အပိုင်း ၂ ။ အမှိုက်ကြယ်

272 24 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၂။ အမှိုက်ကြယ်

ကောရှို့ဟာ သူ့ရှေ့က လူကြီးမကျကလေးမကျကောင်လေး၏ ဆွဲခေါ်ခြင်းကို ခံနေရပြီး သူ့ရဲ့ပျော့ခွေနေသည့်ခြေထောက်တွေနှင့် လိမ်ဖည်လိမ်ဖည်နှင့်သာ ရှေ့ဆက်လျှောက်နေရသည်။

မြေပြင်တစ်ခွင်မှာ ညစ်ပတ်ပြီး ပူစပ်ပူလောင်ဖြစ်နေသည့် လေထုကြီးနှင့် ပိတ်ဖုံးခံထားရပြီး ဘေးပတ်လည်ကို ကြည့်လိုက်မယ်ဆိုရင်တော့ဖြင့် တောင်လိုပုံနေသည့် အဆုံးမဲ့အမှိုက်ပုံကြီးကို တွေ့ရှိရမည်ဖြစ်သည်။ မည်သည့်အရာမှန်း ခွဲခြားမသိနိုင်တော့လောက်အောင် ပုပ်သိုးဆွေးမြည့်နေပြီဖြစ်သည့် စွန့်ပစ်ပစ္စည်းများစွာလည်း မြေပြင်တစ်လျှောက် ရှိနေသည်ဖြစ်ရာ လမ်းလျှောက်လိုက်ရင် တစွပ်စွပ်မြည်နေသည့်အပြင် မနှစ်မြို့ဖွယ်ရာ ပျို့အန်ချင်စရာအနံ့တစ်မျိုးကိုလည်း ရနေသေးသည်။

သူ့နားထဲမှာ အသံတစ်သံ ထပ်ပေါ်လာလေသည်။

[စည်းမျဉ်းစည်းကမ်းတွေအရ မဖြစ်မနေ လုပ်ဆောင်ဖို့အတွက် ပြုပြင်ပြောင်းလဲထားတဲ့ အပြစ်ပေးစနစ်စစ်စတမ်ထဲကို ဝင်ရောက်လာတဲ့ ရာဇဝတ်သား အမှတ်စဉ်နံပါတ် ၇၀၉၈ ကောရှို့ကို ကြိုဆိုလိုက်ပါတယ်။ စစ်ဆေးကြည့်ပြီးတဲ့အခါမှာ သင့်ရဲ့ထောင်ဒဏ်က ၁၁၅၆ နှစ်ဖြစ်နေတာကို တွေ့ရတာကြောင့် ဒီမှာတော့ မကောင်းမှုအမှတ် ၁၁၅၆ မှတ်ရှိ​နေမှာဖြစ်ပါတယ်။ ဒီမကောင်းမှုအမှတ် ၁၁၅၆ မှတ်လုံး ကုန်သွားရင်တော့ သင်ဟာ လွတ်မြောက်သွားမှာဖြစ်ပါတယ်။ နှစ်တိုင်း နှစ်တိုင်း သတ်မှတ်ထားတဲ့ပမာဏအထိ ပြစ်ဒဏ်ကမ္ဘာထဲမှာ မကောင်းမှုအမှတ်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်လို့ အပြစ်ပေးအဆင့်က ခံနိုင်ရည်အားထက် ကျော်လွန်နေတဲ့အထိ ပြင်းထန်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ပမာဏထက်ပိုပြီး မကောင်းမှုအမှတ်ကို ပိုပြီးများများလျှော့ချလို့ရနိုင်မှာဖြစ်ပြီး ဘယ်နှမှတ်လျှော့ချမလဲဆိုတာကိုတော့ ပြစ်ဒဏ်ကမ္ဘာပြီးသွားတဲ့အခါ ပြန်လည်သုံးသပ်ပေးတဲ့အဖွဲ့က သတ်မှတ်ပေးမှာပဲဖြစ်ပါတယ်]

ဆိုလိုသည်မှာ သူ့ဘဝက ပိုပြီးစုတ်ပြတ်နုံချာနေလေလေ သူ၏ပြစ်ဒဏ်ကာလက ပိုတိုလေလေ ဖြစ်သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now