အခန်း(၂၁)-Uni

653 30 2
                                    

အခန်း(၂၁)

-"ဟင် မမလေး။
  ပေးပေး လေးလေးဖြူကိုပေး။
  လေးလေးပဲ သူ့ကိုတွဲသွားလိုက်မယ်"

-"နေနေ လေးလေးဖြူ
  ရတယ် မတွဲကူနဲ့။
  အနိုင့်ဘာသာပဲ တွဲသွားလိုက်ပါ့မယ်။
  အရင်ကလည်း သူ့ကိုဒီလိုပဲတွဲပို့နေကျရယ်ပါ။"

-"ဟင်"

-"ဒါဆို အနိုင်တို့နားတော့မယ်နော်။
  ညလည်းနက်ပြီမို့ လေးလေးဖြူတို့လည်း
တံခါး‌ေတွလံု‌ေအာင်ပိတ်ပြီးရင်
နားလိုက်ကြတော့‌ေလ။
စားစရာရှိလည်း မပြင်ပေးတော့နဲ့
ဟိုက စားခဲ့ပြီ"

-"....."

‌ေဒါ်ဖြူတစ်ယောက်  သူဌေးပါတီတစ်ခုသွားသည့်မမလေးတို့အတွဲမှာ ညကြီးမိုးချုပ်မှပြန်ရောက်လာသည်ကြောင့် ပြာပြာသလဲပြေးကူရန်ပြင်ရသည်။
သို့တိုင် မမလေးအနိုင်သည်လက်မခံပါ။
ယိမ်းထိုးနေသည့် သူ့ချစ်ဇနီးကိုမနိုင်မနင်းတွဲမြဲတွဲသည်။
သို့ရာတွင် မမလေးမှငြင်းဆိုသည့်စကားကြောင့် မျက်၀န်းပါ ပြူးကျယ်ရသည့်အဖြစ်။
နားကြားလွဲသည်ဟုပင် ထင်မှတ်မိပါသည်။

မြင်တွေ့စကတည်းကပင်
ရှည်လျားလှသည့်အရပ်ဖြင့် လိုက်ဖက်ညီစွာ
တင်ပါးအောက်အထိရှည်သည့်ဆံနွယ်များ
ဖြန့်ချထားတတ်သည့် ဤမိန်းက‌ေလး။
နာမည်နှင့်အဝါရောင်တထပ်ကျရ‌သည်အထိ
ထိုအ‌ေရာင်ကို များစွာချစ်မြတ်နိုးဟန်။
အဝါ‌ေရာင်ဗမာရင်ဖုံးနှင့် ကြည့်လှသည်ထက်ပိုအောင် အ၀ါဆင်လံုချည်ကို ခြေမျက်စိအထိဖုံး၍ ထည်လဲမရိုးအောင်၀တ်တတ်သည့် မိန်းကလေး။
အဝါရောင်ပန်းတစ်ပွင့်ကိုပါ နားကြားအမြဲပန်ဆင်၍
သနပ်ခါးရေကျဲကလေးပဲ လူးတတ်သည့်
မိန်းက‌ေလး။
တကယ့် နတ်မိမယ်တမမျှလှပပေသည်။
ထိုမျှမကပါ။
ဤမိန်းကလေးသည် အဆင်းရောအချင်းပါပြည့်စုံဟန်။
သဘောထားလည်းကြီးလှပေသည်။
တံခါတရံ မမလေးအနိုင်မှ ယခုကဲ့သို့ခေတ်မိစွာ၀တ်စား၍ စိတ်မကြည်လျှင် အားမနာဘဲ ဘုနှင့်ဘောက်ပြောဆိုတတ်သည့်တိုင် သူမကမူ စကားပြောလျှင်
ပဲ့ပါသွားမှာစိုးသည့်အလား လေယူလေသိမ်းမှာနူးညံ့ညင်သာလှသည်။
ဒေါ်ဖြူအမြင်၌ စံတင်ထိုက်သည့် အမျိုးမြတ်မိန်းမ‌ေကာင်း‌လေးတစ်ဦးဆို မမှားပါ‌ေလ။
သူမဟန်ပန်နှင့် သူမစရိုက်ကို မမလေးအနိုင်အဖို့
မပြောနှင့် ဒေါ်ဖြူပါ လေးစားချစ်ခင်ခဲ့မိသည်အထိ။
ထိုသို့‌ေသာ အမျိုးသမီးဟာ ယခု‌ဖြင့်
အရင်နှင့်ပြောင်းပြန်ပါ‌ေလ။
မူးရူး‌ေသာက်စားလာ၍ မမလေးကပါကူတွဲထားရသည်။
ထိုမျှမကသေး မမလေးပြောပုံအရ အရင်ကပါ
အမြဲမူးရူး‌ေနတတ်သည့်ပုံ။
အံ့ဩမဆုံးပင်ဖြစ်မိပါရဲ့။
ထို့ကြောင့် မိမိအားမှာစရာရှိတာမှာပြီး ဘန်ဂလိုလေးထဲတွဲ၀င်သွားကြသည့် မမလေးတို့နောက်ကျောကိုသာ မလှုပ်မရှက်ငေးနေမိတော့ အနီးသို့ရောက်လာသည့် လင်တော်မောင်။
ပုခုံးသို့ဖက်တွယ်ရင်းက ဒေါ်ဖြူငေးနေသည့်ဘက် လိုက်ကြည့်သည်။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now