အခန်း(၄)
-"လှတယ်နော်"
-"အင်း"
-"ကြာပန်းကလေးတွေ သိပ်လှတယ်"
-"အင်း"
သူမနှင့်ကျွနုပ်တို့ အိမ်မပြန်ဖြစ်သေးပါ။ ကျောင်းအရှေ့ရှိ ရေကန်တွင် ခနထိုင်ချင်သေးသည်ဟု ဆိုလာသည်ကြောင့် ကန်ဘေးတွင် ပုံ့ပုံ့ကလေး
လာထိုင်နေရခြင်းဖြစ်သည်။"ကန်ရဲ့တန်ဆာ ကြာ"ဆိုသည့်အတိုင်း ကြာပန်းများ ရဲရဲနီအောင်ပွင့်နေသည့် ဤကန်ကြီးသည်
မြင်သူတိုင်း စိတ်ကိုအေးချမ်းေစမည်သာ။သို့သော် ကျွနုပ်စိတ်တွေတော့ အေးချမ်းမနေခဲ့ပါ။ ကြာနွယ်များကဲ့သို့ ရှုပ်ပွေလီခတ်လျှက် ရှိသည်။ ထို့ကြောင့် သူမ ပြောသမျှကို ဟက်ဟက်ပက်ပက်မရှိဘဲ ပြန်ပြောနေမိခြင်း။
-"အနိုင်.."
သူမခေါ်သည်ကြောင့် ကျွနုပ်အရှေ့မှ မြင်ကွင်းလှလှလေးများကို လျစ်လျူရှုလိုက်သည်။
ကျွနုပ်ကမ္ဘာ၌ အလှဆုံးဖြစ်သည့် ပန်းတစ်ပွင့်ကိုသာ ငေးပါမည်။
အပြင်ကမ္ဘာပေါ်ရှိ မြင်ကွင်းလှလှဟူသမျှသည်
ထိုပန်းကလေးလောက် စိတ်မအေးချမ်းနိုင်ပေ။အေးချမ်းသည့် အလှပိုင်ရှင် ပန်းကလေးမှာမူ
သူ့လောက်မှ မလှပသည့် ပန်းများကိုပင် လှသည်ဟုဆိုေနသေးသည်။
လေတစ်ချက်အေ၀့တွင် နက်မှောင်သည့် ဆံနွယ်တို့သည် ကျွနုပ်အနီးသို့ လာရိုက်ခတ်သည်။
မိမိနှာဖျားတွင် ဆယ်နှစ်ရာသီပန်းရနံ့တို့ ကြိုင်လှိုင်သွားရပြန်သည်။
ရှုပ်နေသည့် စိတ်အစဉ်သည်လည်း အဝေးသို့ပြေးလေပြီ။-"အနိုင် အချစ်ကို ဘယ်လိုမြင်လဲဟင်"
ထိုစကားကို ကျွနုပ်ထံမကြည့်ဘဲဆိုလေသည်။
အချစ်သည် ယခုကဲ့သို့ အသည်းပန်းတစ်ပွင့်အား
တသက်လုံးပဲ ငေးကြည့်ခွင့်ရချင်သည့် ဆန္ဒတစ်ခုပါ
ဟု ဖြေလိုက်ချင်သည်။
သို့သော် မဖြေနိုင်ခဲ့ပါ။-"ဟင့်အင်း။ မသိပါဘူး။"
-"တို့တော့သိခဲ့ပြီ အနိုင်။"
-"......"
သူမစကားကြောင့် ကျွနုပ် ကျောရိုးများပင် တောင့်တင်းသွားသေယာင်ရှိသည်။
မယုံကြည်စွာ သူမကို ငေးစိုက်ကြည့်နေသည့်တိုင် သူမသည် ကျွနုပ်ဘက်သို့ အကြည့်တို့ကို ပေးသနား မလာပါ။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်