အခန်း(၁၈)-Uni

683 32 1
                                    

အခန်း(၁၈)

-"ဟို..ဟိုလေ မမလေးမဇ္ဇူ"

-"ဟုတ်ကဲ့ ပြောပါ ကိုကြည်စိုး"

တွင်းပေါ်ဘက်နားနေတဲထဲမှ စားပွဲနှင့်ခံုတွင်
မိမိတို့ နားရင်းယှဉ်ထိုင်နေပေရာ အနီးသို့ မရဲတရဲဖြင့် ယောင်လည်လည်လုပ်ရင်းကပြောလာသည့်
ဦးကြည်စိုး။
ထိုကို ဘေးမှဝါက စကားလမ်းဖွင့်ပေးသည်။
ကျွနုပ်သိပါသည်။
ဤသည် ငွေရေး‌ေကြးရေးအပြင် ဘာအရေးရှိဦးမည်နည်း။
ဒါကိုမေတ္တာရှင်မကြီးကျွန်မမိန်းမကလည်း သိပါလိမ့်မည်။
ဒါ့ကြောင့်သူ့နာမည်မခေါ်ဘဲနှင့် ၀င်ပြော‌ေနသည်မဟုတ်လား။
မျက်ခုံးခပ်လှုပ်လှုပ်ရယ်ပါ။

-"ဟိုလေ မမ‌ေလးချစ်လွန်း ကျွန်တော်..
ကျွန်တော့မိန်းမက မွေးခါနီး ဖွားခါနီးဆိုတော့ဗျာ.. ငွေလေး ၅သိန်းလောက်ကြိုထုတ်..."

-"ရတယ် ဦးကြည်စိုး။
ကျွန်မကြိုထုတ်ပေးလိုက်မယ်နော်။
ငွေ ၅သိန်းပဲလား လောက်ရဲ့လား..
ပိုယူချင်လဲ...အင့်"

နှစ်ခါပင်မပြောရအောင် သဒ္ဒါလွန်နေသည့်သူ့ကို
စားပွဲအောက်မှ ခါးဆီသို့ ခပ်ဖွဖွဆိတ်လျှက် သတိလှမ်းပေးရသည်။

-"ဟိုလေ.. ဦးကြည်စိုး။
အခုက..ကျောက်တေွလည်းမရောင်းရသေးတော့ ၅သိန်းတော့ရမယ်မထင်ဘူးရှင်။
၂သိန်း‌တော့ ထုတ်ပေး‌လိုက်မယ်နော်"

-"၂..၂သိန်း‌ေတာ့မလုပ်ပါနဲ့ မမ‌ေလးရယ်
  ကျွန်တော့မိန်းမကလေ ဆေးခန်းမှာမွေးမှာဆိုတော့"

-"ဟုတ်တာပေါ့
အနိုင်ကလဲလေ..။
သူ့ခဗျာ မိန်းမက ဆေးခန်းတက်မီးဖွားမှာကို
၂သိန်းဘယ်လောက်ပါ့မလဲ။
ဟုတ်တယ်မလား ကိုကြည်စိုး"

-"ဟုတ်..ဟုတ်ကဲ့ခဗျ"

-" ရတယ်...၅သိန်းမလား။
  ထုတ်ပေးလိုက်မယ်နော်။
  မလောက်လဲပြော..ထပ်ထုတ်ပေး ...
ပေးလိုက်မယ်"

ကောင်းလိုက်တဲ့ ဝါရယ်ပါ။
ဦးကြည်စိုးဆိုသည့်လူအ‌ေကြာင်းကို အလုပ်သမားခေါင်းဆောင်အပြင် အခြားကိစ္စများကို ဘုမသိ
ဘမသိဖြင့် သနားစိတ်နဲ့  ထုတ်ပေးချင်နေသည့်ပုံ။
ရွာကလူတွေလိုမှတ်နေသလားမသိ။
ဦးကြည်စိုးကို မည်သို့မျှတော့မထင်ချင်ပါ။
သို့သော် သည်ဘက်ကလူတော်တော်များများမှာ အချို့သည် ဘိန်းစားကြတတ်သည်။
မတော်၍ ပလီပလာဖြင့်ညာထုတ်သွားမှ ဒုက္ခရောက်မှာ သူမသိသလား။
ဂရုဏာရှင် မမဝါရယ်။
ထိုဂရုဏာရှင်ကြီးကို ဒီတစ်ခါမှ ခပ်နာနာဆိတ်၍
တားသည်ကိုပင် မနာသလို အံကိုကြိတ်လျှက် ထုတ်ပေးမည်အာမခံလိုက်သေး။
မတတ်နိုင်ပါ။
ထို့ကြောင့် ကျွန်ုပ်ဘေးရှိ အနီရောင်သားရေလက်ဆွဲအိတ်ကလေးထဲမှ ထောင်တန် ၅အုပ်ကို ထုတ်ပေးရတော့သည်။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now