အခန်း(၈)-Uni

792 40 5
                                    

အခန်း(၈)

-"အာ့ ကျွတ်ကျွတ်"

-"အာ့!"

-" ဦးလေးရယ် ဖြည်းဖြည်းနှိပ်ပါ။
  သူ အရမ်းနာနေပြီ"

-"ဟဲ့ အဝါ။ ငါလည်း ဖြေးဖြေးနှိပ်တာပဲ။
နင့်လူကိုက မခံနိုင်တာ။ ဒါနဲ့နေစမ်းပါဦး အနိုင်"

-"ဟုတ်..ကဲ့..အာ့!"

-"နင့်‌ေခြ‌ေထာက်က။ ငါမနက်ကမြင်တုန်းကဖြင့် အကောင်းကြီးလားလို့ပါ။
ဘယ်လိုလုပ် အခုမှ ခြေခေါက်သွားရတာလဲ"

-"ကျွတ်ကျွတ် ။
ဟို..ချော်..ချော်လဲလို့ပါဦးလေး"
     
ကျွနုပ် ဦးတင်ထွေးအား မလိမ်ချင်သော်လည်း
အမှန်အတိုင်းပြော၍မဖြစ်ပါ။
ထော်လာဂျီပေါ်က ခုန်ချလို့ဖြစ်မှန်းသိလျှင်
နည်းတောင်နည်းသေးတယ်ဟု ပြောနိုင်သည်။
ထို့‌ေကြာင့် လိမ်ပြောမိတော့ သူကမယုံဟန်ဖြင့်။

-"အနိုင်ရယ်။ မိုးတွင်းကြီးလည်းမဟုတ်ဘဲနဲ့
နင်က ဘယ်လို ချော်လဲလာရတာတုန်း"

-"ဟိုလေ..ဟို"
     
     တကယ့်အစ်လာစဉ်တွင် ကျွနုပ်မဖြေတတ်‌ေတာ့ပါ။ဝါ့မျက်နှာသို့သာ အားကိုးတကြီးကြည့်လိုက်၏။

-"အော် ဦးလေးတင်‌ေထွးရယ်။
မိုးတွင်းမှ ချော်လဲရမတဲ့လား။
ကျောက်စရစ်ခဲ‌ေလးတွေ ဒီလောက်များတဲ့လမ်းမှာ ပြေးရင်းလွှားရင်းလည်း ချော်လဲနိုင်တာပဲကို။"
       
ဝါမှ ဦးတင်ထွေးအား ထိုသို့ စိတ်မရှည်ဟန်ဖြင့်
ပြော‌ေလမှ မမေးဘဲဆက်နှိပ်‌ေတာ့သည်။
သို့သော် သိချင်ရာမသိရသည့်ကြောင့် မ‌ေကျနပ်သည်ထင်။
ခုနကထက်ပါ လက်စွမ်းပြလာသည့် ဆရာဦးတင်ထွေးရယ်ကြောင့်။

-"အာ့!"

*************

    ဤသို့ဖြင့် ခေါက်သွားသည့် ခြေထောက်‌ေကျးဇူး‌ေကြာင့် ကျောင်းထပ်၍ နောက်ကျရပြန်သည်။
သို့သော် နောင်တဖြင့် မရမိပါ။
ပန်းကလေးဘေး ရနံရှူနေရသည်ကြောင့်
ပျော်ပင်ပျော်နေသေးသည်။
ယခုလည်း ကျွနုပ်ဘေး ပန်းကလေးရှိသဖြင့်
မှိုရသည့်မျက်နှာကဲ့သို့ တပြုံးပြုံးဖြစ်နေသည်။
ကျွနုပ်တို့သည် မန်းကျည်းပင်အရိပ်ရှိ ကွပ်ပျစ်တွင်ထိုင်နေကြသည်။
ပူလွန်းသည့်နေကြောင့် တဲထဲတွင်မနေနိုင်၍ ဖြစ်၏။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now