Uncover

50 3 0
                                    

Uncover

ကျွန်မသိပ်သဘောကျတဲ့ note book လှလှလေးရယ်၊ သုံးနေကျဘောပင်လေးရယ်.....သူတို့တွေက ကျွန်မရဲ့စာကြည့်စားပွဲပေါ်မှာ နှစ်လိုဖွယ်နေရာယူထားလေရဲ့......။

ကျွန်မဖွင့်ထားမိတဲ့ သီချင်းလေးက Zara Larsson ရဲ့ Uncover .....။

ကျွန်မရဲ့လက်ချောင်းလေးတွေက ဘောပင်လေးကိုကောက်ယူလိုက်မိတယ်။ပြီးတော့ ကျွန်မရဲ့လက်ကလေးကို ကိုယ့်ဘာသာကြည့်ရင်း ခပ်သဲ့သဲ့လေးပြုံးမိတယ်။လက်သည်းရှည်လေးတွေရှိနေတဲ့ကျွန်မရဲ့လက်ကလေးတွေကို Honeyလို့အမြတ်တနိုးခေါ်ရတဲ့ သူမက သိပ်နှစ်သက်တတ်တာလေ။

အင်း.....အခုအဲ့ဒီလက်ချောင်းလှလှလေးတွေက Honeyအကြောင်းကို စာရွက်တွေပေါ်မှာချရေးဖို့ပြင်ဆင်နေမိပြန်ပြီ‌။

သူမနဲ့ပတ်သက်ရင်လေ ကျွန်မအရမ်းကိုအဖြစ်သည်းတတ်တာပါ။

သူမက ကျွန်မကို တစ်နေ့ထက်တစ်နေ့ပိုပိုပြီး ချစ်မြတ်နိုးဂရုစိုက်ပေးလာခဲ့တယ်။အရင်ကထက်ပိုပြီး ကြင်နာပေးလာခဲ့တယ်။

အခုကျွန်မ ဘာတွေတွေးမိနေသလဲသိလား Honey။ကျွန်မတို့နှစ်ယောက်ရဲ့အနာဂတ်အကြောင်းပေါ့ Honeyရယ်။

ကျွန်မတို့နှစ်ယောက်ရဲ့ဘဝတွေပေါင်းဖက်ဖို့ဆိုရင် အခြေအနေအများကြီးဖြတ်ကျော်ရမှာမဟုတ်လား။ကျွန်မတို့က မိန်းကလေးနှစ်ယောက်ဖြစ်နေတဲ့အပြင် အသက်အရွယ်၊မိသားစု၊နေရပ်ဒေသ၊အခြားသောအခြေအနေအမျိုးမျိုးတွေနဲ့ ကွာခြားချက်တွေအများကြီးရှိနေခဲ့တာလေ။

အဲ့ဒီအခြေအနေတွေကို ရင်ဆိုင်ဖြတ်ကျော်ဖို့ ကျွန်မသတ္တိရှိပါတယ်။ရှင်သာ ကျွန်မရဲ့လက်ကလေးကိုခပ်တင်းတင်းဆုပ်ကိုင်ထားမယ်ဆိုရင်ပေါ့ Honey။

ကျွန်မသိပ်ချစ်ရတဲ့ Honeyရဲ့လက်ကလေးကိုဆုပ်ကိုင်ရင်း ကျွန်မတို့နှစ်ယောက်အတွက် ကိုယ်ပိုင်ကမ္ဘာတစ်ခုကိုတည်ဆောက်ဖို့ ကြိုးစားချင်စိတ်အပြည့်ရှိပါတယ်။

နှစ်ယောက်အတူ ထာဝရရှိနေကြရင်းနဲ့ ကိုယ်ပိုင်စကြာဝဠာကြီးတစ်ခုကိုဖန်တီးနိုင်တဲ့အထိ ကျွန်မကြိုးစားရဲပါတယ်။

နာကျင်မှု၊ခက်ခဲမှု၊ဝန်ထုပ်ဝန်ပိုးတွေဟာ ချစ်ရတဲ့Honeyရဲ့ပခုံးကိုမှီတွယ်ရင်း အမောဖြေလိုက်ရင် ပြေပျောက်သက်သာသွားမှာဆိုတာ ကျွန်မအပြည့်အဝယုံကြည်တယ်လေ။Honeyသာရှိမယ်ဆိုရင် အရာရာကို ကျွန်မရင်ဆိုင်နိုင်ပါတယ်။

တစ်ခုပဲ......Honeyက ကျွန်မရဲ့လက်ကိုဆုပ်ကိုင်ရင်းအနားမှာရှိနေပေးပါ။

အရာရာထက် ရှင့်ကိုပိုချစ်တယ်။

ရှင့်ကလေးလေးရဲ့ဖြစ်တည်ရာက ရှင်ဆိုတဲ့ Honeyပါပဲ။

×××××××××××××××××××××××

အင်း....အခုကျွန်မရေးမယ်လို့ပြင်ဆင်ထားတဲ့ ရှင့်အကြောင်းစာသားတွေကိုဆက်ရေးလိုက်ဦးမယ်။ပြီးမှ ကျွန်မသိပ်နှစ်သက်ရတဲ့ရှင့်ရဲ့ရင်ခွင်ကြီးထဲဝင်ပြီးတိုးတိုးလေးပြောပြမယ်နော် Honey။

AveryYintHan
(11:56 AM)

To My GirlfriendWhere stories live. Discover now