အခန်း(၆)-Uni

766 37 2
                                    

အခန်း(၆)

        *ငါဘယ်ရောက်နေတာလဲ*

     ကျွနုပ်ဘေးရှိ အရာအားလုံးသည် အမှောင်အတိဖြစ်နေခဲ့သည်။ မြင်ကွင်းများသည် ဝေဝေဝါးဝါးလေးသာ မြင်ရသည်။
ထို့ကြောင့် ပတ်၀န်းကျင်အား သေချာစွာ စူးစမ်းကြည့်မိတော့။

*ဘုရားရေ*

*ဒါကြီးက..*

  ဘေးတွင် အုပ်ဂူဖြူဖြူလေးများကို မြင်ရသည်နှင့် အတော်ပင် ထိတ်လန့်သွားမိသည်။
ဟုတ်သည်။
ကျွနုပ် သုဿာန်တစ်ခုထဲသို့ရောက်နေခြင်းဖြစ်သည်။ ရွာက သုဿာန်တော့မဟုတ်တန်ရာ။
       ရွာတွင် ရိုးရိုးသာ မြေမြှုပ်၍ အသုဘချတတ်သည်။ ဘုရားဒါယိကာ/မ တို့သာ
ဂူတည်လေ့ရှိသည်။ဂူအရေအတွက်သည်ကားမည်သို့ပင်‌ေရ‌တွက်စေကာမူ ၅လုံးသာရှိပါသည်။
အခုသည် ထိုသို့မဟုတ်ပါ။
ဂူဖြူဖြူများသည် လေး-ငါးဆယ် လောက်ရှိမည်ထင်သည်။

*ဘုရားဘုရား ငါသေပြီလား*

-"မသေသေးပါဘူး သမီးရဲ့"

-"အမေ့!"

     ကျွနုပ်တွေးနေစဉ် အနောက်မှကပ်လျှက် ထွက်လာသည့် အသံကြောင့်  ထခုန်မိတော့မတတ်
လန့်မိသည်။ ထို့ကြောင့် ကြောက်ကြောက်
လန့်လန့် ကြားက နောက်သို့လှည့်ကြည့်မိ‌ေတာ့။

*ဟူး တော်သေးတာပေါ့*

      ပုံဆိုးပန်းဆိုး သရဲတစ်ကောင်မဟုတ်မှသက်မချမိသည်။
သို့သော် လုံးလုံးကြီးဖြင့် စိတ်မအေးနိုင်ပါ။
သည်မိန်းမကို ကျွနုပ်မသိ၍ဖြစ်သည်။
ထို့ကြောင့် အရှေ့မှ မိန်းမအား ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပါသည်။

   ဤမိန်းမသည် ဂျမ်းထဘီအစိမ်းအား ရင်ခေါင်းတင်အနေအထားဖြင့်  ၀န်ဆင်ထားသည်မှာ ထူးဆန်းသည်။ ထို့ထက်ထူးဆန်းသည်မှာ
ညလယ်ကြီးတွင် ဆံနွယ်များ ဖါးလျားချထားခြင်းဖြစ်သည်။

-"ဟို ရေချိုးသွားမလို့လား"

      ကျွနုပ်တွေးနေသည့်အရာအား နှုတ်မှလွှတ်ကနဲထွက်သွားရသည်။
အားနာမိပါရဲ့။

သို့ရာတွင် ထိုမိန်းမသည် စိတ်မဆိုးဟန်ဖြင့်နှစ်ခြိုက်စွာပြုံးလျှက်။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now