Mine

50 7 0
                                    

Mine

"ကိုယ်ပေါင်ပေါ်ထိုင်နေနော် ကလေးလေး"

ကျွန်မရဲ့ကိုယ်လေးကိုပွေ့ယူပြီးပေါင်ပေါ်ကောက်တင်လိုက်သောသူမရဲ့လက်ထဲကို ကျွန်မရဲ့ကိုယ်လေးအလိုက်သင့်ပါသွားခဲ့တယ်လေ။

"အာ.....Honey......မဖြစ်ပါဘူး"

"ဘာဖြစ်လို့လဲ ကလေးရဲ့"

သူမက သူတပ်ဆင်ထားသောမျက်မှန်လေးကို အသာပင့်တင်ရင်း ကျွန်မကိုပြန်မေးတယ်။သူမရဲ့မျက်နှာကို ခပ်ငေးငေးလေးကျွန်မကြည့်နေမိတယ်။

"ဘာကြည့်နေတာလဲ ကလေး"

"သိပ်လှလို့...."

ဟုတ်တယ်....သူမက အလုပ်လုပ်နေတဲ့အချိန်မျက်မှန်တပ်ထားလေ့ရှိတယ်။ကျွန်မသိပ်သဘောကျတာ။ဒါ‌ပေမယ့် သူမကတော့ သဘောမကျဘူး။မျက်မှန်တပ်လိုက်ရင် မလှတော့ဘူးထင်လို့တဲ့။"မဟုတ်တာ Honeyရယ်....ရှင်က မျက်မှန်နဲ့သိပ်ကြည့်ကောင်းတာပဲ"လို့ သူ့ကိုကျွန်မအမြဲပြောပြမိရတယ်။

သူ မျက်မှန်မကြိုက်ဘူးလို့ပြောတဲ့အထဲမှာ ကျွန်မကိုနမ်းရှိုက်ရတာခက်ခဲလို့ဆိုတဲ့အချက်လည်းပါသေးတယ်။"ကလေးကိုနမ်းတဲ့အချိန် ဒီမျက်မှန်ကြီးက သိပ်နှောင့်ယှက်တာပဲကွာ"တဲ့။

ငြိမ်သက်ပြီး သူမကိုငေးကြည့်နေမိတဲ့ကျွန်မရဲ့လက်မောင်းလေးကို ကိုင်လှုပ်ရင်းသူစကားထပ်ပြောလာခဲ့တယ်။

"ဟေး....ခုနကကိုယ်မေးထားတာဖြေဦးလေ"

"ရှင်က အလုပ်လုပ်မှာလေ။ကလေးက ရှုပ်နေလို့ ဘယ်ဖြစ်မလဲ။အဲ့ဒါကြောင့် ရှင့်‌ ပေါင်ပေါ်ထိုင်နေလို့မဖြစ်ဘူးလို့ပြောတာ"

"ဒီကလေးမလေးကတော့‌လေ။မင်းလေးကိုယ့်ကိုရှုပ်နေကျပဲမလား။ကိုယ့်ပေါ်မှာနေစမ်းပါ"

ကျွန်မရဲ့ကောင်မလေးက ကျွန်မကိုသိမ်းကြုံးပွေ့ဖက်ရင်း အနမ်းတစ်ချက်နှုတ်ခမ်းကိုပေးလာခဲ့တယ်။ကျွန်မရဲ့မျက်ဝန်းလေးတွေကို ခပ်ငေးငေးလေးကြည့်ရင်း သူမစကားဆိုပြန်တယ်။

"ကိုယ့်ကလေးလေး ငိုထားရတာမလား။ကိုယ့်ရင်ဘတ်ကိုမှီပြီး ခဏလောက်အိပ်လိုက်နော်။မင်းလေးကိုပေါင်ပေါ်တင်ပြီး ကိုယ်လုပ်စရာရှိတာလုပ်နေမယ်"

To My GirlfriendWhere stories live. Discover now