အခန်း(၂၂)
ဆေးရုံဆေးခန်းဟူသည် မလွှဲသာသည့်အေခြအေနအမျိုးမျိုးေကြာင့်သာေရာက်တတ်ခြင်းပေ။
ဟိုတအီအီ သည်တအာအာဖြင့် စိတ်မချမ်းသာ
စဖွယ်နေရာပင်။
ဆေးအနံ့အသက်များနှင့် ညည်းညူသံများကြောင့်
နေကောင်းသည့်လူပင် ဖျားချင်မိသည်။
သို့ပေသိ ကျွန်ုပ်မှာဖြင့် ထိုဆေးရုံအနံ့အသက်နှင့်တကွ ဆူဆူညံညံအသံများပင် နားထဲမကြားနိုင်ခဲ့ပါ။
ခွဲစိတ်ခန်းဟူသည့်အပြာရောင် ဆိုင်းဘုတ်အရှေ့၌ ခေါက်တုံ့ခေါက်ပြန်ေလျှာက်ရင်း အဂ်ုလိမာလသုတ်ကို ခေါက်ပေါင်းမနည်းရွတ်ဖတ်နေမိ၏။
ခုံတန်းရှိပါလျှက် ဖင်မထိုင်နိုင်။
စိတ်ထဲမှအပူလုံးကြီးများကြောင့် အခန်းထဲမှထွက်လာသည့် ဆေးရုံကလူဟူသမျှကို ကြင်သူဇနီးမယားရဲ့ အခြေအနေေပြးမေးရသည်မှာလည်း
အမောပါလေ။
ကြာတော့ ထိုလူများကပင် ငြိုငြင်နေဟန်။။
မျက်ခုံးရှုံ့လျှက် လေသံခပ်မာမာတို့က မဖြေချင့်ဖြေချင်ဟန်မျိုးပါ။
သို့ပေသိ စိတ်မဆိုးမိ။
ကိုယ့်အပူ ကိုယ်သာသိသည်လေ။-"ဟူး..မြေးလေးရယ်။
ထိုင်နေစမ်းပါဦးကွယ်..
ဖွားဖွားတောင်မျက်စိနောက်လာပြီ။"-"ဒါမယ့် ဖွားဖွားရယ်..
အနိုင်က..အနိုင်ကလေ
ခွဲခန်းထဲကမှထွက်မလာသေးတော့
သမီးရင်တေပူလှတယ်"-"အရမ်းစိတ်မပူပါနဲ့ ငါ့မြေးရယ်။
စိတ်ကိုအေးအေးထား..
ဒီကဖိုးဖိုး မန်းလေးမြို့ကအတော်ဆုံးဆိုတဲ့
ဒေါက်တာကို ငွေပုံပေးငှါးပေးထားတာ။
ဒါထဲကမှ ငါ့မြေးနဲ့မြစ်တစ်ခုခုဖြစ်ရင်တော့လား..
ဒင်းတို့ဆေးရုံတော့ ပြာကျအောင်လုပ်ပစ်မယ်"-"ဟော..ရှင်ကတမျိုးကိုအောင်ရယ်။
ဟိုကမှ ပူနေရတဲ့အထဲ။
ရှင်ကပါထပ်ရှို့နေသေး။"-"မရှို့ပါဘူး မိန်းမရ။
ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းပြောတာပဲ။
နာရီ၀က်ရှိနေပြီ
ခုထိကလေးသံလည်းမကြားရ..
လူကြီးသံလည်းမကြားရနဲ့
ကြာတော့ ဒီဆရာ၀န်တွေကို စိတ်ကတိုလာရပြီ"-"ဟော့တော်!
မြေးလေးကမေးဆေးပေးခွဲပါတယ်ဆို
ဒီနာရီ၀က်နဲ့ ဘယ်လိုလုပ်
ကလေးသံကြားရပါ့မလဲရှင်။
ကျွန်မတုန်းကတောင် သားကိုမွေးတုန်းက
၁နာရီလောက်မွေးရတယ်မဟုတ်ဘူးလား။
ရှင်ကပါ အကြီးဖြစ်ပြီး ဂနာမငြိမ်မဖြစ်စမ်းနဲ့။
အေးအေးနေစမ်းပါ"
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်