အခန်း(၁၄)-Uni

665 34 2
                                    

အခန်း(၁၄)

အချစ်ဟူသည် အချိန်ကာလပေါ်မူတည်၍
ပျောင်းလဲတတ်သည်တဲ့လေ။
ဒါဆို နုနုညံ့ညံ့ပန်းတစ်ပွင့်မှ ရုတ်တရက်
ကြမ်းတမ်းခက်ထန်သွားခြင်းက‌ေရာ
အချိန်ကြောင့်‌ေပလား။
သို့မဟုတ်
တဖက်သတ်အမြင်ကြောင့်လား။
သို့မဟုတ်
လက်ဝါးတစ်ချက်ကြောင့်ပေလား။

အချစ်ဆုံမှတ်တွေအတူဆုံခဲ့ပါလျှက် မြှားဦးတစ်ဖက်တည်းဖောက်ထွက်၍ လမ်းလွှဲသည့်အဖြစ်မျိုး ကြုံဖူးကြလားဟင်။
အနိုင်တော့ ကြုံခဲ့ဖူးပြီ။
အနိုင့်ဘက်မှ သူအနီးသို့ကပ်၍ လိုက်ဆုံချင်ပါလျှက် သူကတော့ မမြင်ဟန်‌ေဆာင်ကာ ဖောက်ထွက်၍
ဝေးသည့်ဘက်ကို ရွေးချယ်နေခဲ့လေပြီပဲလေ။
သို့ပေသိ နီးကပ်နေသရွေ့တော့ အချစ်မြှားဦးလေးပြန်ဆုံ‌ေအာင် ကြိုးစားချင်သေး၏။

-"ဟူး"

လက်မှနာရီကိုကြည့်မိတော့ ည၈နာရီထိုးပေပြီ။
သို့တိုင် သူပြန်မရောက်သေး။
ထို့ကြောင့် မနေနိုင်သည့်ကိုယ့်မှာ ဘိုတဲအိမ်လေးဘေး ရှေ့လျှောက်နောက်လျှောက်ဖြင့် ခြံ၀သို့ငံ့လင့်ရသည်။

-"ဂျူဒီ အသည်းခွဲတဲ့ဂျူဒီ။
ရက်စက်တာများပြီ ဂေ့!"

၈:၃၀မှာပင် အော်ကြီးဟစ်ကျယ်သူ့အသံကို
ကြားရသည်ကြောင့် ခြံ၀သို့ အပြေးကလေးသွားရသည်။
ထုံးစံအတိုင်းပင်။
လူမှန်းမသိအောင် မူးနေသည့်သူ့ကို ကိုဖိုးထောင်မှ
တွဲပို့လာခြင်း။
ကျွန်ုပ်ကိုမြင်သည်ကြောင့် အံ့ဩဟန်ဖြင့်။

-"ဟင် မိဇူ နင်မအိပ်သေးဘူးလား"

-"ဘယ်အိပ်လို့‌ေပျာ်ပါ့မလဲကိုကြီးရယ်
သူမှပြန်မရောက်သေးတာ
ဒါနဲ့ ပေးပေး သူ့ကို
ညီမပဲတွဲသွားလိုက်တော့မယ်"

-"ဟူး..အေးအေးငါ့ညီမ
အဲ့ဆိုအကိုပြန်မယ်နော်"

-"ဟုတ်ကိုကြီး
ဂရုစိုက်ပြန်ဦး"

-"အေးပါ အေးပါ။
နင်လည်း ဂရုစိုက်ဦးနော်။
သူဒီနေ့ သောက်တာနည်းနည်းများသွားတယ်။
တော်ကြာ နင့်ကိုရန်ရှာနေမှာမို့"

-"ဟူး..ရှာလဲခံယံုရှိတာပါပဲ ကိုကြီးရယ်။
ဘယ်တတ်နိုင်ပါ့မလဲ။
ကဲပါ ဘာမှစိတ်မပူပါနဲ့။
ကိုကြီးပြန်စရာရှိတာသာ ပြန်ပါ"

"အနိုင့်ဉယျာဉ်မှူး"Tempat cerita menjadi hidup. Temukan sekarang