကနဲချိုးသွားသည်။
ထို့ေကြာင့် သွေးကြောမျှင်စိမ်းစိမ်းကလေးများ
ထင်နေသည့် လက်ဖြူဖြူကလေးကို စူးစမ်းသလိုကြည့်မိတော့ လက်ဖနောင့်မှ ခြောက်နေသည့်သွေးစဖြင့်ဒဏ်ရာကလေးရှိေနေလရဲ့။
ခုတင်ပေါ်မှ တွန်းချစဉ်က ရခဲ့သည်ထင်၏။
ကျွန်ုပ်အပြစ်တွေပင်။-"ကလေးငယ်ရယ်"
ထိုဒဏ်ရာကလေးထက်သို့နှုတ်ခမ်းဖြင့် ခပ်ဖွဖွနမ်းရှိုက်ကာဖြင့် သူကလေးရဲ့မျက်နှာကို တစိုက်မတ်မတ် ပြန်ငေးသည်။
-"တို့ သိပ်ဆိုးခဲ့တယ်မလားဟင်။
တို့သိပ်ဆိုးခဲ့တယ်မလား။
ကလေးငယ်အပေါ်လည်း သိပ်အနိုင်ယူခဲ့မိတယ်။
ဒါပေမယ့် ကလေးငယ်ရယ်
အဲ့ဒီအရာတွေအားလုံးက
မင်းကိုချစ်တဲ့စိတ်ေကြာင့်
ဖြစ်ခဲ့ရတာပါလို့ေပြာရင်
တို့ကိုဆင်ခြေေပးတယ်လို့ထင်မှာလားဟင်။"-"တို့တောင်းပန်ပါတယ် ကလေးရယ်။
တို့သိပ်ကိုတောင်းပန်ပါရဲ့။
အခုလို နှလုံးေရှာ့ ရတဲ့အထိကို
စိတ်ဆင်းရဲအောင်လုပ်ခဲ့မိလို့
တို့တကယ်တောင်းပန်ပါတယ်"
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်